• Follow Us on

Home ရဲဇာနည္ Page မွ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲျပဳလုပ္မႈကို Live ထုတ္လႊင့္စဥ္ ျပည္သူမ်ားက “ဟဟ” ၇၀၀၀ေက်ာ္ခန့္ေပး

ရဲဇာနည္ Page မွ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲျပဳလုပ္မႈကို Live ထုတ္လႊင့္စဥ္ ျပည္သူမ်ားက “ဟဟ” ၇၀၀၀ေက်ာ္ခန့္ေပး

Share this post

ရန္ကုန္၊ ဒီဇင္ဘာ – ၂၀

ဗစ္တိုးရီးယား အမႈႏွင့္ ပတ္သက္ၿပီး ရဲဇာနည္ Page မွ ရဲတပ္ဖြဲ႕ သတင္းစာရွင္းလင္းပြဲျပဳလုပ္မႈကို Live ထုတ္လႊင့္စဥ္ ျပည္သူမ်ားက “ဟဟ” ၇၀၀၀ေက်ာ္ခန့္ေပးခဲ့ၾကသည္။

အဆိုပါ သတင္းစာရွင္းလင္းပြဲ၌ ရဲတပ္ဖြဲ႕၏ အဆင့္ျမင့္တာဝန္ယူထားသည့္ ရဲမႉးခ်ဳပ္စိုးနိုင္ဦးႏွင့္ရဲမႉးႀကီးသာထြန္းတို႔သည္ ဗစ္တိုးရီးယား၏ အမည္ႏွင့္ ကေလးငယ္၏ မိဘ အမည္တို႔ကို ထုတ္ေဖာ္ေျပာဆိုခဲ့သည္။

အလားတူထပ္မံၿပီး ရဲတပ္ဖြဲ႕ပိုင္ ရဲဇာနည္ Page မွ ထပ္မံၿပီး ဗစ္တိုးရီးယား အမႈျဖစ္စဥ္ႏွင့္ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ားကို ထပ္မံတင္ျပခဲ့သည္။အဆိုတာ ထုတ္ျပန္သည့္ စာ၌ ဗီတိုးရီးယား မိသားစု၏ ေနရပ္ အပါအဝင္ အမႈ၌ ပါဝင္သည့္ အခ်က္အလက္တို႔ ပါဝင္ခဲ့သည္

ရဲတပ္ဖြဲ႕၏ လုပ္ရပ္အေပၚ ျပည္သူမ်ားႏွင့္ဥပေဒပညာရွင္မ်ားက ျပင္းထန္စြာ ေဝဖန္ခဲ့ၾကၿပီး စာေရးဆရာထင္လင္းဦးမွ ဥပေဒႏွင့္အညီလုပ္ေဆာင္ျခင္းမရွိသည့္ ရဲတပ္ဖြဲ႕၏ ေဆာင္႐ြက္ခ်က္ကို ဥပေဒပညာရွင္မ်ားႏွင့္တိုင္ပင္ၿပီး တရားစြဲဆိုမည္ျဖစ္သည္။

#PeopleMedia #MyanmarPoliceForce

[Unicode]
ရဲဇာနည် Page မှ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲပြု့လုပ်မှုကို Live ထုတ်လွှင့်စဉ် ပြည်သူများက “ဟဟ” ၇၀၀၀ကျော်ခန့်ပေး
………………………………………………………………………….

ရန်ကုန်၊ဒီဇင်ဘာ-၂၀

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲဇာနည် Page မှ ရဲတပ်ဖွဲ့ သတင်းစာရှင်းလင်းပွဲပြု့လုပ်မှုကို Live ထုတ်လွှင့်စဉ် ပြည်သူများက “ဟဟ” ၇၀၀၀ကျော်ခန့်ပေးခဲ့ကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ဖွဲ့၏ အဆင့်မြင့်တာဝန်ယူထားသည့် ရဲမှူးချုပ်စိုးနိုင်ဦးနှင့်ရဲမှူးကြီးသာထွန်းတို့သည် ဗစ်တိုးရီးယား၏ အမည်နှင့် ကလေးငယ်၏ မိဘ အမည်တို့ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

အလားတူထပ်မံပြီး ရဲတပ်ဖွဲ့ပိုင် ရဲဇာနည် Page မှ ထပ်မံပြီး ဗစ်တိုးရီးယား အမှုဖြစ်စဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ထပ်မံတင်ပြခဲ့သည်။အဆိုတာ ထုတ်ပြန်သည့် စာ၌ ဗီတိုးရီးယား မိသားစု၏ နေရပ် အပါအဝင် အမှု၌ ပါဝင်သည့် အချက်အလက်တို့ ပါဝင်ခဲ့သည်

ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် ပြည်သူများနှင့်ဥပဒေပညာရှင်များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြပြီး စာရေးဆရာထင်လင်းဦးမှ ဥပဒေနှင့်အညီလုပ်ဆောင်ခြင်းမရှိသည့် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်ကို ဥပဒေပညာရှင်များနှင့်တိုင်ပင်ပြီး တရားစွဲဆိုမည်ဖြစ်သည်။

#PeopleMedia #MyanmarPoliceForce


Share this post