• Follow Us on

Home ရဲတပ္ဖဲြ႕၀င္မ်ားကိုယ္တိုင္ တရားဥပေဒကဘာလည္းဆိုတာမသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ရဲတပ္ဖဲြ႕၀င္မ်ားကိုယ္တိုင္ တရားဥပေဒကဘာလည္းဆိုတာမသိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာ

Share this post

ရန္ကုန္၊ ေဖေဖာ္၀ါရီ ၂၅

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕ရွိ ျမစႏီၵပန္းၿခံမွာက်င္းပျပဳလုပ္သည့္ လူထုေတြဆံုပဲြတြင္ ရဲတပ္ဖဲြ႕၀င္မ်ားကိုယ္တိုင္ တရားဥပေဒကဘာလည္းဆိုတာမသိေၾကာင္း နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္သည္။

အဆိုပါလူထုေတြ႕ဆံုပြဲကို ယေန႔နံနက္ပိုင္းက ျပဳလုပ္ခဲ့တာျဖစ္ၿပီး ျမ၀တီၿမိဳ႕ခံတစ္ဦး၏ ျမ၀တီၿမိဳ႕နယ္အတြင္း ျဖစ္ပြားေနသည့္ တရားဥပေဒစိုးမိုးေရး၊ မူးယစ္ေဆးဝါးျပႆနာမ်ားအေရးႏွင့္ပတ္သက္ၿပီး ေမးျမန္းမႈကို ႏိုင္ငံ ေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္က ျပန္လည္ေျဖၾကားရာမွာ ထည့္သြင္းေျပာၾကားခဲ့ျခင္းလည္း ျဖစ္သည္။

“ရဲေတြဆိုတာဘာအတြက္လည္းဆိုတာကို ရဲေတြကိုယ္တိုင္ကလည္း တစ္ခါတစ္ေလ ဂဂနနမသိဘူး၊ ျပည္သူ ကလည္းမသိဘူး၊ ဥပေဒကလည္း ဒီတိုင္းပဲဥပေဒဆိုတာ ဘာအတြက္လည္းဆိုတာကို ျပည္သူကလည္း ေသခ်ာ မသိဘူး”ဟု နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာသည္။

နိုင္ငံေတာ္လံုၿခံဳေရးအတြက္ တရားဥပေဒစိုးမိုးေရးအတြက္ နို္င္ငံေတာ္ဘက္က အင္အားလံုေလာက္မႈမရွိေသး ေၾကာင္းႏွင့္ လံုၿခံဳေရးအတြက္ ရဲတပ္ဖဲြ႕၀င္မ်ား၏ စိတ္ပိုင္းဆိုင္ရာျပင္ဆင္သင့္ေၾကာင္း ႏုိင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ေျပာသည္။

“က်ြန္မတို႔ရဲ႕ရည္ရြယ္ခ်က္ဘာလည္းဆိုေတာ့ တကယ္ထိေရာက္တဲ႔ရဲတပ္ဖဲြ႕ တကယ္တာ၀န္ေက်တဲ့ ရဲတပ္ဖဲြ႕ တကယ္ျပည္သူကေန တန္ဖိုးထားတဲ့ ရဲတပ္ဖဲြ႕ ရဲဆိုတာျမင္ယံုနဲ႔ ကေလးေလးကအစလူႀကီးအထိ ဒါငါတို႔ အားကိုးရတဲ႔လူ” ဟု ႏိုင္ငံေတာ္အတိုင္ပင္ခံကေျပာသည္။

ထို႔အျပင္ ရဲတပ္ဖဲြ႕အေနျဖင့္ ျပည္သူအမ်ားေလးစားတန္ဖိုးထားေအာင္ေနသင္႔ေၾကာင္းႏွင့္ ျပည္သူလူထုအေန ႏွင့္လည္း ရဲ တပ္ဖဲြ႕အားကိုးစရာဆိုသည့္စိတ္ဓာတ္ျဖစ္လာရန္ ဖန္တီးရမည္ဟု နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ေျပာၾကားသြားခဲ့သည္။

Photo – NLD ျပန္ၾကားေရးျမ၀တီ

#PeopleMedia

(Unicode)
ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် တရားဥပဒေကဘာလည်းဆိုတာမသိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော ………………………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မြစန္ဒီပန်းခြံမှာကျင်းပပြုလုပ်သည့် လူထုတွေဆုံပွဲတွင် ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် တရားဥပဒေကဘာလည်းဆိုတာမသိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

အဆိုပါလူထုတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပြီး မြဝတီမြို့ခံတစ်ဦး၏ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးပြဿနာများအရေးနှင့်ပတ်သက်ပြီး မေးမြန်းမှုကို နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာမှာ ထည့်သွင်းပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

“ရဲတွေဆိုတာဘာအတွက်လည်းဆိုတာကို ရဲတွေကိုယ်တိုင်ကလည်း တစ်ခါတစ်လေ ဂဂနနမသိဘူး၊ ပြည်သူ ကလည်းမသိဘူး၊ ဥပဒေကလည်း ဒီတိုင်းပဲဥပဒေဆိုတာ ဘာအတွက်လည်းဆိုတာကို ပြည်သူကလည်း သေချာ မသိဘူး”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

နိုင်ငံတော်လုံခြုံရေးအတွက် တရားဥပဒေစိုးမိုးရေးအတွက် နို်င်ငံတော်ဘက်က အင်အားလုံလောက်မှုမရှိသေး ကြောင်းနှင့် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များ၏ စိတ်ပိုင်းဆိုင်ရာပြင်ဆင်သင့်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောသည်။

“ကျွန်မတို့ရဲ့ရည်ရွယ်ချက်ဘာလည်းဆိုတော့ တကယ်ထိရောက်တဲ့ရဲတပ်ဖွဲ့ တကယ်တာဝန်ကျေတဲ့ ရဲတပ်ဖွဲ့ တကယ်ပြည်သူကနေ တန်ဖိုးထားတဲ့ ရဲတပ်ဖွဲ့ ရဲဆိုတာမြင်ယုံနဲ့ ကလေးလေးကအစလူကြီးအထိ ဒါငါတို့ အားကိုးရတဲ့လူ” ဟု နိုင်ငံတော်အတိုင်ပင်ခံကပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူအများလေးစားတန်ဖိုးထားအောင်နေသင့်ကြောင်းနှင့် ပြည်သူလူထုအနေ နှင့်လည်း ရဲ တပ်ဖွဲ့အားကိုးစရာဆိုသည့်စိတ်ဓာတ်ဖြစ်လာရန် ဖန်တီးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသွားခဲ့သည်။

Photo – NLD ပြန်ကြားရေးမြဝတီ

#PeopleMedia


Share this post