• Follow Us on

Home ရေသ့ေတာင္ၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AAတုိက္ပြဲမ်ားျဖစ္ပြား၊ AA မွ ထိခုိက္က်ဆုံးမႈမ်ားဟုဆုိ

ရေသ့ေတာင္ၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AAတုိက္ပြဲမ်ားျဖစ္ပြား၊ AA မွ ထိခုိက္က်ဆုံးမႈမ်ားဟုဆုိ

Share this post

စစ္ေတြ၊ ေဖေဖာ္ဝါရီ – ၆

ရခုိင္ျပည္နယ္ေျမာက္ပုိင္း ရေသ့ေတာင္ၿမိဳ႕နယ္၌ တပ္မေတာ္ႏွင့္ AA တုိက္ပြဲမ်ား ျပင္းထန္းစြာျဖစ္ပြားေနၿပီး AA မွ ထိခုိက္က်ဆုံးမႈမ်ားခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာပါတယ္။

လက္ရွိအခ်ိန္၌ တုိက္ပြဲျဖစ္ပြားသည့္ ရခုိင္ျပည္နယ္ေျမာက္ပုိင္းၿမိဳ႕နယ္မ်ားအပါအဝင္ ခ်င္းျပည္နယ္ ပလက္ဝ ၿမိဳ႕နယ္တုိ႔ကုိ ဆက္သြယ္ေရးကုမၸဏီမ်ားက အစုိးရညႊြန္ၾကားခ်က္ေၾကာင့္ အင္တာနက္လုိင္းမ်ားကုိ ပိတ္ထား ခဲ့တာလည္းျဖစ္ပါတယ္။

“တုိက္ပြဲေတြက ရေသ့ေတာင္မွာရွိေနတယ္။ ၿပီးခဲ့တဲ့ရက္က ကင္းေထာက္ဒ႐ုန္းကုိ AA က ပစ္ခ်လုိက္တယ္။ ပစ္ခ်လုိက္တဲ့ေနရာကုိ ဝုိင္းလုိက္တာ AA ဘက္က ထိခုိက္မႈရွိပါတယ္။ လက္နက္လည္းရပါတယ္။ အဲ့ဒီရြာနဲ႔ အနီးတစ္ဝုိက္က ေနရာေတြမွာလည္း သတင္းလက္ဦးမႈရရွိလုိ႔ AA အဖြဲ႕ဝင္ေတြ အက်အဆုံးရွိတယ္” ဟု လုံၿခံဳေရးအဖြဲ႕ဝင္တစ္ဦးက ဆုိပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပုိင္းေဒသမ်ား၌ တပ္မေတာ္မွ နယ္ေျမရွင္းလင္းရာတြင္ တုိက္ခုိက္ေရးဒ႐ုန္းမ်ားကုိ အသုံးျပဳခ်င္းမရွိဘဲ ကင္းေထာက္ဒ႐ုန္းမ်ားသာ အသုံးျပဳေၾကာင္း လုံၿခံဳေရးအဖြဲ႕ဝင္မ်ားကဆုိပါတယ္။

#PeopleMedia #AA #Peace

AA ထံမွ ရရွိသည့္ လက္နက္မ်ား

(Unicode)
ရသေ့တောင်မြို့နယ်၌ တပ်မတော်နှင့် AAတိုက်ပွဲများဖြစ်ပွား၊ AA မှ ထိခိုက်ကျဆုံးမှုများဟုဆို
………………………………………………………………………

စစ်တွေ၊ ဖေဖော်ဝါရီ – ၆

ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်၌ တပ်မတော်နှင့် AA တိုက်ပွဲများ ပြင်းထန်းစွာဖြစ်ပွားနေပြီး AA မှ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

လက်ရှိအချိန်၌ တိုက်ပွဲဖြစ်ပွားသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များအပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ကို ဆက်သွယ်ရေးကုမ္ပဏီများက အစိုးရညွှွန်ကြားချက်ကြောင့် အင်တာနက်လိုင်းများကို ပိတ်ထား ခဲ့တာလည်းဖြစ်ပါတယ်။

“တိုက်ပွဲတွေက ရသေ့တောင်မှာရှိနေတယ်။ ပြီးခဲ့တဲ့ရက်က ကင်းထောက်ဒရုန်းကို AA က ပစ်ချလိုက်တယ်။ ပစ်ချလိုက်တဲ့နေရာကို ဝိုင်းလိုက်တာ AA ဘက်က ထိခိုက်မှုရှိပါတယ်။ လက်နက်လည်းရပါတယ်။ အဲ့ဒီရွာနဲ့ အနီးတစ်ဝိုက်က နေရာတွေမှာလည်း သတင်းလက်ဦးမှုရရှိလို့ AA အဖွဲ့ဝင်တွေ အကျအဆုံးရှိတယ်” ဟု လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်မှ နယ်မြေရှင်းလင်းရာတွင် တိုက်ခိုက်ရေးဒရုန်းများကို အသုံးပြုချင်းမရှိဘဲ ကင်းထောက်ဒရုန်းများသာ အသုံးပြုကြောင်း လုံခြုံရေးအဖွဲ့ဝင်များကဆိုပါတယ်။

#PeopleMedia #AA #Peace

AA ထံမှ ရရှိသည့် လက်နက်များ


Share this post