• Follow Us on

Home ရေသ့ေတာင္ၿမိဳ႕နယ္၌ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ႏွင့္ AA တုိက္ပြဲျဖစ္ပြားရာ နယ္ျခားေစာင့္တပ္ဖြဲ႕မွ ၃ ဦး က်ဆုံး၊ ၄ ဦး ဒဏ္ရာရ

ရေသ့ေတာင္ၿမိဳ႕နယ္၌ နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ႏွင့္ AA တုိက္ပြဲျဖစ္ပြားရာ နယ္ျခားေစာင့္တပ္ဖြဲ႕မွ ၃ ဦး က်ဆုံး၊ ၄ ဦး ဒဏ္ရာရ

Share this post

ရန္ကုန္၊ ဇြန္ – ၂၃

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း တရားဥပေဒစိုးမိုးေရးႏွင့္ နယ္ေျမ တည္ၿငိမ္ေအးခ်မ္းေရး ေဆာင္ ႐ြက္လ်က္ရွိေသာ ျမန္မာနိုင္ငံနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္မ်ားကို ဇြန္(၂၂) ရက္ ညေနပုိင္းအခ်ိန္၌ AA အဖြဲ႕မွ ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့သည္။

ျဖစ္စဥ္မွာ ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ဒုံးပိုက္ေက်း႐ြာအနီး ေမာင္ေတာ- အငူေမာ္ကားလမ္း၌ AA အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕မ်ားေရာက္ရွိေနၿပီး အမ်ားျပည္သူအသုံးျပဳလ်က္ရွိသည့္ ဆက္သြယ္ေရးလမ္း ေၾကာင္းမ်ားကို မိုင္းေထာင္၊ မိုင္းဆြဲတိုက္ခိုက္မႈမ်ားေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သတင္းရရွိသျဖင့္ တရားဥပေဒ စိုးမိုးေရးႏွင့္ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ရန္အတြက္ နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ယေန႔ ညေနပိုင္းတြင္ အင္းဒင္ရဲကင္းစခန္းမွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ထြက္ခြာလာခဲ့သည္။

ထုိေနာက္ ညေန ၅ နာရီ ၂၀ မိနစ္ခန႔္တြင္ ကိုးတန္ေကာက္ေက်း႐ြာအနီး အေရာက္၌ AA အဖြဲ႕ဝင္မ်ားက ေခ်ာင္းေျမာင္းတိုက္ခိုက္ခဲ့ သျဖင့္ အျပန္အလွန္ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး နယ္ျခားေစာင့္ရဲတပ္ဖြဲ႕ဝင္ ၃ ဦး က်ဆုံး ခဲ့ကာ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာရရွိခဲ့သည္။

အလားတူ တပ္ဖြဲ႕ဝင္မ်ား ေမာ္ေတာ္ယာဥ္ လိုက္ပါေမာင္ႏွင္း ပို႔ေဆာင္သည့္ အရပ္သား ယာဥ္ေမာင္း ၁ ဦး ေသဆုံးခဲ့ၿပီး ယာဥ္ေနာက္လိုက္ ၁ ဦး ဒဏ္ရာရရွိခဲ့သည္။ အဆုိပါျဖစ္စဥ္ ျဖစ္ေပၚၿပီးေနာက္ တပ္မေတာ္ စစ္ ေၾကာင္းမ်ားက အခ်ိန္မွီသြားေရာက္စစ္ဆင္ေရးေဆာင္ရြက္ခဲ့ၿပီး တပ္မေတာ္မွ နယ္ေျမရွင္းလင္းေရး ဆက္လက္ ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia #ရေသ့ေတာင္ #နယ္ျခားေစာင့္တပ္ #AA

#PeopleMedia

(unicode)
ရသေ့တောင်မြို့နယ်၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် AA တိုက်ပွဲဖြစ်ပွား ရာ နယ်ခြားစောင့်တပ်ဖွဲ့မှ ၃ ဦး ကျဆုံး၊ ၄ ဦး ဒဏ်ရာရ
…………………………………………………………

ရန်ကုန်၊ ဇွန် – ၂၃

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေး ဆောင် ရွက်လျက်ရှိသော မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ဇွန်(၂၂) ရက် ညနေပိုင်းအချိန်၌ AA အဖွဲ့မှ ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာအနီး မောင်တော- အငူမော်ကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရောက်ရှိနေပြီး အများပြည်သူအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်း ကြောင်းများကို မိုင်းထောင်၊ မိုင်းဆွဲတိုက်ခိုက်မှုများဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန်အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ယနေ့ ညနေပိုင်းတွင် အင်းဒင်ရဲကင်းစခန်းမှ မော်တော်ယာဉ်များဖြင့် ထွက်ခွာလာခဲ့သည်။

ထိုနောက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ကိုးတန်ကောက်ကျေးရွာအနီး အရောက်၌ AA အဖွဲ့ဝင်များက ချောင်းမြောင်းတိုက်ခိုက်ခဲ့ သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံး ခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူ တပ်ဖွဲ့ဝင်များ မော်တော်ယာဉ် လိုက်ပါမောင်နှင်း ပို့ဆောင်သည့် အရပ်သား ယာဉ်မောင်း ၁ ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် တပ်မတော် စစ် ကြောင်းများက အချိန်မှီသွားရောက်စစ်ဆင်ရေးဆောင်ရွက်ခဲ့ပြီး တပ်မတော်မှ နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #ရသေ့တောင် #နယ်ခြားစောင့်တပ် #AA

#PeopleMedia


Share this post