• Follow Us on

Home ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) ဖမ်းခေါ်သွားတဲ့ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပြန်လွတ်လာပြီ

ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNA) ဖမ်းခေါ်သွားတဲ့ ဆယ်ဇင်းကျေးရွာက အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ပြန်လွတ်လာပြီ

Share this post

မြစ်ကြီးနား၊ ဇန်နဝါရီ ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဆယ်ဇင်းကျေးရွာမှ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ (SNA) ဖမ်းခေါ်သွားသည့် ရပ်/ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူများ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းသိရသည်။
 
ဆယ်ဇင်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးလင်းခိုင်ဖြိုးအပါအဝင် ဦးဖေသန်း၊ ဦးအောင်ကျော်စိုးနှင့် ရွှေပြည် (၂)မှ ဦးအောင်နိုင်တို့ကို ဒီဇင်ဘာ ၂၇ ရက်နေ့ ညနေ ၂ နာရီအချိန်က SNA လက်နက်ကိုင်အဖွဲ့မှ ဖမ်းခေါ်သွားပြီး ယမန့်နေ့ (ဇန်နဝါရီ ၆)ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း မြန်မာပြည်မြောက်ပိုင်း သျှမ်းမျိုးနွယ်စုရေး ရာအဖွဲ့မှ ဒုဥက္ကဋ္ဌဦးခင်မောင်အေးက EPN သတင်းဌာနသို့ ပြောသည်။
 
“မနေ့ည ဆယ်နာရီလေးဆယ်မိနစ်မှာ ပြန်လွတ်လာတယ်ဆိုတာ ဟိုကနေ သတင်းပို့ခဲ့တယ်။ ဖုန်းကနေပဲ သတင်းပေးလာတယ် ပြောတယ်လို့ကျွန်တော်တို့ကို သတင်းပို့လာတဲ့လူက ပြောတယ်။ ပြန်ထပ်ခေါ်တာလည်း မရတော့ဘူးတဲ့ ဖုန်း Message နဲ့ပဲ ကျွန်တော်တို့ပြန်ရောက်ပြီဆိုတဲ့အကြောင်း အဲ့ဒီလေးယောက် ပြန်ရောက်ပြီ ဆိုတဲ့အကြောင်း သတင်းပို့လာတယ်လို့ ကျွန်တော်တို့ကို သတင်းပေးပို့လာတယ်” ဟု ဦးခင်မောင်အေးကပြော သည်။
 
SNA လက်နက်ကိုင်အနေဖြင့် အဆိုပါ လေးဦးအား ဖမ်းဆီးခေါ်ဆောင်သွားရခြင်း အကြောင်းအရင်းနှင့် ပြန်လွှတ်ပေးရခြင်းအကြောင်းအရင်းကို အသေးစိတ်မသိရှိရသေးကြောင်းသိရသည်။
 
ယင်းကိစ္စနှင့်ပတ်သက်၍ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ဆယ်ဇင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလင်းခိုင်ဖြိုးနှင့် ရပ်/ ကျေးတာဝန်ရှိသူများကို ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရခဲ့ပေ။
 
ယင်းဖြစ်စဉ်ကို ဇူလိုင်လအတွင်းက ဆယ်ဇင်းကျေးရွာမှ ကျောင်းသား ၂ ဦးအား ကေအိုင်အေက ဖမ်းဆီး ခေါ်ဆောင်ကာ သတ်ဖြတ်လိုက်သည့်ဖြစ်စဉ်နှင့်လည်းကောင်း၊ ထို့အပြင် ကျေးရွာအတွင်း ကေအိုင်အေက ဆက်ကြေးကောက်သည့်ဖြစ်စဉ်များနှင့် ဆက်စပ်မှုရှိနေကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြသည်ဟု ဆယ်ဇင်းကျေးရွာမှလုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။
 
အောင်ပိုင်
 
#PeopleMedia #ရှမ်းနီလက်တက်ကိုင်
 
(unicode)
……………………………………………………
 
 
 
 
 
 
 
 
 

Share this post