• Follow Us on

Home ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ သွေးရည်ကြည် လှူဒါန်းရန်စစ်ဆေးမှုများပြုလုပ်


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၇
 
 
 
 
 
 
 
 
(unicode)
ရွာမပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များ သွေးရည်ကြည် လှူဒါန်းရန်စစ်ဆေးမှုများပြုလုပ်
…………………………………………..
 
ရန်ကုန်၊ နိုဝင်ဘာ ၁၇
 
ရန်ကုန်မြို့၊ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်ရှိသံဃာတော်များအနေဖြင့် သွေးရည်ကြည် လှူဒါန်းရန် စစ်ဆေးမှုများပြုလုပ်ထားကြောင်း ရွာမကျောင်းတိုက် ဆရာတော်ဦးပညာစက္ကကပြောသည်။
 
ဒုတိယအကြိမ်မြောက်အဖြစ် သွေးရည်ကြည်စစ်ဆေးမှုကို သံဃာတော်အပါး ၅၀ အား ယနေ့တွင် စစ်ဆေးခဲ့ပြီး ယင်းသို့ စစ်ဆေးမှု၏ရလဒ်အဖြေကို ရက်အနည်းငယ်ကြာမှ သိရမည်ဖြစ်ကြောင်း ဆရာတော်ကပြောသည်။
 
“သူတို့က တစ်ခါတစ်ခါထုတ်ရင်ကြာလို့လေ ကြာတယ်ဆိုတာ အနည်းဆုံး သွေးထုတ်တာ ၂ နာရီနီးပါး လောက်ကြာတယ်။ ဒီနေ့ကတော့ A သွေးလိုအပ်ရင် A သွေးသံဃာထုတ်တယ်ပေါ့နော် B သွေးလိုအပ်ရင်လဲ B သွေးထုတ်ရတယ်။ အခု ၁၇ ရက်နေ့မှာ ၅၀ စစ်ထားရတာကတော့ အဖြေမရသေးပါဘူး။ စစ်ပြီးရင် နှစ်ရက် လောက်စောင့်ရတယ်”ဟု ရွာမကျောင်းတိုက်ဆရာတော်ဦးပညာစက္ကကပြောသည်။
 
ပထမအကြိမ်သွေးရည်ကြည်စစ်ဆေးမှုကို နိုဝင်ဘာ ၁၂ ရက်တွင် သံဃာတော် ၄၈ ပါးစစ်ဆေးထားပြီး ၅ ပါး တွင်သာ သွေးရည်ကြည်လှူဒါန်းမှုရရှိကြောင်းသိရသည်။
 
COVID -19 ရောဂါအခြေအနေဆိုးသည့် လူနာများအား သွေးရည်ကြည်ကုထုံးဖြင့် ပျောက်ကင်းသက်သာ အောင်ကုသပေးနေခြင်းဖြစ်သည်။
 
ထို့ကြောင့် ကိုဗစ်ရောဂါပျောက်ကင်းသွားသူများ သွေးရည်ကြည်လှူဒါန်းရန်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နှိုးဆော်ထားသည်။
 
#PeopleMedia #ရွာမကျောင်းတိုက်

Share this post