• Follow Us on

Home ရဲစခန္းမ်ားကိုလူအုပ္စုျဖင့္တိုက္ခိုက္ခံရၿပီးေနာက္ အကာအကြယ္လိုအပ္ေၾကာင္း ျပင္သစ္ရဲမ်ားဆႏၵထုတ္ေဖာ္

ရဲစခန္းမ်ားကိုလူအုပ္စုျဖင့္တိုက္ခိုက္ခံရၿပီးေနာက္ အကာအကြယ္လိုအပ္ေၾကာင္း ျပင္သစ္ရဲမ်ားဆႏၵထုတ္ေဖာ္

Share this post

ပဲရစ္၊ ေအာက္တိုဘာ ၁၃

လက္နက္ကိုင္လူအုပ္စုက ရဲမ်ားကိုၿခံဳခိုတိုက္ခိုက္ခဲ့ၿပီးေနာက္ ပဲရစ္ၿမိဳ႕တခြင္မွရဲမ်ားက စခန္းအျပင္ဘက္တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။

ျပင္သစ္အစိုးရႏွင့္ရဲတပ္ဖြဲ႔တို႔ၾကား ၾကာ႐ွည္တင္းမာမႈမ်ား႐ွိေနခ်ိန္တြင္ ယခုဆႏၵျပမႈမ်ားျဖစ္လာသည္။

“ရဲမ်ား တိုက္ခိုက္ခံေနရသည္။ ႏိုင္ငံသားမ်ားတြင္ အႏၱရာယ္႐ွိေနသည္။”ဟူသည့္ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ၿပီး ပဲရစ္ရဲဌာနခ်ဳပ္ေ႐ွ႕တြင္ အရာ႐ွိမ်ားက တနလၤာေန႔တြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။ မၾကာေသးမီက တိုက္ခိုက္ခံ ခဲ့ရသည့္ ခ်မ္ပစ္ဂ္နီဆာမာေနးရဲစခန္းတြင္ ရဲမ်ားက ေသနတ္ပစ္ေလ့က်င္ရာတြင္သံုးသည့္ အ႐ုပ္မ်ားတြင္ “သင္တို႔လံုၿခံဳေရးတြင္ တန္ဖိုးတရပ္႐ွိသည္။ အကာကြယ္ႏွင့္အသိအမွတ္ျပဳမႈရလိုသည္”ဟု စာတမ္းမ်ားခ်ိတ္ဆြဲ ထားသည္။

ၿပီးခဲ့သည့္စေနေန႔တြင္ လူအေယာက္ ၄၀ ခန္႔ပါ၀င္သည့္အုပ္စုက ရဲစခန္းကို၀င္ေရာက္ၿပီး ရန္ျပဳရန္ႀကိဳးစားရာ အေစာင့္တာ၀န္က်သည့္တပ္ဖြဲ႔၀င္ ၂ ေယာက္က စခန္းတြင္းထြက္ေျပးသတိေပးခဲ့သျဖင့္ စခန္းတံခါးပိတ္ခဲ့ရာ ထိခိုက္ဒဏ္ရာရသူမ႐ွိခဲ့ေသာ္လည္း ၀င္းတံခါးႏွင့္ရဲကား ၅ စီးပ်က္စီးခဲ့သည္။

စကူတာဆိုင္ကယ္စီးသူတေယာက္ကို ရဲသားတေယာက္ကစစ္ေဆးခဲ့သျဖင့္ လက္တံု႔ျပန္သည့္တိုက္ခိုက္မႈဟု ၿမိဳ႕၀န္ကိုကိုးကားၿပီး ျပင္သစ္မီဒီယာမ်ားကေဖာ္ျပသည္။

ယခုႏွစ္အေစာပိုင္းက လူမ်ိဳးေရးခြဲျခားသည့္ရဲလုပ္ငန္းမ်ားႏွင့္ ရဲမ်ားရက္စက္စြာေျဖ႐ွင္းမႈတို႔႐ွိသည္ဟု စြပ္စြဲ မႈမ်ား႐ွိၿပီးေနာက္ တရားဥပေဒစိုးမိုးေရးအရာ႐ွိမ်ားကို ခ်နင္းသည္ဟုစြပ္စြဲခံေနသည့္ျပင္သစ္သမၼတ အီမန္ႏ်ဴရယ္ မက္ခ႐ြန္အစိုရႏွင့္ ရဲတပ္ဖြဲ႔တို႔ၾကားတင္းမာမႈမ်ား႐ွိေနခ်ိန္တြင္ ယခုဆႏၵျပမႈမ်ားျဖစ္လာသည္။

အဂၤါေန႔တြင္ ျပင္သစ္ျပည္ထဲေရး၀န္ႀကီး ဂ်ာရတ္ ဒါမာနင္က ရဲသားမ်ားသမဂၢမ်ားႏွင့္ေတြ႔ဆံုၿပီး ေဆြးေႏြးရန္႐ွိ သည့္အျပင္ ျပင္သစ္သမၼတကလည္း ယခုသီတင္းပတ္ေနာက္ပိုင္းတြင္ ေတြ႔ဆံုမည္ဟု ေမွ်ာ္လင့္ရသည္။

Ref : ‘We want protection’: French cops stage protest after violent mob attacks police station in Paris suburb

#PeopleMedia

(unicode)
ရဲစခန်းများကိုလူအုပ်စုဖြင့်တိုက်ခိုက်ခံရပြီးနောက် အကာအကွယ်လိုအပ်ကြောင်း ပြင်သစ်ရဲများဆန္ဒထုတ်ဖော်
…………………………………………………

ပဲရစ်၊ အောက်တိုဘာ ၁၃

လက်နက်ကိုင်လူအုပ်စုက ရဲများကိုခြုံခိုတိုက်ခိုက်ခဲ့ပြီးနောက် ပဲရစ်မြို့တခွင်မှရဲများက စခန်းအပြင်ဘက်တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ပြင်သစ်အစိုးရနှင့်ရဲတပ်ဖွဲ့တို့ကြား ကြာရှည်တင်းမာမှုများရှိနေချိန်တွင် ယခုဆန္ဒပြမှုများဖြစ်လာသည်။

“ရဲများ တိုက်ခိုက်ခံနေရသည်။ နိုင်ငံသားများတွင် အန္တရာယ်ရှိနေသည်။”ဟူသည့်ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ပဲရစ်ရဲဌာနချုပ်ရှေ့တွင် အရာရှိများက တနင်္လာနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကြာသေးမီက တိုက်ခိုက်ခံ ခဲ့ရသည့် ချမ်ပစ်ဂ်နီဆာမာနေးရဲစခန်းတွင် ရဲများက သေနတ်ပစ်လေ့ကျင်ရာတွင်သုံးသည့် အရုပ်များတွင် “သင်တို့လုံခြုံရေးတွင် တန်ဖိုးတရပ်ရှိသည်။ အကာကွယ်နှင့်အသိအမှတ်ပြုမှုရလိုသည်”ဟု စာတမ်းများချိတ်ဆွဲ ထားသည်။

ပြီးခဲ့သည့်စနေနေ့တွင် လူအယောက် ၄၀ ခန့်ပါဝင်သည့်အုပ်စုက ရဲစခန်းကိုဝင်ရောက်ပြီး ရန်ပြုရန်ကြိုးစားရာ အစောင့်တာဝန်ကျသည့်တပ်ဖွဲ့ဝင် ၂ ယောက်က စခန်းတွင်းထွက်ပြေးသတိပေးခဲ့သဖြင့် စခန်းတံခါးပိတ်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူမရှိခဲ့သော်လည်း ဝင်းတံခါးနှင့်ရဲကား ၅ စီးပျက်စီးခဲ့သည်။

စကူတာဆိုင်ကယ်စီးသူတယောက်ကို ရဲသားတယောက်ကစစ်ဆေးခဲ့သဖြင့် လက်တုံ့ပြန်သည့်တိုက်ခိုက်မှုဟု မြို့ဝန်ကိုကိုးကားပြီး ပြင်သစ်မီဒီယာများကဖော်ပြသည်။

ယခုနှစ်အစောပိုင်းက လူမျိုးရေးခွဲခြားသည့်ရဲလုပ်ငန်းများနှင့် ရဲများရက်စက်စွာဖြေရှင်းမှုတို့ရှိသည်ဟု စွပ်စွဲ မှုများရှိပြီးနောက် တရားဥပဒေစိုးမိုးရေးအရာရှိများကို ချနင်းသည်ဟုစွပ်စွဲခံနေသည့်ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်အစိုရနှင့် ရဲတပ်ဖွဲ့တို့ကြားတင်းမာမှုများရှိနေချိန်တွင် ယခုဆန္ဒပြမှုများဖြစ်လာသည်။

အင်္ဂါနေ့တွင် ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဂျာရတ် ဒါမာနင်က ရဲသားများသမဂ္ဂများနှင့်တွေ့ဆုံပြီး ဆွေးနွေးရန်ရှိ သည့်အပြင် ပြင်သစ်သမ္မတကလည်း ယခုသီတင်းပတ်နောက်ပိုင်းတွင် တွေ့ဆုံမည်ဟု မျှော်လင့်ရသည်။

Ref : ‘We want protection’: French cops stage protest after violent mob attacks police station in Paris suburb

#PeopleMedia


Share this post