• Follow Us on

Home ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံတန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Share this post

ရန်ကုန်၊ ဒီဇင်ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)





(unicode)
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံတန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
………………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံတန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြားအရေ အတွက် ၈ သန်းခန့်ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ဖြစ်စဉ်မှာ လွိုင်လင်မြို့ဘက်မှ တောင်ကြီးဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ၆ ဘီးပါ မော်တော် ယာဉ်ကို စစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားကြောင်း အဆိုပါ ထွက်ပြေးသွားသော အမျိုး သားကို လိုက်လံဖမ်းဆီးရာ မိုင်းပွန်မြို့၊ သင်္ချိုင်းအနီး၌ မော်တော်ယာဉ်မောင်းနှင်လာသော ဦးရဲလှိုင်ဝင်းနှင့် ဆာလာအိတ်များအတွင်းမှ ငွေကျပ် ၄ ဘီလီယံ တန်ကြေးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ သန်း ဖမ်းဆီးရမိ ကြောင်း ဖော်ပြပါရှိသည်။

ထိုဖမ်းဆီးရမိသော ဦးရဲလှိုင်ဝင်းအား ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး၊ ထိုသိမ်းဆည်းရမိသည့် စိတ်ကြွရူး သွပ်ဆေးပြားများကို လဲချာမြို့မှ တောင်ကြီးမြို့သို့ သယ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#PeopleMedia #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #စိတ်ကြွရူးသွပ်ဆေး


Share this post