• Follow Us on

Home ရုရှားနိုင်ငံအနောက်တောင်ပိုင်းတွင် တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

ရုရှားနိုင်ငံအနောက်တောင်ပိုင်းတွင် တိုက်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူးသေဆုံး

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၉ (People Media)

 

ရုရှား MiG-29 တိုက်လေယာဉ်တစ်စင်းသည် သြဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံအနောက်တောင်ပိုင်း အက်စ် ထရာခန်း ဒေသ၌ ပုံမှန်ပျံသန်းနေစဉ်အတွင်း ပျက်ကျသွားခဲ့သည်။

 

“သြဂုတ်လ ၁၈ ရက်နေ့က ပုံမှန်ပျံသန်းမှုအစီအစဉ်အတိုင်းပျံသန်းနေတုန်း ပျက်ကျသွားတာပါ။ အက်စ်ဟူလုခ် တောင်တန်းပေါ်က လူသူကင်းမဲ့တဲ့နေရာတစ်ခုမှာ ပျက်ကျသွားတာပါ” ရုရှားတောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏  ထုတ်ပြန်ချက်ကိုကိုးကား၍ ရုရှားအစိုးရပိုင် Sputnik သတင်းဌာနကဖော်ပြခဲ့သည်။

 

လက်နက်ခဲယမ်းတပ်ဆင်ထားခြင်းမရှိသော အဆိုပါ MiG-29 တိုက်လေယာဉ်မှ လေယာဉ်မှူးမှာ သေဆုံးသွား ခဲ့သည်။ လေယာဉ်ပျက်ကျသည့်အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ရန် အခင်းဖြစ်နေရာသို့ အဆင့်မြင့်လေ ကြောင်းတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ထားကြောင်းသိသည်။

 

Ref: Fighter jet crash kills pilot in southwestern Russia

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 

Ref: Fighter jet crash kills pilot in southwestern Russia

 

#PeopleMedia


Share this post