• Follow Us on

Home ရှမ်းမြောက် မုံးကိုးနယ်မြေတွင် တပ်မတော်နှင့် MNDAA လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်စဉ်၌ အရာရှိငယ်တစ် ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့သာ ပျောက်ဆုံးခဲ့ကြောင်း န.စ.က ပြော

ရှမ်းမြောက် မုံးကိုးနယ်မြေတွင် တပ်မတော်နှင့် MNDAA လက်နက်ကိုင်တို့ တိုက်ပွဲဖြစ်စဉ်၌ အရာရှိငယ်တစ် ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့သာ ပျောက်ဆုံးခဲ့ကြောင်း န.စ.က ပြော

Share this post

နေပြည်တော်၊ သြဂုတ် ၃၀ (People Media)

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးနယ်မြေတွင် တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)တို့ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိငယ်တစ်ဦးနှင့် စစ်သည်အချို့ကျဆုံးပြီး လက်နက်ခဲယမ်းအချို့သာ ပျောက်ဆုံးခဲ့ကြောင်း န.စ.ကမှ ထုတ်ပြန်ကြေညာခဲ့သည်။

 

သြဂုတ်လ ၂၈ ရက်နေ့၌ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီခန့်အထိ မုံးကိုးမြို့ မန်ခွမ်ရွာအနီးတွင် တပ်မ တော်နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)၊ (KIA) တို့ ပူးပေါင်း၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင် တပ်ရင်းမှူးနှင့် စစ်သည်အများအပြားသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကို မလို လားဘဲ အဖျက်အမှောင့်လုပ်ငန်းများကို အားပေးထောက်ခံသော မီဒီယာအချို့မှ တိုက်ပွဲဖြစ်စဉ်တွင် တပ်ရင်း မှူးနှင့် စစ်သည်အများအပြား ကျဆုံးခဲ့သည်ဟု မဟုတ်မမှန်ဝါဒဖြန့် ရေးသားလျက်ရှိပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ အများအပြားကျဆုံးနေသည့် သတင်းများအား ဝါဒဖြန့်လျက်ရှိသည်ဟု ထုတ်ပြန်ချက် တွင်ဖော်ပြပါရှိသည်။

 

ထို့အပြင် ၎င်းတို့ရည်ရွယ်ချက်မှာ PDF အဖွဲ့ဝင်များမှ ဖတ်ရှုကာ စိတ်ဓာတ်တက်ကြွလာပြီး အဖျက်အမှောင့် လုပ်ငန်းများနှင့် သတ်ဖြတ်မှုလုပ်ငန်းများအား ပိုမိုလုပ်ကိုင်လာစေရန်နှင့် ဖြစ်စဉ်အမှန်ကို မသိသည့်ပြည်သူများ ထံမှ အထောက်အပံ့များကို လိမ်လည်ရယူနိုင်ရန် ထိုသို့သတင်းအမှားများကို ဖော်ပြလျက်ရှိကြောင်း န.စ.က၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

အလားတူ ပြည်သူများအနေနှင့် ယခုကဲ့သို့ မဟုတ်မမှန်သတင်းများအား လူငယ်များကြားယောင်ကာ အသက် ဆုံးရှုံးနေမှုများကို သိရှိထိန်းသိမ်းနိုင်စေရန်နှင့် သားသမီးများကို သေသွင်းကပို့နေသူများ ပပျောက်ရေးအတွက် ဝိုင်းဝန်းသတင်းပေးကြရန် တိုက်တွန်းပြောဆိုထားသည်။

 

#PeopleMedia #မုံးကိုး #နစက

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post