• Follow Us on
Latest News

Home ရုရှားနိုင်ငံက Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ယူကရိန်းနယ်စပ်သို့ ရွှေ့ပြောင်း

ရုရှားနိုင်ငံက Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ယူကရိန်းနယ်စပ်သို့ ရွှေ့ပြောင်း

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၀ (People Media)

 

ရုရှားနိုင်ငံသည် ၎င်းတို့၏ Buk မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်တစ်ခုကို ယူက ရိန်းနယ်စပ်နှင့်မဝေးသော ဗရိုနပ်ချ်မြို့အနီးရှိ မက်စ်လော့ဗ်ကာကျေးရွာအနီးသို့ ရွှေ့ပြောင်းထားလိုက်သည်။

 

ရုရှားတပ်ဖွဲ့ဝင်များကို ယူကရိန်းနယ်စပ်အနီး ရွှေ့ပြောင်းနေသည့်ပုံများမှာလည်း လူမှုကွန်ရက်ပေါ်တွင် ပလူပျံ တွေ့နေရသည်။

 

TikTok ကဲ့သို့ ဆိုရှယ်မီဒီယာများတွင်လည်း Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အပါအဝင် ရုရှား စစ်လက်နက်ပစ္စည်းများသယ်ဆောင်ထားသည့် ရထားတွဲများသွားလာနေသည် ဗီဒီယိုဖိုင်များတင်ထားသည်ကို တေ့ွမြင်ရသည်။

 

“ဘိုင်ဒန်နဲ့ ပူတင်ကြားမှာ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေတယ်ဆိုပေမဲ့လည်း ယူကရိန်းကထိန်းချုပ်ထားတဲ့ နယ် မြေနဲ့ထိစပ်နေတဲ့နယ်စပ်အနီးမှာ ဆက်ပြီးတော့ အင်အားစုဖွဲ့နေတာ တွေ့ရပါတယ်။” ဟု လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့်ပို့စ်တွင် ရေးသားထားသည်။

 

Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် ယာဉ်တင်အမြောက်အုပ်စုဝင်ဖြစ်ပြီး ဆိုဗီယက်ပြည် ထောင်စုခေတ်ကတည်းက ထုတ်လုပ်ခဲ့ြ့ပီး ရုရှားဖက်ဒရေးရှင်းက ပြန်လည်ထုတ်လုပ်ထားသည့် တာလတ်ပစ် မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ဖြစ်သည်။

 

Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ခရုစ်ဒုံးကျည်များ၊ စမတ်ဗုံးများ၊ လေယာဉ်များနှင့် မောင်းသူ မဲ့လေယာဉ်များကို တန်ပြန်တိုက်ခိုက်ရန်အတွက် ပုံစံရေးဆွဲထုတ်လုပ်ထားခြင်းဖြစ်သည်။

 

လက်ရှိအချိန်တွင် ယူကရိန်းနယ်စပ်၌ ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၂၀,၀၀၀ ဝန်းကျင် စုဝေးရောက်ရှိနေသည်။

 

ယင်းတပ်ဖွဲ့ဝင်များအနက် ၉၈,၀၀၀ မှာ မြေပြင်တပ်ဖွဲ့များဖြစ်ြ့ပီး ၂၂,၀၀၀ မှာ လေတပ်နှင့် ရေတပ်တပ်ဖွဲ့ ဝင်များ ဖြစ်ကြောင်းသိရသည်။

 

Ref: Russia deploys Buk air defense system near Ukrainian border

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russia deploys Buk air defense system near Ukrainian border

 

#PeopleMedia


Share this post