• Follow Us on
Latest News

Home ရုရှားနိုင်ငံအပေါ် နျူကလီးယားလက်နက်သုံးစွဲတိုက်ခိုက်သင့်ကြောင်း ပြောဆိုခဲ့သည့် အမေရိကန်အထက် လွှတ်တော်အမတ်စကားကို တာဝန်မဲ့ပြောဆိုမှုအဖြစ် ရုရှားသံရုံးက ပြင်းပြင်းထန်ထန်ဝေဖန်

ရုရှားနိုင်ငံအပေါ် နျူကလီးယားလက်နက်သုံးစွဲတိုက်ခိုက်သင့်ကြောင်း ပြောဆိုခဲ့သည့် အမေရိကန်အထက် လွှတ်တော်အမတ်စကားကို တာဝန်မဲ့ပြောဆိုမှုအဖြစ် ရုရှားသံရုံးက ပြင်းပြင်းထန်ထန်ဝေဖန်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၉ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာခဲ့ပါက အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံ အား နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်သင့်လျှင့် တိုက်ခိုက်သွားနိုင်ဖွယ်ရှိကြောင်း အမေရိကန်အထက် လွှတ်တော်အမတ် ရော်ဂျာရစ်ကာ၏ ပြောကြားချက်မှာ တာဝန်မဲ့သောပြောကြားချက်ဖြစ်ကြောင်း အမေရိကန် နိုင်ငံဆိုင်ရာရုရှားသံရုံးက ဒီဇင်ဘာလ ၉ ရက်နေ့က ပြောကြားလိုက်သည်။

 

“ဒီဇင်ဘာလ ၇ ရက်နေ့က Fox News TV channel ရဲ့အသံလွှင့်အစီအစဉ်မှာ ပြောကြားခဲ့တဲ့ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ရော်ဂျာရစ်ကာရဲ့ပြောကြားချက်ကို ကျွန်တော်တို့ အာရုံစိုက်နားထောင်ခဲ့ပါတယ်။ ယူကရိန်းအကြပ်အတည်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောကြားတဲ့နေရာမှာ အခြေအနေတွေပိုဆိုးလာခဲ့လို့ လို အပ်လာခဲ့ရင် နျူကလီးယားလက်နက်အသုံးပြုခြင်းအပါအဝင် စစ်ရေးအရ အရေးယူဆောင်ရွက်ဖို့ အမေရိကန် သမ္မတက စဉ်းစားမယ်ဆိုရင် လွှတ်တော်အမတ်အနေနဲ့ ထောက်ခံမယ်လို့ပြောခဲ့ပါတယ်” ဟု ရုရှားသံရုံး၏ လူမှုကွန်ရက်အကောင့်တွင်ရေးသားဖော်ပြခဲ့သည်။

 

ယင်းကဲ့သို့ ထုတ်ပြန်ချက်မျိုးသည် တာဝန်မဲ့သည့် ထုတ်ပြန်ချက်မျိုးဖြစ်ကြောင်း၊  နျူကလီးယားလက်နက်နှင့်  ပတ်သက်၍  ယခုကဲ့သို့ ဟာသလုပ်ပြောခြင်းမှာ  အမေရိကန်ဥပဒေပြုအဖွဲ့အစည်းနှင့် အလုပ်လုပ်နေသည့်  အ မေရိကန်နိုင်ငံရေးသမား တစ်ယောက်အတွက် မသင့်တော်သည့်လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေး သားဖော်ပြထားသည်။

 

“ဒီလွှတ်တော်အမတ်ကိုယ်စားပြုတဲ့ မစ္စစ္စပီပြည်နယ်ဟာ လော့ခ်ဟိမာတင်ကုမဏီ၊ နော့သရုပ်ဂရူးမန်းကုမဏီ၊ ရေသီယွန်ကုမဏီ၊ ဂျင်နရယ်အက်တောမစ် စတဲ့ကုမဏီတွေ အခြေစိုက်ရာ ပြည်နယ်ဖြစ်နေတာ မှတ်သား လောက်စရာပါပဲ။ မေးခွန်းထုတ်စရာလည်းဖြစ်ပါတယ်” ဟု ရုရှားသံရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

အသိအမြင်မကြွယ်ဝသူတွေအားလုံးကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၆ ရက်နေ့က ရုရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံ သမ္မတတို့၏ ပူးတွဲကြေညာချက်ကို ဖတ်ရှုကြည့်ရန် ရုရှားသံရုံးက အကြံပေးခဲ့သည်။

 

“နျူကလီးယားစစ်ပွဲမှာ အနိုင်မရှိဘူးဆိုတာရယ် နျူကလီးယားစစ်ပွဲကို တိုက်ခိုက်လို့မရဘူးဆိုတာရယ် မူဝါဒချ မှတ်ထားတဲ့ နှစ်နိုင်ငံကတိကဝတ်တွေကို ဒီပူးတွဲကြေညာချက်မှတ်တမ်းက ထပ်လောင်းအတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။” ဟု သံရုံးထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

Ref: Embassy slams US senator’s remark on use of nuclear arms against Russia as irresponsible

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: Embassy slams US senator’s remark on use of nuclear arms against Russia as irresponsible

 

#PeopleMedia


Share this post