• Follow Us on

Home ရွာငံမြို့နယ်အတွင်း မြန်မာဘီယာများတင်ဆောင်လာသည့် မော်တော်ယာဉ်နှင့် ကားပေါ်ရှိ ဘီယာများအား ထုခွဲမီးရှို့ဖျက်ဆီးခံခဲ့ကြောင်း ရွာငံ PDF ထုတ်ပြန်

ရွာငံမြို့နယ်အတွင်း မြန်မာဘီယာများတင်ဆောင်လာသည့် မော်တော်ယာဉ်နှင့် ကားပေါ်ရှိ ဘီယာများအား ထုခွဲမီးရှို့ဖျက်ဆီးခံခဲ့ကြောင်း ရွာငံ PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြင်းကျဒိုးကျေးရွာအုပ်စု၊ ညောင်ပင်ခွရွာ မြောက်ဘက်ရှိ လမ်းပိုင်း တစ်နေရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေပိုင်းအချိန်တွင် မြန်မာဘီယာများ တင်ဆောင်လာသည့် မော် တော်ယာဉ်နှင့် ကားပေါ်ရှိ မြန်မာဘီယာများအား ထုခွဲမီးရှို့ဖျက်ဆီးခံခဲ့ကြောင်း ရွာငံ PDF မှ ထုတ်ပြန်ထား သည်။

 

ရွာငံ PDF အဖွဲ့သည် ထိုယာဉ်မောင်သူနှင့် ဝန်ထမ်းများအား ထိခိုက်နာကျင်အောင် တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်းနှင့် ကားပေါ်တွင်ပါလာသော စစ်တပ်ထုတ်ကုန်နှင့် ၎င်း၏ ကားကိုသာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ် ပြန်ထားသည်။

 

ပြည်သူလူထုများအနေဖြင့် စစ်တပ်ထုတ်ကုန်များအား သုံးစွဲခြင်းမပြုပဲ သပိတ်မှောက်ကြရန်နှင့် လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်များ အနေဖြင့် စစ်တပ်ထုတ်ကုန်များအား ရောင်းဝယ်ဖောက်ကားသုံးစွဲ ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။

 

#Peoplemedia

 

(unicode)


……………………………………………………………………….

 


 


 


 


 

#Peoplemedia


Share this post