• Follow Us on
Latest News

Home ရဲရာထူးခန္႔ခ်ဳပ္အား ရဲတရား႐ုံးစစ္ေဆးခ်က္အရ ျပစ္မႈေပၚေပါက္၍ ျပစ္ဒဏ္ခ်မွတ္ကာ ရမည္းသင္းအက်ဥ္း ေထာင္ပို႔လိုက္ၿပီ

ရဲရာထူးခန္႔ခ်ဳပ္အား ရဲတရား႐ုံးစစ္ေဆးခ်က္အရ ျပစ္မႈေပၚေပါက္၍ ျပစ္ဒဏ္ခ်မွတ္ကာ ရမည္းသင္းအက်ဥ္း ေထာင္ပို႔လိုက္ၿပီ

Share this post

ရဲရာထူးခန္႔ခ်ဳပ္ ရဲမွဴးခ်ဳပ္ေဇာ္မိုးသန္းအား ၀န္ထမ္းမ်ားအေပၚ လိင္မႈဆိုင္ရာျပစ္မႈက်ဴးလြန္ေၾကာင္း ရဲတရား႐ုံးမွ စစ္ေဆးေပၚေပါက္၍ ျပစ္ဒဏ္ခ်ကာ ဇူလိုင္ ၃ ရက္ေန႔တြင္ ရမည္းသင္းအက်ဥ္းေထာင္သို႔ ပို႔ေဆာင္လိုက္ၿပီျဖစ္ ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီးေက်ာ္သီဟကအတည္ျပဳေျပာသည္။

ရဲ၀န္ထမ္းမ်ားအေပၚ လိင္ပိုင္းဆိုင္ရာက်ဴးလြန္၍ စစ္ေဆးခံေနရသည့္သတင္းအား People Media မွ ဇူလိုင္ ၄ ရက္ မနက္ပိုင္းတြင္ ဆက္သြယ္ေမးျမန္းရာ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ရဲမွဴးႀကီး ေက်ာ္သီဟက အတည္ျပဳေျပာၾကားခဲ့သည္။

“သူ႔ကိုေတာ့ ရဲတရား႐ုံးကေနၿပီးေတာ့ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အျပစ္ေပးလိုက္တာပါခင္ဗ်။ ေထာင္ဘယ္ေလာက္ခ်လိုက္တယ္ဆိုတာေတာ့ ကြ်န္ေတာ္တို႔လည္းအတည္ျပဳေနပါတယ္။ လတ္တေလာေတာ့ သူ႔ကို ရမည္းသင္းအက်ဥ္းေထာင္ကိုပို႔လိုက္ပါၿပီ’’ဟု ၎ကေျပာသည္။

ရဲရာထူးခန္႔ခ်ဳပ္သည္ ရဲေမအရာရွိမ်ားကို ရာထူးတိုးေပးရန္ လိင္ပိုင္းဆိုင္ရာက်ဴးလြန္သည္ဟု သတင္းထြက္ေပၚ ခဲ့ၿပီး တိုင္တန္းမႈမ်ားရွိခဲ့ကာ စုံစမ္းစစ္ေဆးခံခဲ့ရျခင္းျဖစ္သည္။

၎ေနာက္ အဆိုပါျဖစ္စဥ္မ်ားကို ေဖ့စ္ဘုတ္တြင္လူအမ်ားမွ ေ၀ဖန္ေထာက္ျပမႈတို႔ရွိၿပီး လက္ရွိတြင္ ျမန္မာႏိုင္ ငံရဲတပ္ဖြဲ႔အတြင္း ရဲစည္းကမ္းကို တိက်လိုက္နာရန္ ၫႊန္ၾကားမႈတို႔လည္းရွိေၾကာင္းသိရသည္။

ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒအရ အေရးယူလွ်င္ အျမင့္ဆုံးျပစ္ဒဏ္မွာ ေထာင္ဒဏ္ ၃ ႏွစ္သာ ခ်မွတ္ႏိုင္ ေၾကာင္း အရာရွိအဆင့္ရဲ၀န္ထမ္းေဟာင္းတစ္ဦးျဖစ္သူကိုျမတ္သူဟိန္းကေျပာၾကပားခဲ့သည္။

#PeopleMedia

(unicode)
ရဲရာထူးခန့်ချုပ်အား ရဲတရားရုံးစစ်ဆေးချက်အရ ပြစ်မှုပေါ်ပေါက်၍ ပြစ်ဒဏ်ချမှတ်ကာ ရမည်းသင်းအကျဉ်း ထောင်ပို့လိုက်ပြီ
……………………………………………………

ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းအား ဝန်ထမ်းများအပေါ် လိင်မှုဆိုင်ရာပြစ်မှုကျူးလွန်ကြောင်း ရဲတရားရုံးမှ စစ်ဆေးပေါ်ပေါက်၍ ပြစ်ဒဏ်ချကာ ဇူလိုင် ၃ ရက်နေ့တွင် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟကအတည်ပြုပြောသည်။

ရဲဝန်ထမ်းများအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်၍ စစ်ဆေးခံနေရသည့်သတင်းအား People Media မှ ဇူလိုင် ၄ ရက် မနက်ပိုင်းတွင် ဆက်သွယ်မေးမြန်းရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက အတည်ပြုပြောကြားခဲ့သည်။

“သူ့ကိုတော့ ရဲတရားရုံးကနေပြီးတော့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အပြစ်ပေးလိုက်တာပါခင်ဗျ။ ထောင်ဘယ်လောက်ချလိုက်တယ်ဆိုတာတော့ ကျွန်တော်တို့လည်းအတည်ပြုနေပါတယ်။ လတ်တလောတော့ သူ့ကို ရမည်းသင်းအကျဉ်းထောင်ကိုပို့လိုက်ပါပြီ’’ဟု ၎င်းကပြောသည်။

ရဲရာထူးခန့်ချုပ်သည် ရဲမေအရာရှိများကို ရာထူးတိုးပေးရန် လိင်ပိုင်းဆိုင်ရာကျူးလွန်သည်ဟု သတင်းထွက်ပေါ် ခဲ့ပြီး တိုင်တန်းမှုများရှိခဲ့ကာ စုံစမ်းစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။

၎င်းနောက် အဆိုပါဖြစ်စဉ်များကို ဖေ့စ်ဘုတ်တွင်လူအများမှ ဝေဖန်ထောက်ပြမှုတို့ရှိပြီး လက်ရှိတွင် မြန်မာနိုင် ငံရဲတပ်ဖွဲ့အတွင်း ရဲစည်းကမ်းကို တိကျလိုက်နာရန် ညွှန်ကြားမှုတို့လည်းရှိကြောင်းသိရသည်။

ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူလျှင် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၃ နှစ်သာ ချမှတ်နိုင် ကြောင်း အရာရှိအဆင့်ရဲဝန်ထမ်းဟောင်းတစ်ဦးဖြစ်သူကိုမြတ်သူဟိန်းကပြောကြပါးခဲ့သည်။

#PeopleMedia


Share this post