• Follow Us on

Home ရှမ်းပြည်နယ်တွင် ဆန္ဒမဲကောက်ခံခြင်းမရှိသည့် မြို့နယ် ၅ ခုရှိ


Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၆
#PeopleMedia
(unicode)
ရှမ်းပြည်နယ်တွင် ဆန္ဒမဲကောက်ခံခြင်းမရှိသည့် မြို့နယ် ၅ ခုရှိ
………………………………………..
ရန်ကုန်၊ အောက်တိုဘာ ၁၆
ဒုတိယအကြိမ် မဲစာရင်းကြေညာမှုအပြီး ရှမ်းပြည်နယ်တွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၆၆၆၈၇၀ ဦး ရှိပြီး ဆန္ဒမဲ ကောက်ယူခြင်းမရှိသည့် မြို့နယ် ၅ မြို့နယ်ရှိကြောင်း ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းမှ ပြောပါတယ်။
ရှမ်းပြည်နယ်တွင် ဆန္ဒမဲကောက်ယူခြင်းမရှိသည့် မြို့ ၅ မြို့မှာ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ မိုင်းလမြို့နှင့် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပန်ဆန်း၊ ပန်ယန်းမြို့တို့ အပါအဝင် မြို့နယ် ၄ မြို့နယ်ကို ကောက်ယူခဲ့ခြင်းမရှိကြောင်း သိရသည်။
“ဒါက ဒုတိယအကြိမ်မဲစာရင်းကပ်ထားပြီး အင်အားထပ်တိုးတွေက တောက်လျှောက် ရှိနေတယ်၊ ဆန္ဒမဲ မကောက်တဲ့နေရာ ၅ မြို့နယ်ရှိတယ်၊ ပြီးတော့ မြောက်ပိုင်းမှာ တိုက်ပွဲတွေရှိတဲ့နေရာကိုတော့ ဘယ်နေ့ ဘယ်နေ့မှ ရွေးကောက်ပွဲ မကျင်းပတဲ့နေရာဆိုပြီး UECက ကြေညာလိမ့်မယ်” ဟု ရှမ်းပြည်နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းမှ ပြောပါတယ်။
ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာမှုအပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဆန္ဒမဲပေးခွင့်ရှိတဲ့သူ ကျား ၈၃၉၁၀၄၊ မ ၈၉၄၂၉၂ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆန္ဒမဲပေးခွင့်ရှိသူ ကျား ၇၀၂၈၈၂၊ မ ၇၅၃၇၂၆ ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ဆန္ဒမဲပေးခွင့်ရှိသူ ကျား ၂၃၉၇၂၁၊ မ ၂၃၇၁၄၅ ဦးရှိကြောင်းသိရသည်။

Share this post