• Follow Us on

Home ရုရှားနိုင်ငံက ပါးရိုက်ပြိုင်ပွဲ

ရုရှားနိုင်ငံက ပါးရိုက်ပြိုင်ပွဲ

Share this post

မတ် ၁၆ နဲ့ ၁၇ ရက်က ရုရှားနိုင်ငံ Krasknoyask မြို့မှာ ပါးရိုက်ပြိုင်ပွဲ ( Face Slapping Championship)ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲပာာ အငြင်းပွားမူများ ရှိနေပေမယ့် စိတ်ဝင်စားသူအများအပြားရှိပြီး ပြိုင်ပွဲယှဉ်ပြိုင်မူ Video ဖိုင်ကို Youtube မှာပြသရာကြည့်ရူတဲ့ အကြိမ်အရေအတွက် သန်းနဲ့ချီရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲကို မော်စကိုမှာကျင်းပခဲ့ပြီး အတွေ့အကြုံရှိသူတွေနဲ့ ၀ါရင့်ကစား သမားတွေ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲကိုတော့ အပျော်တမ်းတွေ ၀င်ရောက်ခွင့်ပေးခဲ့ ပါတယ်။

ပြိုင်ပွဲစည်းမျဉ်းက ရိုးရှင်းပြီး ပြိုင်ပွဲဝင်နှစ်ယောက် ပါးပြိုင်ရိုက်ရတာဖြစ်ပြီး မခံနိုင်ပါက အရူံးပေးရတာဖြစ်ပါတယ်။ သုံးချက်စီရိုက်ပြီး နှစ်ဦးစလုံးပြိုင်ပွဲဝင်နိုင်သေးပါက ရိုက်ချက်နဲ့ နည်းပညာတို့ကို ကြည့်ပြီး ဒိုင်အဖွဲ့က အရူံးအနိုင်ဆုံးဖြတ်ပေးသွားမှာဖြစ် ပါတယ်။ ကိုယ်အလေးချိန် သတ်မှတ်ထားခြင်းမရှိတာကြောင့် ၀ိတ်များသူက
အားသာချက်ဖြစ်နေပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ကိုယ်အလေးချိန် ၁၈၆ ကီလိုရှိတဲ့ ကာမော့စကီးက ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ယူပြီး ချန်ပီယံဆုရယူကာ ဆုကြေး ဒေါ်လာ ၄၇၀ ရရှိသွားခဲ့ပါတယ်။


Share this post
ရုရှားနိုင်ငံက ပါးရိုက်ပြိုင်ပွဲ

ရုရှားနိုင်ငံက ပါးရိုက်ပြိုင်ပွဲ…………………………….. မတ် ၁၆ နဲ့ ၁၇ ရက်က ရုရှားနိုင်ငံ Krasknoyask မြို့မှာ ပါးရိုက်ပြိုင်ပွဲ ( Face Slapping Championship)ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပြိုင်ပွဲပာာ အငြင်းပွားမူများ ရှိနေပေမယ့် စိတ်ဝင်စားသူအများအပြားရှိပြီး ပြိုင်ပွဲယှဉ်ပြိုင်မူ Video ဖိုင်ကို Youtube မှာပြသရာကြည့်ရူတဲ့ အကြိမ်အရေအတွက် သန်းနဲ့ချီရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပြိုင်ပွဲကို မော်စကိုမှာကျင်းပခဲ့ပြီး အတွေ့အကြုံရှိသူတွေနဲ့ ၀ါရင့်ကစား သမားတွေ ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ်ပြိုင်ပွဲကိုတော့ အပျော်တမ်းတွေ ၀င်ရောက်ခွင့်ပေးခဲ့ ပါတယ်။ ပြိုင်ပွဲစည်းမျဉ်းက ရိုးရှင်းပြီး ပြိုင်ပွဲဝင်နှစ်ယောက် ပါးပြိုင်ရိုက်ရတာဖြစ်ပြီး မခံနိုင်ပါက အရူံးပေးရတာဖြစ်ပါတယ်။ သုံးချက်စီရိုက်ပြီး နှစ်ဦးစလုံးပြိုင်ပွဲဝင်နိုင်သေးပါက ရိုက်ချက်နဲ့ နည်းပညာတို့ကို ကြည့်ပြီး ဒိုင်အဖွဲ့က အရူံးအနိုင်ဆုံးဖြတ်ပေးသွားမှာဖြစ် ပါတယ်။ ကိုယ်အလေးချိန် သတ်မှတ်ထားခြင်းမရှိတာကြောင့် ၀ိတ်များသူက အားသာချက်ဖြစ်နေပါတယ်။ ဒီနှစ်ပြိုင်ပွဲမှာ ကိုယ်အလေးချိန် ၁၈၆ ကီလိုရှိတဲ့ ကာမော့စကီးက ပြိုင်ဘက်တွေကို အလွယ်တကူ အနိုင်ယူပြီး ချန်ပီယံဆုရယူကာ ဆုကြေး ဒေါ်လာ ၄၇၀ ရရှိသွားခဲ့ပါတယ်။

Posted by လူထု မီဒီယာ on Thursday, March 21, 2019