• Follow Us on

Home ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၅၀)ပါးနှင့် ကပ္ပိယ(၃)ဦး COVID-19 ရောဂါသက်သာ ပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်


Share this post

ရန်ကုန်၊ အောက်တိုဘာ – ၉
 
 
 
 
 
 
 
(unicode)
ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၅၀)ပါးနှင့် ကပ္ပိယ(၃)ဦး COVID-19 ရောဂါသက်သာ ပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက်
…………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၉
 
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၅၀)ပါးနှင့် ကပ္ပိယ(၃)ဦးသည် COVID-19 ရောဂါသက်သာပျောက်ကင်း၍ ကျောင်းတိုက်သို့ ပြန်လည်ကြွရောက် သီတင်းသုံးနိုင်ပြီဖြစ်ကြောင်း ဆရာတော်ဦးပညာစက္ကက People Media ကို မိန့်ကြားခဲ့ပါတယ်။
 
ရွာမပရိယတ္တိစာသင်တိုက်မှ သံဃာတော်အပါး(၃၇၁)ပါးနှင့် ကပ္ပိယ (၅)ဦးတို့သည် ပြီးခဲ့သည့်လအတွင်း၌ COVID-19 ရောဂါကူးစက်ခံရမှုကြောင့် အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးစောင့်ရှောက် ပြုလုပ်ပေးခဲ့ပါ တယ်။
 
အောက်တိုဘာ(၉)ရက်နေ့၌ COVID-19 ကူးစက်ခံခဲ့ရသည့် သံဃာတော်အပါး(၃၅၀)နှင့် ကပ္ပိယ(၃)ယောက်တို့ သည် ပြန်လည်၍ ကျောက်တိုင်း၌ သီတင်းသုံးနိုင်ပြီ ဖြစ်ပါတယ်။
 
“ဒီနေ့ ပြန်လည်ကြွလာကြပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း သံဃာတော်တွေ သီတင်း သုံးနိုင်ဖို့ ဆောင်ရွက်နေပါတယ်”လို့ ဆရာတော်ဦးပညာစက္ကက မိန့်ကြားပါတယ်။
 
လက်ရှိအချိန်၌ ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့် သံဃာတော်များနှင့် ကပ္ပိယတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
 
#PeopleMedia #ရွာမပရိယတ္တိစာသင်တိုက် #COVID19

Share this post