• Follow Us on

Home ရွမ္းျပည္နယ္၊ မဘိမ္းၿမိဳ႕နယ္၊ လဝါရြာ အထက္တန္းေက်ာင္းခြဲ ယေန႔မနက္အေစာပိုင္းတြင္ ရႈိ႔မီးေၾကာင့္ ေက်ာင္းေဆာင္မ်ား မီးေလာင္ဆုံးရႈံး

ရွမ္းျပည္နယ္၊ မဘိမ္းၿမိဳ႕နယ္၊ လဝါရြာ အထက္တန္းေက်ာင္းခြဲ ယေန႔မနက္အေစာပိုင္းတြင္ ရႈိ႔မီးေၾကာင့္ ေက်ာင္းေဆာင္မ်ား မီးေလာင္ဆုံးရႈံး

Share this post

ရန္ကုန္၊ ၾသဂုတ္ ၂၅

ရွမ္းျပည္နယ္၊ မဘိမ္းၿမိဳ႕နယ္၊ လဝါရြာ အထက္တန္းေက်ာင္းခြဲ ယေန႔မနက္အေစာပိုင္းတြင္ ရႈိ႔မီးေၾကာင့္ ေက်ာင္းေဆာင္မ်ား မီးေလာင္ဆုံးရႈံးခဲ့ေၾကာင္း မဘိမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညဳိကအတည္ျပဳေျပာသည္။

ေက်ာင္းေဆာင္မီးေလာင္မႈႏွင့္ပတ္သက္၍ ၾသဂုတ္လ ၂၅ ရက္ people media က ဆက္သြယ္ေမးျမန္းရာတြင္ မဘိမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညဳိကေျပာၾကားခဲ့သည္။

“ရႈိ႔မီးေၾကာင့္ ေက်ာင္းေဆာင္မီးေလာင္သြားတာဟုတ္တယ္ခင္ဗ်။ ၾသဂုတ္လ ၂၅ ရက္ မနက္တစ္နာရီခြဲႏွစ္နာရီ၀န္းက်င္မွာ မိုးမလင္းခင္မွာ ရႈိ႔တယ္လို႔ယူဆတယ္။ ယူဆတယ္ဆိုတာက ေက်ာင္းနဲ႔ဟိုဘက္ဒီဘက္မွာ ဘုန္းႀကီးေက်ာင္းရွိတယ္။ အဲဒီနားမွာရွိတဲ့လူကျမင္လိုက္တဲ့အတြက္ေၾကာင့္ ဘုန္းႀကီးကေနၿပီးေတာ့မွ အသံခ်ဲ႕စက္နဲ႔ေအာ္ၿပီးေတာ့ရြာကိုသတိေပးတယ္။ အဲဒီမွာ မီးကအရွိန္ရသြားေတာ့ ဘာမွမရလိုက္ဘူး။ မီးရႈိ႔တဲ့လူေတာ့ ဖမ္းမိေသးပါဘူး’’ဟု ၎ကေျပာသည္။

အဆိုပါ လဝါရြာ အထက္တန္းေက်ာင္းခြဲရွိ ခ်ယ္ရီေဆာင္သည္ ၂၀၁၄-၂၀၁၅ ခုႏွစ္တြင္ ခြင့္ျပဳရန္ပုံေငြ ၆၄.၈ သန္းျဖင့္ ကုန္က်ခံေဆာက္လုပ္ခဲ့ၿပီး မီးေလာင္ရာတြင္ ခ်ယ္ရီေဆာင္ႏွင့္ အင္ၾကင္းေဆာင္ပါ ပါ၀င္သြားေၾကာင္းသိရသည္။

“ေက်ာင္းေဆာင္ေတြက ဖြင့္ထားတာမၾကာေသးဘူး။ အခုအထက္တန္းေက်ာင္းခြဲက ပညာေရး၀န္ႀကီးဌာနက ျပန္ဖြင့္ခိုင္း တဲ့ေအအဆင့္အထက္တန္းေက်ာင္းထဲပါပါတယ္။ အခုမီးေလာင္သြားေတာ့ကေလးေတြဘယ္လိုစာသင္ၾကမလဲ။ ရြာကဘယ္လို စီစဥ္မလဲမသိေသးဘူး”ဟု မဘိမ္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ညဳိက ထပ္မံေျပာသည္။

#PeopleMedia

(unicode)
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ လဝါရွာ အထက်တန်းကျောင်းခွဲ ယနေ့မနက်အစောပိုင်းတွင် ရှို့မီးကြောင့် ကျောင်းဆောင်များ မီးလောင်ဆုံးရှုံး
………………………………………………………

ရန်ကုန်၊ ဩဂုတ် ၂၅

ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်၊ လဝါရွာ အထက်တန်းကျောင်းခွဲ ယနေ့မနက်အစောပိုင်းတွင် ရှို့မီးကြောင့် ကျောင်းဆောင်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်း မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုကအတည်ပြုပြောသည်။

ကျောင်းဆောင်မီးလောင်မှုနှင့်ပတ်သက်၍ ဩဂုတ်လ ၂၅ ရက် people media က ဆက်သွယ်မေးမြန်းရာတွင် မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုကပြောကြားခဲ့သည်။

“ရှို့မီးကြောင့် ကျောင်းဆောင်မီးလောင်သွားတာဟုတ်တယ်ခင်ဗျ။ ဩဂုတ်လ ၂၅ ရက် မနက်တစ်နာရီခွဲနှစ်နာရီဝန်းကျင်မှာ မိုးမလင်းခင်မှာ ရှို့တယ်လို့ယူဆတယ်။ ယူဆတယ်ဆိုတာက ကျောင်းနဲ့ဟိုဘက်ဒီဘက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ အဲဒီနားမှာရှိတဲ့လူကမြင်လိုက်တဲ့အတွက်ကြောင့် ဘုန်းကြီးကနေပြီးတော့မှ အသံချဲ့စက်နဲ့အော်ပြီးတော့ရွာကိုသတိပေးတယ်။ အဲဒီမှာ မီးကအရှိန်ရသွားတော့ ဘာမှမရလိုက်ဘူး။ မီးရှို့တဲ့လူတော့ ဖမ်းမိသေးပါဘူး’’ဟု ၎င်းကပြောသည်။

အဆိုပါ လဝါရွာ အထက်တန်းကျောင်းခွဲရှိ ချယ်ရီဆောင်သည် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ခွင့်ပြုရန်ပုံငွေ ၆၄.၈ သန်းဖြင့် ကုန်ကျခံဆောက်လုပ်ခဲ့ပြီး မီးလောင်ရာတွင် ချယ်ရီဆောင်နှင့် အင်ကြင်းဆောင်ပါ ပါဝင်သွားကြောင်းသိရသည်။

“ကျောင်းဆောင်တွေက ဖွင့်ထားတာမကြာသေးဘူး။ အခုအထက်တန်းကျောင်းခွဲက ပညာရေးဝန်ကြီးဌာနက ပြန်ဖွင့်ခိုင်း တဲ့အေအဆင့်အထက်တန်းကျောင်းထဲပါပါတယ်။ အခုမီးလောင်သွားတော့ကလေးတွေဘယ်လိုစာသင်ကြမလဲ။ ရွာကဘယ်လို စီစဉ်မလဲမသိသေးဘူး”ဟု မဘိမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုက ထပ်မံပြောသည်။

#PeopleMedia


Share this post