• Follow Us on

Home ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးပြသနာကို စစ်ရေးနည်းနှင့် မဖြေရှင်းရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် ……………………………………………………………………………………….

ရှမ်းမြောက်ဒေသ၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးပြသနာကို စစ်ရေးနည်းနှင့် မဖြေရှင်းရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများ ထုတ်ပြန် ……………………………………………………………………………………….

Share this post

ရန်ကုန်၊ သြဂုတ် – ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများ၌ တပ်မတော်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့၏ ဖြစ်နေသော တိုက်ပွဲများကို ရပ်တန့်ပြီး နိုင်ငံရေးပြသနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းများက သြဂုတ်-၂၁ ရက်နေ့၌ သဘောထား ထုတ်ပြန်လိုက်သည်။

တိုက်ပွဲများကြောင့် စစ်ရှောက်ဦးရေ (၄၈၆၂) ဦးနေရပ်စွန့်ခွာနေရပြီး အရေးပေါ်ကူညီမှုလိုအပ်ချက်ကြောင့် NLD အစိုးရ အရပ်ဖက်အဖွဲ့အသီးသီးက ကူညီပေးရန် အဆိုပါ အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ တိုက်ပွဲများဖြစ်ပွားနေခြင်း၊ပြည်သူလူထု၏ အသက်အိုးအိမ်ကို ဦးတည်တိုက်ခိုက်နေခြင်းတို့မှ ရပ်တန့်ပြီး နိုင်ငံရေးပြသနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးအဖြေရှာရန် ဖော်ပြထားသည်။

သြဂုတ်-၁၅ ရက်၌ မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နောင်ချို၊လားရှိုး စသည့်နေရာများကို အကြမ်းဖက် တိုက်ခိုက်ခဲ့ပြီး တံတားများကို မိုင်းခွဲဖျက်ဆီးခဲ့သည်။

လက်ရှိအချိန်၌ ရှမ်းမြောက်ဒေသတွင် တပ်မတော်မှ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့၏ အကြမ်းဖက်လုပ်ရပ်အပေါ် နယ်မြေရှင်းလင်းလျှက်ရှိပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပေါ်လျှက်ရှိသည်။


Share this post