• Follow Us on

Home ရွမ္းျပည္နယ္တြင္ တစ္ရက္ထဲ ေသနတ္ပစ္သတ္ခံရမႈေၾကာင့္ လူ ၂ ဦးေသ

ရွမ္းျပည္နယ္တြင္ တစ္ရက္ထဲ ေသနတ္ပစ္သတ္ခံရမႈေၾကာင့္ လူ ၂ ဦးေသ

Share this post

MPI
လား႐ိႈး၊ ေဖေဖၚပါရီ – ၁၃

ရွမ္းျပည္နယ္အေရွ႕ပိုင္းႏွင့္ ေျမာက္ပိုင္းမွာ ယေန႔ေဖေဖာ္ပါရီလ ၁၃ ရက္ေန႔ တစ္ရက္အတြင္း ေသနတ္ ပစ္သတ္ခံရမႈ ၂ မႈျဖစ္ေပၚခဲ့ၿပီး လူႏွစ္ဦးေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ စုံစမ္းသိရသည္။

“ရွမ္းျပည္နယ္အေရွ႕ပိုင္းတာခ်ီလိတ္ၿမိဳ႕နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းေက်ာက္မဲၿမိဳ႕နယ္၊ မိုင္းတင္းေက်းရြာလယ္ ကြင္းထဲမွာျဖစ္တာ တာခ်ီလိတ္ၿမိဳ႕မွာက ၿမိဳ႕ေပၚမွာျဖစ္တာ ဆန္ဆိုင္းရပ္ကြက္ထြန္းလင္းေအာင္လမ္းေပၚမွာ ေမာ္ေတာ္ယာဥ္တစ္စီးေပၚက ဆင္းလာတဲ့ လိထိုက္႐ုံံ (၄၂) ႏွစ္ကို အနားေရာက္လာတဲ့ Crown အမဲေရာင္ တစ္စီးေပၚက ေသနတ္နဲ႔ ၆ ခ်က္ပစ္တာ ေက်ာက္မဲၿမိဳ႕နယ္မိုင္းတင္းေက်းရြာအုပ္စုမန္ဆန္းေက်းရြာလယ္ကြင္း ထဲမွာ လယ္လုပ္ေနတဲ့ စိုင္းေကာထို႔(ခ)အိုက္ေကာကို လူတစ္ေဘာက္က လယ္ကြင္းထဲဝင္လာၿပီး ေသနတ္နဲ႔ ပစ္တာျဖစ္တယ္” ဟု ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးကေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွာ နယ္စပ္ၿမိဳ႕တစ္ခုျဖစ္ၿပီး လူဦးေရ ၃သိန္းခန္႔ေနထိုင္ျခင္းျဖစ္ေၾကာင္း၊ တစ္ဖက္ႏိုင္ငံႏွင့္ ကုန္သြယ္စီးပြားေရာင္းဝယ္မႈမ်ားႏွင့္အတူ ေလာင္းကစားမႈမ်ားပါဝင္လာျခင္းျဖစ္ေၾကာင္း၊ မၾကာမွီရက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕ေပၚရွိ ေလာင္းကစား႐ုံမ်ားကို ပိတ္သိမ္းလိုက္ေၾကာင္း ေဒသခံမ်ားမွ သိရ သည္။

“မူးယစ္ေဆးဝါးမႈ၊ ေလာင္းကစားမႈမ်ားနဲ႔ပါတ္သက္တယ္လို႔ ထင္တာပါပဲ။ သူတို႔ခ်င္းခ်ိန္းခ်က္ၿပီးမွ သူရပ္ေနတဲ့ ေနရာနားအထိလာၿပီးမွ ေသနတ္နဲ႔ ပစ္ရွင္းလိုက္တာေနမွာ” ဟု တာခ်ီလိတ္ေဒသခံ ကိုၿဖိဳးေမာင္က ေျပာဆို သည္။

ေက်ာက္မဲၿမိဳ႕ေပၚတြင္ ၂၀၁၉ ခု ႏိုဝင္ဘာလ ၃ ရက္ေန႔က မိုင္းတင္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး အပါအဝင္ လူ ၃ ဦး ကို စားေသာက္ဆိုင္အတြင္း ေသနတ္သမားမ်ားက လာေရာက္ပစ္ခတ္ျခင္း၊ ၂၀၁၉ ႏိုဝင္ဘာလ ၂၃ ရက္ ေန႔တြင္ မိုင္းတင္းေက်းရြာမွ ျပည္ခိုင္ၿဖိဳးပါတီဝင္တစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္ခံရျခင္း၊ ၂၀၂၀ ခုႏွစ္ ဇန္န၀ါရီ လ ၂၂ ရက္ေန႔တြင္ မိုင္းတင္းေက်းရြာရပ္ေက်းစာေရးကို ေသနတ္ျဖင့္ လိုက္လံပစ္ခတ္သျဖင့္ ဒဏ္ရာရရျခင္း မ်ား ျဖစ္‌ေပၚခဲ့ၿပီး ေက်ာ္မဲခ႐ိုင္သီေပါၿမိဳ႕နယ္အတြင္းရွိ ျပည္ေထာင္စုလမ္းအပိုင္းတြင္ ၂ လအတြင္း လူ (၁၀) ဦးကို ေသနတ္ျဖင့္ ပစ္သတ္ခဲ့သည့္ျဖစ္စဥ္မ်ားေပၚေပါက္ခဲ့သည္။

မႏၲေလး-လားရႈိး ျပည္ထာင္စုလမ္းအပိုင္းေက်ာက္မဲၿမိဳ႕နယ္ သီေပါၿမိဳ႕နယ္မ်ားရွိ လမ္းေပၚတြင္ သြားလာေန သည့္ ႏြားတင္ယာဥ္မ်ားကို လက္နက္ကိုင္အဖြဲ႕မ်ားက ပစ္ခတ္မႈမ်ားေၾကာင့္ ယာဥ္ေမာင္းမ်ား ယာဥ္လိုက္မ်ား ႏွင့္ ႏြားထိန္းမ်ား ေသဆုံးရသည့္ျဖစ္စဥ္မ်ား မၾကာခဏျဖစ္ေပၚေလ့ရွိသည္ဟုသိရသည္။

Juno

Photo – ရဲတပ္ဖြဲ႕

#PeopleMedia

(Unicode)
ရှမ်းပြည်နယ်တွင် တစ်ရက်ထဲ သေနတ်ပစ်သတ်ခံရမှုကြောင့် လူ ၂ ဦးသေ
…………………………………………………………

MPI
လားရှိုး၊ ဖေဖေါ်ပါရီ – ၁၃

ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမှာ ယနေ့ဖေဖော်ပါရီလ ၁၃ ရက်နေ့ တစ်ရက်အတွင်း သေနတ် ပစ်သတ်ခံရမှု ၂ မှုဖြစ်ပေါ်ခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

“ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်၊ မိုင်းတင်းကျေးရွာလယ် ကွင်းထဲမှာဖြစ်တာ တာချီလိတ်မြို့မှာက မြို့ပေါ်မှာဖြစ်တာ ဆန်ဆိုင်းရပ်ကွက်ထွန်းလင်းအောင်လမ်းပေါ်မှာ မော်တော်ယာဉ်တစ်စီးပေါ်က ဆင်းလာတဲ့ လိထိုက်ရုံ (၄၂) နှစ်ကို အနားရောက်လာတဲ့ Crown အမဲရောင် တစ်စီးပေါ်က သေနတ်နဲ့ ၆ ချက်ပစ်တာ ကျောက်မဲမြို့နယ်မိုင်းတင်းကျေးရွာအုပ်စုမန်ဆန်းကျေးရွာလယ်ကွင်း ထဲမှာ လယ်လုပ်နေတဲ့ စိုင်းကောထို့(ခ)အိုက်ကောကို လူတစ်ဘောက်က လယ်ကွင်းထဲဝင်လာပြီး သေနတ်နဲ့ ပစ်တာဖြစ်တယ်” ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ နယ်စပ်မြို့တစ်ခုဖြစ်ပြီး လူဦးရေ ၃သိန်းခန့်နေထိုင်ခြင်းဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်စီးပွားရောင်းဝယ်မှုများနှင့်အတူ လောင်းကစားမှုများပါဝင်လာခြင်းဖြစ်ကြောင်း၊ မကြာမှီရက်ပိုင်းက တာချီလိတ်မြို့ပေါ်ရှိ လောင်းကစားရုံများကို ပိတ်သိမ်းလိုက်ကြောင်း ဒေသခံများမှ သိရ သည်။

“မူးယစ်ဆေးဝါးမှု၊ လောင်းကစားမှုများနဲ့ပါတ်သက်တယ်လို့ ထင်တာပါပဲ။ သူတို့ချင်းချိန်းချက်ပြီးမှ သူရပ်နေတဲ့ နေရာနားအထိလာပြီးမှ သေနတ်နဲ့ ပစ်ရှင်းလိုက်တာနေမှာ” ဟု တာချီလိတ်ဒေသခံ ကိုဖြိုးမောင်က ပြောဆို သည်။

ကျောက်မဲမြို့ပေါ်တွင် ၂၀၁၉ ခု နိုဝင်ဘာလ ၃ ရက်နေ့က မိုင်းတင်းကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၃ ဦး ကို စားသောက်ဆိုင်အတွင်း သေနတ်သမားများက လာရောက်ပစ်ခတ်ခြင်း၊ ၂၀၁၉ နိုဝင်ဘာလ ၂၃ ရက် နေ့တွင် မိုင်းတင်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခံရခြင်း၊ ၂၀၂၀ ခုနှစ် ဇန်နဝါရီ လ ၂၂ ရက်နေ့တွင် မိုင်းတင်းကျေးရွာရပ်ကျေးစာရေးကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ဒဏ်ရာရရခြင်း များ ဖြစ်ပေါ်ခဲ့ပြီး ကျော်မဲခရိုင်သီပေါမြို့နယ်အတွင်းရှိ ပြည်ထောင်စုလမ်းအပိုင်းတွင် ၂ လအတွင်း လူ (၁၀) ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်ဖြစ်စဉ်များပေါ်ပေါက်ခဲ့သည်။

မန္တလေး-လားရှိုး ပြည်ထာင်စုလမ်းအပိုင်းကျောက်မဲမြို့နယ် သီပေါမြို့နယ်များရှိ လမ်းပေါ်တွင် သွားလာနေ သည့် နွားတင်ယာဉ်များကို လက်နက်ကိုင်အဖွဲ့များက ပစ်ခတ်မှုများကြောင့် ယာဉ်မောင်းများ ယာဉ်လိုက်များ နှင့် နွားထိန်းများ သေဆုံးရသည့်ဖြစ်စဉ်များ မကြာခဏဖြစ်ပေါ်လေ့ရှိသည်ဟုသိရသည်။

Juno

Photo – ရဲတပ်ဖွဲ့

#PeopleMedia


Share this post