• Follow Us on

Home ရွမ္းအေရွ႕၊မိုင္းတြမ္းၿမိဳ႕နယ္ အတြင္း ေငြက်ပ္သိန္းေပါင္း ၂၁၀၀၀ ခန္႔တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ားႏွင့္လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ

ရွမ္းအေရွ႕၊မိုင္းတြမ္းၿမိဳ႕နယ္ အတြင္း ေငြက်ပ္သိန္းေပါင္း ၂၁၀၀၀ ခန္႔တန္ဖိုးရွိ မူးယစ္ေဆးဝါး မ်ားႏွင့္လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိ

Share this post

စစ္ေတြ၊ေဖေဖာ္ဝါရီ ၂၇

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းတြမ္းၿမိဳ႕နယ္အတြင္း လုံၿခဳံေရး ေဆာင္ရြက္ေနေသာ တပ္ဖြဲ႕ဝင္မ်ားသည္ ယေန႔ညေန ၄ နာရီခြဲခန္႔တြင္ ပါဟိုး(အာခါ)ေက်းရြာ၏ အေနာက္ေတာင္ဘက္ မီတာ ၆၀၀ ခန္႔အကြာသို႔ အေရာက္ မုန္ညင္းစိုက္ခင္းႏွင့္ ငွက္ေပ်ာေတာအတြင္း၌ က်င္းတူးျမႇဳပ္ႏွံထားသည့္ WY စာတန္းပါ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၄၀၀၀၀၀ ျပား(ခန္႔မွန္းတန္ဖိုးေငြ က်ပ္သိန္းေပါင္း ၂၁၀၀၀ ခန္႔)၊ အနီ/အျဖဴေရာင္ ေဆးမႈန္႔ ၈၆ ဒသမ ၅၀ ကီလိုဂရမ္၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ္ေခြ (ဆာလာအိတ္ျဖင့္) တစ္အိတ္၊ ေဆးျပားထည့္ ပလတ္စတစ္အိတ္ (ဆာလာအိတ္ျဖင့္) ေလးအိတ္ႏွင့္ Acid ကိုးပုလင္းတို႔အား ပိုင္ရွင္မဲ့ သိမ္းဆည္းရမိခဲ့သည္။

ဆက္လက္၍ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ည ၆ နာရီ ၅ မိနစ္ခန္႔တြင္ ၎ေနရာႏွင့္ အနီးတစ္ဝိုက္အား ဆက္လက္ရွာေဖြစဉ္ က်င္းတူးျမႇဳပ္ႏွံထားသည့္ ပစၥတိုသုံးလက္၊ ပြိဳင့္-၂၂ ေသနတ္ ႏွစ္လက္၊ တစ္လုံးထိုးေသနတ္ ေျခာက္လက္၊ ပစၥတိုက်ည္အိမ္သုံးခု၊ ပြိဳင့္-၂၂ က်ည္အိမ္ ႏွစ္ခု၊ ၉ မမက်ည္ ၂၉ ေတာင့္၊ ပြိဳင့္-၂၂ က်ည္ ၅၁ ေတာင့္ႏွင့္ ၁၂ ဗို႔က်ည္ ၁၉ ေတာင့္တို႔အား ပိုင္ရွင္မဲ့ထပ္မံ သိမ္းဆည္းရမိခဲ့သည္။ အဆိုပါသိမ္းဆည္းရမိ လက္နက္ခဲယမ္းမ်ား၊ မူးယစ္ေဆးဝါးမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားအား သက္ဆိုင္ရာသို႔ စနစ္တက် လႊဲေျပာင္း အပ္ႏွံသြားမည္ျဖစ္ေၾကာင္း သတင္း ရရွိသည္။

#peoplemedia

(unicode)
ရှမ်းအရှေ့၊မိုင်းတွမ်းမြို့နယ် အတွင်း ငွေကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါး များနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
………………………………………………………………………………….

စစ်တွေ၊ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတွမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ပါဟိုး(အာခါ)ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၆၀၀ ခန့်အကွာသို့ အရောက် မုန်ညင်းစိုက်ခင်းနှင့် ငှက်ပျောတောအတွင်း၌ ကျင်းတူးမြှုပ်နှံထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၀၀၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၂၁၀၀၀ ခန့်)၊ အနီ/အဖြူရောင် ဆေးမှုန့် ၈၆ ဒသမ ၅၀ ကီလိုဂရမ်၊ Promethazine(10 ml) ၁၃၀ ဘူး၊ တိပ်ခွေ (ဆာလာအိတ်ဖြင့်) တစ်အိတ်၊ ဆေးပြားထည့် ပလတ်စတစ်အိတ် (ဆာလာအိတ်ဖြင့်) လေးအိတ်နှင့် Acid ကိုးပုလင်းတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ည ၆ နာရီ ၅ မိနစ်ခန့်တွင် ၎င်းနေရာနှင့် အနီးတစ်ဝိုက်အား ဆက်လက်ရှာဖွေစဉ် ကျင်းတူးမြှုပ်နှံထားသည့် ပစ္စတိုသုံးလက်၊ ပွိုင့်-၂၂ သေနတ် နှစ်လက်၊ တစ်လုံးထိုးသေနတ် ခြောက်လက်၊ ပစ္စတိုကျည်အိမ်သုံးခု၊ ပွိုင့်-၂၂ ကျည်အိမ် နှစ်ခု၊ ၉ မမကျည် ၂၉ တောင့်၊ ပွိုင့်-၂၂ ကျည် ၅၁ တောင့်နှင့် ၁၂ ဗို့ကျည် ၁၉ တောင့်တို့အား ပိုင်ရှင်မဲ့ထပ်မံ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါသိမ်းဆည်းရမိ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

#peoplemedia


Share this post