• Follow Us on

Home ရေသ့ေတာင္ၿမိဳ႕နယ္ရွိ အသက္ ၃၇ ႏွစ္ ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးအား တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ခဲ့သည္ဆိုသည့္ သတင္းမွာ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

ရေသ့ေတာင္ၿမိဳ႕နယ္ရွိ အသက္ ၃၇ ႏွစ္ ဝန္းက်င္ အမ်ိဳးသမီးတစ္ဦးအား တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ခဲ့သည္ဆိုသည့္ သတင္းမွာ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂

 

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ မူစဲကြၽန္း၊ ဦးဂါေက်း႐ြာမွ ကေလး ၄ ေယာက္၏ မိခင္ အသက္ ၃၇ ႏွစ္ရွိ အမ်ိဳးသမီး တစ္ဦးအား ဇြန္လ ၃၀ ရက္ ည ၁၁ နာရီခန႔္တြင္ တပ္မေတာ္သား ၃ ဦးမွ အဓမၼျပဳက်င့္ခဲ့ေၾကာင္း၊ ကာယကံရွင္အမ်ိဳးသမီးမွ ထုတ္ေဖာ္ေျပာၾကားေၾကာင္း သတင္းမီဒီယာအခ်ိဳ႕မွ ယေန႔တြင္ ေဖာ္ျပေနေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

 

၎ျဖစ္စဥ္အား အေသးစိတ္စိစစ္ရာ တပ္မေတာ္စစ္ေၾကာင္းတစ္ခုသည္ ဇြန္လ ၃၀ ရက္ ညေန ၇ နာရီတြင္ အဆိုပါေက်း႐ြာသို႔ ေရာက္ရွိခဲ့ၿပီး ၈ နာရီတြင္ ႐ြာ၏ေျမာက္ဘက္သို႔ ျပန္လည္ထြက္ခြာသြားခဲ့ကာ ႐ြာေျမာက္ဘက္ မီတာ ၂၅၀ ခန႔္ရွိ သရက္ေတာ အတြင္း၌သာ အေျချပဳခဲ့ေၾကာင္း၊ ေနာက္တစ္ေန႔ နံနက္ ၆ နာရီတြင္ ႐ြာအတြင္းသို႔ ဝင္ေရာက္၍ အၾကမ္းဖက္ေသာင္းက်န္းသူ တို႔၏ သတင္းအားေမးျမန္းခဲ့ေၾကာင္း၊ ၎ေနာက္ နံနက္ ၈ နာရီတြင္ ေက်း႐ြာ၏ အေရွ႕ေျမာက္ဘက္ရွိ ေတာင္ေၾကာေပၚသို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း၊ ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္စဥ္ ႐ြာ၌ အသက္ ၄၀ ႏွင့္အထက္ က်ား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ ႏွစ္ေအာက္ က်ား ၁ ဦး၊ မ ၁ ဦး စုစုေပါင္း ၅၃ ဦး သာေတြ႕ရွိရေၾကာင္း၊ က်န္႐ြာသူ႐ြာသားမ်ားႏွင့္ အုပ္ခ်ဳပ္ေရးမႉးမွာ ဇြန္လ ၂၇ ရက္တြင္ စစ္ေတြၿမိဳ႕ဘက္သို႔ ထြက္သြားေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

 

တပ္မေတာ္စစ္ေၾကာင္းသည္ ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္စဥ္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ဆက္စပ္၍ ဝင္ ေရာက္သတင္းစုံစမ္းခဲ့ျခင္းျဖစ္ကာ ေက်း႐ြာရွိ ႐ြာသူ႐ြာသားမ်ားေရွ႕ေမွာက္တြင္ပင္ ပစၥည္းမ်ား ေပ်ာက္ရွမႈမရွိေၾကာင္း ဝန္ခံကတိ လက္မွတ္ေရးထိုးေစျခင္း၊ ဓါတ္ပုံ၊ ဗြီဒီယိုႏွင့္ အသံဖိုင္မ်ား သက္ေသအေထာက္အထားအျဖစ္ မွတ္တမ္းတင္ထားျခင္းမ်ားအား ေဆာင္႐ြက္ခဲ့ပါသည္။

 

အဆိုပါသတင္းမွာ ျပည္သူလူထု အထင္အျမင္လြဲမွားေစရန္ လုပ္ႀကံဖန္တီးၿပီး မမွန္သတင္းေဖာ္ျပခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ စတင္ေဖာ္ျပေသာသတင္းမီဒီယာမ်ားမွာ Narinjara ႏွင့္ Arakan Info Desk-AID တို႔ျဖစ္ေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ ခ်က္၌ ေဖာ္ျပထားသည္။

 

#PeopleMedia #တပ္မေတာ္

 

(unicode)

ရသေ့တောင်မြို့နယ်ရှိ အသက် ၃၇ နှစ် ဝန်းကျင် အမျိုးသမီးတစ်ဦးအား တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်
……………………………………………………………………………………….

ရန်ကုန်၊ ဇူလိုင် – ၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မူစဲကျွန်း၊ ဦးဂါကျေးရွာမှ ကလေး ၄ ယောက်၏ မိခင် အသက် ၃၇ နှစ်ရှိ အမျိုးသမီး တစ်ဦးအား ဇွန်လ ၃၀ ရက် ည ၁၁ နာရီခန့်တွင် တပ်မတော်သား ၃ ဦးမှ အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ကာယကံရှင်အမျိုးသမီးမှ ထုတ်ဖော်ပြောကြားကြောင်း သတင်းမီဒီယာအချို့မှ ယနေ့တွင် ဖော်ပြနေကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းဖြစ်စဉ်အား အသေးစိတ်စိစစ်ရာ တပ်မတော်စစ်ကြောင်းတစ်ခုသည် ဇွန်လ ၃၀ ရက် ညနေ ၇ နာရီတွင် အဆိုပါကျေးရွာသို့ ရောက်ရှိခဲ့ပြီး ၈ နာရီတွင် ရွာ၏မြောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကာ ရွာမြောက်ဘက် မီတာ ၂၅၀ ခန့်ရှိ သရက်တော အတွင်း၌သာ အခြေပြုခဲ့ကြောင်း၊ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရွာအတွင်းသို့ ဝင်ရောက်၍ အကြမ်းဖက်သောင်းကျန်းသူ တို့၏ သတင်းအားမေးမြန်းခဲ့ကြောင်း၊ ၎င်းနောက် နံနက် ၈ နာရီတွင် ကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကြောပေါ်သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း၊ ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် ရွာ၌ အသက် ၄၀ နှင့်အထက် ကျား ၁၅ ဦး၊ မ ၃၆ ဦး၊ ၁၈ နှစ်အောက် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း ၅၃ ဦး သာတွေ့ရှိရကြောင်း၊ ကျန်ရွာသူရွာသားများနှင့် အုပ်ချုပ်ရေးမှူးမှာ ဇွန်လ ၂၇ ရက်တွင် စစ်တွေမြို့ဘက်သို့ ထွက်သွားကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တပ်မတော်စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်စဉ် AA အကြမ်းဖက်သောင်းကျန်းသူများနှင့်ဆက်စပ်၍ ဝင် ရောက်သတင်းစုံစမ်းခဲ့ခြင်းဖြစ်ကာ ကျေးရွာရှိ ရွာသူရွာသားများရှေ့မှောက်တွင်ပင် ပစ္စည်းများ ပျောက်ရှမှုမရှိကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးစေခြင်း၊ ဓါတ်ပုံ၊ ဗွီဒီယိုနှင့် အသံဖိုင်များ သက်သေအထောက်အထားအဖြစ် မှတ်တမ်းတင်ထားခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါသတင်းမှာ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးပြီး မမှန်သတင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် စတင်ဖော်ပြသောသတင်းမီဒီယာများမှာ Narinjara နှင့် Arakan Info Desk-AID တို့ဖြစ်ကြောင်း တပ်မတော်သတင်းထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

#PeopleMedia #တပ်မတော်


Share this post