• Follow Us on

Home ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ဆုံဆို႔နာ ျဖစ္ပြားသူ ၄၅ ဦး၌ ေသဆုံး သူ ၆ ဦးအထိရွိလာ

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ဆုံဆို႔နာ ျဖစ္ပြားသူ ၄၅ ဦး၌ ေသဆုံး သူ ၆ ဦးအထိရွိလာ

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၇

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ ဆုံဆို႔နာ ျဖစ္ပြားသူ ၄၅ ဦး၌ ၆ ဦးေသဆုံးေၾကာင္း က်န္းမာေရးႏွင့္ အားကစား ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ဆုံဆုိ႔နာ ျဖစ္ပြားမႈအေပၚ ရွမ္းျပည္နယ္ ျပည္သူ႔က်န္းမာေရးဦး စီးဌာနက က်န္းမာေရးစစ္ေဆးမႈမ်ား တာခ်ီ လိတ္၊ မိုင္းဆတ္၊ မိုင္းခတ္၊ မိုင္းျဖတ္ႏွင့္ မိုင္းတုံၿမိဳ႕နယ္မ်ား၌ ေဆာင္ရြက္ရာ စုစုေပါင္းလူနာ ၄၅ ဦးေတြ႕ရွိခဲ့ၿပီး ၆ ဦးေသဆုံးခဲ့ေၾကာင္း ေတြ႔ရွိခဲ့သည္။

ဆုံဆို႔နာသည္ ကာကြယ္ေဆးမထုိးသည့္ အသက္၁၅ႏွစ္ေအာ က္ကေလးမ်ားတြင္ ပိုမိုျဖစ္ပြားေလ့ရွိသည္။

ဆုံဆို႔နာေရာဂါပိုးသည္အသက္ရႈလမ္းေၾကာင္းမွတဆင့္၀င္ေရာက္ကာ အသက္ရႈလမ္းေၾကာင္းရွိ တစ္ရႈးမ်ား အားပ်က္စီးေစျခင္း၊ ၃ ရက္မွ ၄ ရက္အတြင္းဖ်ားျခင္း၊ လည္ေခ်ာင္းေရာင္ျခင္း၊နာျခင္း၊ အစာစားခ်င္စိတ္မရွိ ေတာ့ျခင္း၊ အစာမ်ိဳရခက္ျခင္း၊ အသက္ရႈရခက္ျခင္းတို႔ျဖစ္ပြားကာ ေဆးဝါးကုသမႈမခံယူသူမ်ားတြင္ ေသဆုံးနႈန္း ၅၀ ရာခိုင္နႈန္း၊ ေဆးဝါးကုသမႈခံယူသူမ်ားတြင္လည္း ၁၀ ရာခိုင္နႈန္းေသဆုံးႏႈန္းရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

အဆိုပါရွမ္းအေရွ႕တြင္ျဖစ္ပြားခဲ့သည့္ကေလးမ်ားသည္ အသက္ ၈ ႏွစ္မွ ၁၀ ႏွစ္၀န္းက်င္ကေလးမ်ားျဖစ္ၿပီး လက္ရွိတြင္ ဆုံဆို႔နာ အဆိပ္ေျဖေဆးမ်ား ၀ယ္ယူရန္ႏွင့္ ကာကြယ္ေဆးထိုးျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ ရန္ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာျမင့္ေထြးကေျပာၾကားထားသည္။

#PeopleMedia #က်န္းမာေရး

(unicode)
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာ ဖြစ်ပွားသူ ၄၅ ဦး၌ သေဆုံး သူ ၆ ဦးအထိရှိလာ
…………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၇

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆုံဆို့နာ ဖြစ်ပွားသူ ၄၅ ဦး၌ ၆ ဦးသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဆုံဆို့နာ ဖြစ်ပွားမှုအပေါ် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦး စီးဌာနက ကျန်းမာရေးစစ်ဆေးမှုများ တာချီ လိတ်၊ မိုင်းဆတ်၊ မိုင်းခတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့နယ်များ၌ ဆောင်ရွက်ရာ စုစုပေါင်းလူနာ ၄၅ ဦးတွေ့ရှိခဲ့ပြီး ၆ ဦးသေဆုံးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ဆုံဆို့နာသည် ကာကွယ်ဆေးမထိုးသည့် အသက်၁၅နှစ်အော က်ကလေးများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။

ဆုံဆို့နာရောဂါပိုးသည်အသက်ရှုလမ်းကြောင်းမှတဆင့်ဝင်ရောက်ကာ အသက်ရှုလမ်းကြောင်းရှိ တစ်ရှုးများ အားပျက်စီးစေခြင်း၊ ၃ ရက်မှ ၄ ရက်အတွင်းဖျားခြင်း၊ လည်ချောင်းရောင်ခြင်း၊နာခြင်း၊ အစာစားချင်စိတ်မရှိ တော့ခြင်း၊ အစာမျိုရခက်ခြင်း၊ အသက်ရှုရခက်ခြင်းတို့ဖြစ်ပွားကာ ဆေးဝါးကုသမှုမခံယူသူများတွင် သေဆုံးနှုန်း ၅၀ ရာခိုင်နှုန်း၊ ဆေးဝါးကုသမှုခံယူသူများတွင်လည်း ၁၀ ရာခိုင်နှုန်းသေဆုံးနှုန်းရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါရှမ်းအရှေ့တွင်ဖြစ်ပွားခဲ့သည့်ကလေးများသည် အသက် ၈ နှစ်မှ ၁၀ နှစ်ဝန်းကျင်ကလေးများဖြစ်ပြီး လက်ရှိတွင် ဆုံဆို့နာ အဆိပ်ဖြေဆေးများ ဝယ်ယူရန်နှင့် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက် ရန်ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောကြားထားသည်။

#PeopleMedia #ကျန်းမာရေး


Share this post