• Follow Us on

Home ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ

ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများ၌ ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်နေ

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၁၇ (People Media)

 

ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းများရှိရာ နေရာများကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ဦး ဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့တို့ နှစ်ဘက်တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

 

အဆိုပါ ရှမ်းလက်နက်ကိုင်အဖွဲ့တို့သည် နှစ်ဘက် အပစ်ရပ်ရေးအတွက် နှစ်ဖက်ခေါင်းဆောင်များသည် ဇန်နဝါရီ ၇ ရက်နေ့က ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

 

ထိုသို့ ဆွေးနွေးပွဲဖြစ်ပေါ်ပြီးနောက် SSPP နှင့် TNLA ပူးပေါင်းတပ်ဖွဲ့သည် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ပန်ကေတု၊ ဟိုနား၊ ဝမ်ဖွီးကျေးရွာဒေသအနီးတွင် လှုပ်ရှားသည့် RCSS/SSA တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

 

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲ-သီပေါလမ်းမကြီးတစ် လျှောက်ရှိ RCSS/SSA လက်နက်ကိုင်အဖွဲ့ တည်ရှိရာနေရာများ၌ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး ဒေသခံ များသည် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ရလျက်ရှိသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post