• Follow Us on

Home ရှမ်းပြည် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတွင် တရားမ၀င် ကျွန်းသစ်ခွဲ ၁၅ တန်၊ မော်တော်ယာဉ် ၁၃ စီးကို တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိ


Share this post




Photo – Credit

#PeopleMedia

(unicode)
ရှမ်းပြည် တောင်ကြီး – ကျိုင်းတုံ ကားလမ်းတွင် တရားမဝင် ကျွန်းသစ်ခွဲ ၁၅ တန်၊ မော်တော်ယာဉ် ၁၃ စီးကို တရားခံတစ်ဦးနှင့်အတူ ဖမ်းဆီးရမိ
…………………………………………………………

ရှမ်းပြည်နယ် တောင်ကြီး – ကျိုင်းတုံသွား ကားလမ်း လွိုင်လင်မြို့နယ်၊ (၄) မိုင် ကျေးရွာအနီးတွင် အရှေ့ဘက် တောအတွင်းမှ မော်တော်ယာဉ် (၁၃) စီး၊ တရားမဝင် ကျွန်းသစ်ခွဲ (၁၅) တန်ခန့်နှင့်အတူ တရားခံ(၁) ဦးကို လည်း ဇွန်လ ၁ ရက်နေ့တွင် ဖမ်းစီးရမိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။

ထိုတရားခံကို တရားဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသောသစ်များကိုလည်း သက် ဆိုင်ရာရဲစခန်းမှ ထိရောက်စွာ စစ်ဆေးသွားမည်ဖြစ်ကြောင်းလည်း သစ်တောဦးစီးဌာနမှ သတင်းထုတ်ပြန်ထား သည်။

ထိုသို့ ဖမ်းဆီးရမိမှုကို ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း များ၊ အမှတ်(၆၆) ခြေလျင်တပ်ရင်းမှ ဗိုလ်ကြီးဟန်စောထွန်းနှင့်အတူ တပ်မတော်သားများ၊ ခိုလမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့်အတူ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရူသတင်းပို့စနစ် – CMRS အရ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Photo – Credit

#PeopleMedia


Share this post