• Follow Us on

Home ရှမ်းပြည်နယ်၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတစ်လုံးအား ရှင်းလင်းနိုင်ခဲ့

ရှမ်းပြည်နယ်၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတစ်လုံးအား ရှင်းလင်းနိုင်ခဲ့

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၁၃ (People Media)

 

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နှင့် ၈ မိုင်ခန့်အကွာရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးတစ်လုံးကို ယနေ့ နံနက်ပိုင်းက ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)ကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးကို တာဝန်ရှိသူများက သတင်းအရ ရှင်းလင်းနိုင်ခဲ့သော်လည်း ပစ်ခတ်ရန် ဆောက်ရွက်သူများကို ဖမ်းဆီးနိုင်ခြင်း မရှိကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်အပေါ် ”စက်ရုံကို ချိန်ထားတာ။ တောင်ကုန်းအမြင့်ကနေ ချိန်ထားတာ။ သတင်းအရ ရှင်း လင်းနိုင်ခဲ့ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ သံမဏီစက်ရုံသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) နှင့် ရုရှားအစိုးရပိုင်ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သည့်စီမံကိန်းတစ်ခုဖြစ်သည်။

 

Photo – အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်)စက်ရုံကို ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး

 

#PeopleMedia #ပင်းပတ်သံမဏိစက်ရုံ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 



Share this post