• Follow Us on

Home ရွမ္းေျမာက္ေဒသရွိ လုပ္ငန္းရွင္မ်ားထံမွ KIO/KIA လက္နက္ကုိင္အဖြဲ႕ ဆက္ေၾကးေကာက္

ရွမ္းေျမာက္ေဒသရွိ လုပ္ငန္းရွင္မ်ားထံမွ KIO/KIA လက္နက္ကုိင္အဖြဲ႕ ဆက္ေၾကးေကာက္

Share this post

v

ရန္ကုန္၊ ၾသဂုတ္ – ၂၀

ရွမ္းျပည္နယ္ေျမာက္ပုိင္းေဒသႀကီး ၿမိဳ႕နယ္မ်ား၌ စီးပြားေရးလုပ္ကုိင္ေနသည့္ စီးပြားေရးလုပ္ငန္းရွင္အခ်ဳိ႕ထံမွ KIO/KIA လက္နက္ကုိင္အဖြဲ႕မွ ဆက္ေၾကးေကာက္ယူလွ်က္ရွိသည္။

အလားတူ KIO/KIA အဖြဲ႕သည္ ရွမ္းေျမာက္ေဒသျဖစ္သည့္ ကြတ္ခုိင္ၿမိဳ႕၌ တည္ခုိ္ခန္း လုပ္ကုိင္ေဆာင္ရြက္ေန သည့္ လုပ္ငန္းရွင္မ်ားထံ ၂၀၂၀-၂၀၂၁ ဘ႑ာႏွစ္အတြက္ ဆက္ေၾကးအျဖစ္ တစ္ႏွစ္လွ်င္ က်ပ္(၁၀)သိန္း ေတာင္းယူလွ်က္ရွိသည္။

“COVID ကာလဆုိေတာ့ ေပးေဆာင္ရတာ အဆင္မေျပဘူး။ အခက္အခဲရွိတယ္။ လာေရာက္တည္းခုိသူက မရွိသေလာက္ပါ။ တရုတ္လုပ္ငန္းရွင္ေတြလည္ မလာေတာ့ ဝင္ေငြမရွိဘူး”လုိ႔ ကြတ္ခုိင္ၿမိဳ႕၊ တည္းခုိခန္း လုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

ကြတ္ခုိင္ေဒသ၌ ဆက္ေၾကးေကာက္ယူေနသည့္ KIO/KIA အဖြဲ႕ တာဝန္ခံဖုန္းျဖစ္သည္ (၀၉-၄၀၄၅၇၂၉၁၂) ထံ People Media က ဆက္သြယ္ေမးျမန္းရာ “၎တုိ႔အေနျဖင့္ ေျဖၾကားရန္မရွိေၾကာင္း”ေျပာဆုိသည္။

အလားတူ ရွမ္းေျမာက္ေဒသ၌ လုပ္ငန္းလုပ္ကုိင္လွ်က္ရွိသည့္ ဘဏ္မ်ား၊ ကုန္တင္ယာဥ္လုိင္မ်ား၊ အေဝးေျပး ယာဥ္လုိင္မ်ား၊ ေဘာ္ဒါေဆာင္မ်ား စသည့္ျဖင့္ လုပ္ငန္းမ်ားထံမွ အဆုိပါ ေဒသရွိ လႈပ္ရွားေနေသာ လက္နက္ကုိင္အဖြဲ႕မ်ားက ဆက္ေၾကးေကာက္ယူလ်က္ရွိသည္။

#PeopleMedia #ကြတ္ခုိင္ #KIO/KIA #ဆက္ေၾကး

(unicode)
ရှမ်းမြောက်ဒေသရှိ လုပ်ငန်းရှင်များထံမှ KIO/KIA လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်
……………………………………………………

ရန်ကုန်၊ ဩဂုတ် – ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကြီး မြို့နယ်များ၌ စီးပွားရေးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်အချို့ထံမှ KIO/KIA လက်နက်ကိုင်အဖွဲ့မှ ဆက်ကြေးကောက်ယူလျှက်ရှိသည်။

အလားတူ KIO/KIA အဖွဲ့သည် ရှမ်းမြောက်ဒေသဖြစ်သည့် ကွတ်ခိုင်မြို့၌ တည်ခို်ခန်း လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းရှင်များထံ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆက်ကြေးအဖြစ် တစ်နှစ်လျှင် ကျပ်(၁၀)သိန်း တောင်းယူလျှက်ရှိသည်။

“COVID ကာလဆိုတော့ ပေးဆောင်ရတာ အဆင်မပြေဘူး။ အခက်အခဲရှိတယ်။ လာရောက်တည်းခိုသူက မရှိသလောက်ပါ။ တရုတ်လုပ်ငန်းရှင်တွေလည် မလာတော့ ဝင်ငွေမရှိဘူး”လို့ ကွတ်ခိုင်မြို့၊ တည်းခိုခန်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကွတ်ခိုင်ဒေသ၌ ဆက်ကြေးကောက်ယူနေသည့် KIO/KIA အဖွဲ့ တာဝန်ခံဖုန်းဖြစ်သည် (၀၉-၄၀၄၅၇၂၉၁၂) ထံ People Media က ဆက်သွယ်မေးမြန်းရာ “၎င်းတို့အနေဖြင့် ဖြေကြားရန်မရှိကြောင်း”ပြောဆိုသည်။

အလားတူ ရှမ်းမြောက်ဒေသ၌ လုပ်ငန်းလုပ်ကိုင်လျှက်ရှိသည့် ဘဏ်များ၊ ကုန်တင်ယာဉ်လိုင်များ၊ အဝေးပြေး ယာဉ်လိုင်များ၊ ဘော်ဒါဆောင်များ စသည့်ဖြင့် လုပ်ငန်းများထံမှ အဆိုပါ ဒေသရှိ လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့များက ဆက်ကြေးကောက်ယူလျက်ရှိသည်။

#PeopleMedia #ကွတ်ခိုင် #KIO/KIA #ဆက်ကြေး


Share this post