• Follow Us on

Home ရွမ္းနီျပည္နယ္ရရွိရန္ လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပနည္းလမ္းမ်ားျဖင့္ ဆက္လက္ေဆာင္ရြက္မည္ဟု တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးပါတီဥကၠ႒ ေျပာဆုိ

ရွမ္းနီျပည္နယ္ရရွိရန္ လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပနည္းလမ္းမ်ားျဖင့္ ဆက္လက္ေဆာင္ရြက္မည္ဟု တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႕ၿဖိဳးတုိးတက္ေရးပါတီဥကၠ႒ ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၃
 
၂၀၂၀ ေရြးေကာက္ပြဲ၌ တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႔ျဖိဳးတုိးတက္ေရးပါတီကုိယ္စားလွယ္မ်ား လႊတ္ေတာ္ ေရာက္ရွိလွ်င္ ရွမ္းနီျပည္နယ္ ရရွိေရးအတြက္ လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပနည္းလမ္းမ်ားျဖင့္ ေဆာင္ ရြက္သြားမယ္လုိ႔ ပါတီဥကၠ႒ ဦးစုိင္းေဌးေအာင္က ေျပာပါတယ္။
 
လာမည့္ေရြးေကာက္ပြဲ၌ တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႔ျဖိဳးတုိးတက္ေရး ပါတီသည္ ရွမ္းနီတုိင္းရင္းသားမ်ား အမ်ားဆုံးေနထုိင္သည့္ ျမိဳ႕နယ္မ်ား၌ အဓိကထား ဝင္ေရာက္ယွဥ္ျပိဳင္သည့္ ႏုိင္ငံေရးပါတီ တစ္ခုျဖစ္ပါတယ္။
 
ထုိ႔အတူ ေရြးေကာက္ပြဲ၌ ရွမ္းနီတုိင္းရင္းသားေနထုိင္ေသာ မဲဆႏၵနယ္ (၄၁)ေနရာ၌ ဝင္ေရာက္ယွဥ္ျပိဳင္မွာ ျဖစ္ပါတယ္။
 
“ဖယ္ဒရယ္စနစ္ကုိ အေကာင္ထည္ေဖာ္မယ္။ ရွမ္းနီျပည္နယ္ရရွိေရး လႊတ္ေတာ္တြင္း၊ လႊတ္ေတာ္ျပင္ပ ဥပေဒနဲ႔အညီ ေဆာင္ရြက္မယ္”လုိ႔ ဦးစုိင္းေဌးေအာင္က ေျပာပါတယ္။
 
ထုိ႔အတူ ျပည္တြင္းစစ္ရပ္ဆဲေရး၊ ဖယ္ဒရယ္စနစ္အေကာင္ထည္ေဖာ္ႏုိင္ေရး၊ တုိင္းရင္းသားေဒသဖြံ႔ျဖိဳးတုိး တက္ေရးအတြက္ တုိင္းရင္းသားမ်ားအေနျဖင့္ မိမိတုိင္းရင္းသားပါတီကုိ မဲထည့္ၾကရန္ ဦးစုိင္းေဌးေအာင္က ေျပာပါတယ္။
 
အလားတူ ဟုမၼလင္းျမိဳ႕၊ ဖားကန္႔ျမိဳ႕၊ မုိးေကာင္းျမိဳ႕၊ ဗန္းေမာက္ျမိဳ႕နယ္ ရွိ ရွမ္းနီတုိင္းရင္းသားမ်ားသည္ ရွမ္းနီ ျပည္နယ္ရရွိေရးအတြက္ ျပီးခဲ့သည့္ကာလမ်ား၌ ဆႏၵျပေတာင္းဆုိမႈမ်ားျပဳလုပ္ခဲ့ၾကပါတယ္။
 
Photo – တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႔ျဖိဳးတုိးတက္ေရးပါတီ
 
#PeopleMedia #တုိင္းလုိင္(ရွမ္းနီ)အမ်ဳိးသားမ်ားဖြံ႔ျဖိဳးတုိးတက္ေရးပါတီ #ဦးစုိင္းေဌးေအာင္ #2020election
 
(Unicode)
ရှမ်းနီပြည်နယ်ရရှိရန် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနည်းလမ်းများဖြင့် ဆက်လက်ဆောင်ရွက်မည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ပြောဆို
…………………………………………
 
ရန်ကုန်၊ အောက်တိုဘာ – ၃
 
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီကိုယ်စားလှယ်များ လွှတ်တော် ရောက်ရှိလျှင် ရှမ်းနီပြည်နယ် ရရှိရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပနည်းလမ်းများဖြင့် ဆောင် ရွက်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
 
လာမည့်ရွေးကောက်ပွဲ၌ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် ရှမ်းနီတိုင်းရင်းသားများ အများဆုံးနေထိုင်သည့် မြို့နယ်များ၌ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ တစ်ခုဖြစ်ပါတယ်။
 
ထို့အတူ ရွေးကောက်ပွဲ၌ ရှမ်းနီတိုင်းရင်းသားနေထိုင်သော မဲဆန္ဒနယ် (၄၁)နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
 
“ဖယ်ဒရယ်စနစ်ကို အကောင်ထည်ဖော်မယ်။ ရှမ်းနီပြည်နယ်ရရှိရေး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဥပဒေနဲ့အညီ ဆောင်ရွက်မယ်”လို့ ဦးစိုင်းဌေးအောင်က ပြောပါတယ်။
 
ထို့အတူ ပြည်တွင်းစစ်ရပ်ဆဲရေး၊ ဖယ်ဒရယ်စနစ်အကောင်ထည်ဖော်နိုင်ရေး၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးတိုး တက်ရေးအတွက် တိုင်းရင်းသားများအနေဖြင့် မိမိတိုင်းရင်းသားပါတီကို မဲထည့်ကြရန် ဦးစိုင်းဌေးအောင်က ပြောပါတယ်။
 
အလားတူ ဟုမ္မလင်းမြို့၊ ဖားကန့်မြို့၊ မိုးကောင်းမြို့၊ ဗန်းမောက်မြို့နယ် ရှိ ရှမ်းနီတိုင်းရင်းသားများသည် ရှမ်းနီ ပြည်နယ်ရရှိရေးအတွက် ပြီးခဲ့သည့်ကာလများ၌ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြပါတယ်။
 
Photo – တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ
 
#PeopleMedia #တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ #ဦးစိုင်းဌေးအောင် #2020election

Share this post