• Follow Us on

Home ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် ငွေကျပ် (၁.၁) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် ငွေကျပ် (၁.၁) ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စိုင်းမြင့်ဆန်း မောင်းနှင်လာသည့် ၁၂ ဘီး မော်တော်ယာဉ်ပေါ်၌ ဘိန်းဖြူ ၁၂ ဒသမ ၅၄ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြား သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၆ ရက်ပါ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
 
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၄ ရက်နေ့တွင် ရွာငံမြို့နယ်၊ ရွာငံ-ကျောက် ဆည်သွားကားလမ်း၊ ကျောက်ဂူပြင်ကျေးရွာအနီး၌ ကြိုတင်သတင်းရရှိထားသောကြောင့် စောင့်ဆိုင်းနေ စဉ်တွင် စိုင်းမြင့်ဆန်း(ခ) အိုက်ကျွတ်နေ မောင်းနှင်းပြီး ချမ်းသာ လိုက်ပါသော ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်၏ နောက်ဘော်ဒီအရှေ့ပိုင်းတွင် အံဝှက်ပြုလုပ်၍ ထည့်သွင်းသယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ ဘိန်းဖြူ ၁၂ ဒသမ ၅၄ ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀,၀၀၀ ပြားကို သိမ်း ဆည်းရမိခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ မူးယစ်ဆေးဝါးကို သယ်ဆောင်သူများ၏ ကွင်းဆက်တရားခံများကို ထပ်မံစစ်ဆေးဖော်ထုတ်ရာ ညနေ ပိုင်းတွင် နောင်ချိုမြို့နယ်၊ မိုင်တိုင်အမှတ်(၈၀/၄) အနီး၌ မူးယစ်ဆေးသယ်ဆောင်ခိုင်းသူ စိန်ရွှေနှင့် ရန်ကြားစင် တို့အား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန် သည်။
 
ထိုဖမ်းဆီးရမိသော စိုင်းမြင့်ဆန်း(ခ)အိုက်ကျွတ် (၄၂) နှစ်၊ ချမ်းသာ(၃၆)နှစ်၊ စိန်ရေ ရန်ကြားစင်(၂၇)နှစ် တို့ အား ဥပဒေအရ အမှုဖွင့်အရေးယူထားပြီးဖြစ်ကြောင်းနှင့် သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို ရှမ်းပြည် နယ်၊ မိုင်းရယ်မြို့နယ်မှ မန္တလေးမြို့သို့ပို့ဆောင်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
#PeopleMedia #မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
 
(unicode)
……………………………………………
 
 
 
 
 

Share this post