• Follow Us on

Home ရေသ့ေတာင္ၿမိဳ႕နယ္၌ AA စခန္းကုန္းေနရာကုိ တပ္မေတာ္က သိမ္းပုိက္ၿပီး ရက္ပုိင္းအတြင္း၌ AA အဖြဲ႕မွ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တုိက္ခုိက္၊ AA အဖြဲ႕က အဆုိပါ စခန္းကုန္းရရွိေၾကာင္း ထုတ္ျပန္၊ AA ထုတ္ျပန္ခ်က္သည္ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္ျငင္းဆုိ

ရေသ့ေတာင္ၿမိဳ႕နယ္၌ AA စခန္းကုန္းေနရာကုိ တပ္မေတာ္က သိမ္းပုိက္ၿပီး ရက္ပုိင္းအတြင္း၌ AA အဖြဲ႕မွ အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တုိက္ခုိက္၊ AA အဖြဲ႕က အဆုိပါ စခန္းကုန္းရရွိေၾကာင္း ထုတ္ျပန္၊ AA ထုတ္ျပန္ခ်က္သည္ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္ျငင္းဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၆

 

ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်းရြာႏွင့္ ထီးစြဲေက်းရြာအနီးရွိ AA စခန္းကုန္းကုိ တပ္ မေတာ္က ရက္ပုိင္းအတြင္း သိမ္းပုိက္ျပီးေနာက္ AA အဖြဲ႕က အဆုိပါ စခန္းကုန္းကုိ ျပန္လည္ရရွိခဲ့ေၾကာင္း AA အဖြဲ႕က ထုတ္ျပန္ထားသည္။

 

အဆုိပါ ထုတ္ျပန္ခ်က္သည္ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္က အတည္ျပဳသည္။

 

ျဖစ္စဥ္မွာ ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်းရြာႏွင့္ ထီးစြဲေက်းရြာအနီးရွိ AA စခန္း ကုန္းကုိ တပ္မေတာ္က ေအာက္တုိဘာ(၄)ရက္ေန႔၌ သိမ္းပုိက္ရရွိေၾကာင္း တပ္မေတာ္က သတင္း ထုတ္ျပန္ခဲ့သည္။

 

ထုိေနာက္ AA အဖြဲ႕သည္ ၎တုိ႔ လက္လႊတ္ခဲ့ရသည့္ စခန္းကုန္ျပန္လည္ရရွိေရးအတြက္ ေအာက္တုိဘာ (၄)ရက္ေန႔၌ ညေန (၅း၃၀) အခ်ိန္၌ အင္အား (၄၀၀ မွ ၅၀၀)အထိ အသုံးျပဳ၍ စခန္းကုန္ ျပန္လည္ရရွိေရး ထုိးစစ္ဆင္ တုိက္ခုိက္ခဲ့သည္။

 

ထုိကဲ့သုိ႔ AA အဖြဲ႕၏ အလုံးအရင္းထုိးစစ္ေၾကာင့္ တပ္မေတာ္မွ အရာရွိစစ္သည္အခ်ဳိ႕ထိခုိက္က်ဆုံးမႈရွိခဲ့ၿပီး လက္နက္အခ်ဳိ႕ ဆုံး႐ႈံးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းက People Media ကုိ အတည္ျပဳေျပာၾကားသည္။

 

AA အဖြဲ႕သည္ ေအာက္တုိဘာ(၅)ရက္ေန႔၌ ၎တုိ႔ စြန္႔လႊတ္လုိက္ရသည့္စခန္းကုိ ျပန္လည္သိမ္းပုိက္ႏုိင္ခဲ့ၿပီး တပ္မေတာ္မွ လက္နက္ခဲယမ္းမ်ားရရွိခဲ့ေၾကာင္း ဓါတ္ပုံမ်ားႏွင့္တကြ သတင္းထုတ္ျပန္ခဲ့သည္။

 

AA အဖြဲ႕၏ သတင္းထုတ္ျပန္ခ်က္သည္ မွန္ကန္မႈမရွိေၾကာင္း တပ္မေတာ္က အတည္ျပဳသည္။

 

လက္ရွိအခ်ိန္၌ ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေအာင္သာစည္ေက်းရြာႏွင့္ ထီးစြဲေက်းရြာအနီး၌ တပ္ မေတာ္ႏွင့္ AA အဖြဲ႕တုိ႔သည္ တုိက္ပြဲမ်ားျဖစ္ပြားလ်က္ရွိေၾကာင္း ေဒသခံအခ်ဳိ႕က အတည္ျပဳေျပာဆုိသည္။

 

#PeopleMedia #ရေသ့ေတာင္ၿမိဳ႕ #AA #တပ္မေတာ္

 

(Unicode)

ရသေ့တောင်မြို့နယ်၌ AA စခန်းကုန်းနေရာကို တပ်မတော်က သိမ်းပိုက်ပြီး ရက်ပိုင်းအတွင်း၌ AA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ AA အဖွဲ့က အဆိုပါ စခန်းကုန်းရရှိကြောင်း ထုတ်ပြန်၊ AA ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း တပ်မတော်ငြင်းဆို
………………………………………………………………..

ရန်ကုန်၊ အောက်တိုဘာ – ၆

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာနှင့် ထီးစွဲကျေးရွာအနီးရှိ AA စခန်းကုန်းကို တပ် မတော်က ရက်ပိုင်းအတွင်း သိမ်းပိုက်ပြီးနောက် AA အဖွဲ့က အဆိုပါ စခန်းကုန်းကို ပြန်လည်ရရှိခဲ့ကြောင်း AA အဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း တပ်မတော်က အတည်ပြုသည်။

ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာနှင့် ထီးစွဲကျေးရွာအနီးရှိ AA စခန်း ကုန်းကို တပ်မတော်က အောက်တိုဘာ(၄)ရက်နေ့၌ သိမ်းပိုက်ရရှိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။

ထိုနောက် AA အဖွဲ့သည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် စခန်းကုန်ပြန်လည်ရရှိရေးအတွက် အောက်တိုဘာ (၄)ရက်နေ့၌ ညနေ (၅း၃၀) အချိန်၌ အင်အား (၄၀၀ မှ ၅၀၀)အထိ အသုံးပြု၍ စခန်းကုန် ပြန်လည်ရရှိရေး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ AA အဖွဲ့၏ အလုံးအရင်းထိုးစစ်ကြောင့် တပ်မတော်မှ အရာရှိစစ်သည်အချို့ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက People Media ကို အတည်ပြုပြောကြားသည်။

AA အဖွဲ့သည် အောက်တိုဘာ(၅)ရက်နေ့၌ ၎င်းတို့ စွန့်လွှတ်လိုက်ရသည့်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး တပ်မတော်မှ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း ဓါတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်သည် မှန်ကန်မှုမရှိကြောင်း တပ်မတော်က အတည်ပြုသည်။

လက်ရှိအချိန်၌ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ အောင်သာစည်ကျေးရွာနှင့် ထီးစွဲကျေးရွာအနီး၌ တပ် မတော်နှင့် AA အဖွဲ့တို့သည် တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

#PeopleMedia #ရသေ့တောင်မြို့ #AA #တပ်မတော်


Share this post