• Follow Us on

Home ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်သူတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရ

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်သူတစ်သောင်းနီးပါး နေရပ်စွန့်ခွာ ထွက် ပြေးခဲ့ရ

Share this post

တောင်ကြီး၊ နိုဝင်ဘာ ၂၅ (People Media)

 

ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ၂၀၂၁ ခုနှစ်အတွင်း ရှမ်းပြည်သူ/ပြည်သား တစ်သောင်းနီးပါးသည်  မိမိတို့၏ လယ်ယာမြေနှင့် အိုးအိမ်များကို စွန့်ခွာပြီး စစ်ပြေးဒုက္ခသည်ဘဝအဖြစ် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းမှ ယနေ့ ကျရောက်သည့် အပြည် ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်၌ ထုတ်ပြန်ကြေညာလိုက် သည်။

 

ထို့ပြင် မြေမြုပ်မိုင်းကြောင့် အမျိုးသမီးနှင့် ကလေးငယ်များပါ ထိခိုက်မှုရှိလာပြီး မိသားစုဘဝဆုံးရှုံးမှုများလည်း ပိုမိုတိုးများလာကြောင်း၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများအတွက်လည်း စားနပ်ရိက္ခာ မလုံလောက်မှု များနှင့် ကျန်းမာရေးအတွက် ပိုမိုစိုးရိမ်ရသည့်အခြေအနေရှိပြီး၊ အထူးသဖြင့် ကိုဗစ်ကူးစက်ခံ စစ်ဘေးရှောင် ကလေးမွေးပြီးခါစ မိခင်တစ်ဦးသည် ကလေးမွေးဖွားပြီး နှစ်နာရီအကြာတွင် သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ထား သည်။

 

နိုင်ငံရေးရှူပ်ထွေးမှုနှင့် ရှမ်းပြည်တွင်း လက်နက်ကိုင်များကြား ဖြစ်ပွားနေသည့် စစ်ပဋိပက္ခများသည် အမျိုး သမီးများနှင့် ကလေးများ၏ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေပြီး၊ စစ်ပွဲတွင်း စစ်ဘေးရှောင် ကိုယ်ဝန်ဆောင် အမျိုးသမီးများ မွေးဖွားရန် အခက်အခဲရှိသလို မွေးကင်းစကလေးနှင့် မိခင်များအတွက် နေရာထိုင်ခင်းများ၊ အဟာရရှိသော အစားအစာများ ရရှိရန် ခက်ခဲကျပ်တည်းမှုများကို ရင်ဆိုင်နေကြရကြောင်း ထုတ်ပြန်သည်။

 

ရှမ်းပြည်တွင်းနှင့် အခြားပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပဋိပက္ခများ အထူးသဖြင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့အစည်းများ အချင်းချင်းကြား ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်တန့်ရန် ပါဝင်ပတ်သက်နေသူများ အားလုံး တာဝန်အရှိဆုံးဖြစ်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး တိုင်းရင်းသား တန်းတူရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးတို့ကို ရှေးရှူပါက နိုင်ငံရေးအရ အဖြေမရှာနိုင်စရာ အကြောင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

 

ထိုကြောင့် လက်ရှိဖြစ်ပွားနေသော စစ်ပဋိပက္ခများ ချက်ချင်းရပ်တန့်ရန်နှင့် စစ်ပြေးဒုက္ခသည်များအား ဘဝ ပြန်လည်ထူထောင်ခွင့်ပေးရန် တိုက်တွန်းနှိုးဆော်ကြောင်း ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင် ရွက်ရေးအသင်းမှ ယနေ့ ထုတ်ပြန်လိုက်သည်။

 

#PeopleMeddia #ရှမ်းပြည်နယ်စစ်ရှောင်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post