• Follow Us on

Home ရွမ္းႏွင့္ ရခိုင္ရပ္ကြက္အခ်ိဳ႕ ေရြးေကာက္ပြဲက်င္းပႏိုင္ေၾကာင္း တပ္မေတာ္မွ UEC ထံ ျပန္လည္အႀကံျပဳထား

ရွမ္းႏွင့္ ရခိုင္ရပ္ကြက္အခ်ိဳ႕ ေရြးေကာက္ပြဲက်င္းပႏိုင္ေၾကာင္း တပ္မေတာ္မွ UEC ထံ ျပန္လည္အႀကံျပဳထား

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၄
 
ေရြးေကာက္ပြဲေကာ္မရွင္မွ ေရြးေကာက္ပြဲက်င္းပရန္ ပယ္ဖ်က္ထားသည့္ ရွမ္းျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္က ရပ္ကြက္ေက်းရြာတစ္ခ်ိဳ႕တြင္ ေရြးေကာက္ပြဲ က်င္းပႏိုင္တယ္လို႔ တပ္မေတာ္မွ ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္ကို ျပန္လည္အႀကံျပဳထားတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားအေရးအဖြဲ႕ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
 
ဒီကေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕ သတင္းစာရွင္းပြဲမွာ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက အထက္ပါအတိုင္း ထည့္သြင္းေျပာခဲ့တာ ျဖစ္ပါတယ္။
 
“ေရြးေကာက္ပြဲေကာမရွင္က ကြ်န္ေတာ္တို႔ကို ျပန္လည္ေတာင္းခံထားတာရွိတယ္၊ ကြ်န္ေတာ္ကလည္း ျပန္ၿပီး အႀကံျပဳထားတဲ့ေနရာေတြ ရွိပါတယ္၊ ရွမ္းျပည္နယ္မွာရွိတဲ့ ေဒသအခ်ိဳ႕နဲ႔ ရခိုင္ျပည္နယ္မွာရွိတဲ့ ေဒသအခ်ိဳ႕ ပါပဲ၊ ၿမိဳ႕နယ္အလိုက္ေတာ့ ျပန္ၿပီး အႀကံျပဳထားတာ မရွိပါဘူး၊ အဲ့နယ္ေျမအလိုက္ ရပ္ကြက္ေတြ ေက်းရြာေတြပဲ အႀကံျပဳထားတာ ရွိပါတယ္”လို႔ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
 
ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္၏ ၿပီးခဲ့သည့္က ေရြးေကာက္ပြဲမက်င္းပသည့္ နယ္ေျမမ်ားထုတ္ျပန္ရာ တြင္ တပ္မေတာ္၏ အႀကံျပဳခ်က္ေပၚမႈတည္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာခဲ့မႈေၾကာင့္ ေဝဖန္မႈမ်ားျဖစ္ ေပၚေနလ်က္ရွိေသာ္လည္း အထက္ပါကဲ့သို႔ တပ္မေတာ္အေနျဖင့္ အႀကံျပဳခ်က္ေပးခဲ့ျခင္းသည္ လုံၿခဳံေရးအရ ေပးခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။
 
“တပ္မေတာ္က ႏိုင္ငံေရးပါတီလဲမဟုတ္ပါဘူး၊ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ႏိုင္ငံေရးပါတီလဲ မဟုတ္ပါဘူး ကၽြန္ေတာ္တို႔က ဘယ္ႏိုင္ငံေရးပါတီကိုသာေစ ဘယ္ႏိုင္ငံေရးပါတီကို နာေစဆိုတာ ကၽြန္ေတာ္ တို႔မွာမရွိဘူး ကၽြန္ေတာ္တို႔ရဲ႕ရႈျမင္ခ်က္သည္ လုံၿခဳံေရးအရ ရႈျမင္ခ်က္သာျဖစ္တယ္” ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္း က ေျပာပါတယ္။
 
တပ္မေတာ္အေနနဲ႔ UEC ကို ေရြးေကာက္ပြဲနဲ႔ပတ္သက္ၿပီး ယခင္ အႀကံျပဳထားခ်က္တြင္ ျမန္မာႏိုင္ငံမွာ ၿမိဳ႕နယ္ ၃၃၀ နယ္ေျမရွိၿပီး၊ တပ္မေတာ္အေနနဲ႔ လံုၿခံဳစြာ မဲေပးႏိုင္တဲ့ အာမခံတာ ၂၇၁ နယ္ေျမ၊ တပ္မေတာ္က လံုျခံဳေရး စီမံခ်က္လုပ္ၿပီးမွ မဲေပးႏိုင္မယ့္ ၂၁ နယ္ေျမ၊ လံုၿခံဳေရး အားနည္းတယ္ဆိုတဲ့ နယ္ေျမ ၃၉ နယ္ေျမ ျဖစ္ေၾကာင္း ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ထပ္ေလာင္းေျပာဆိုခဲ့ပါတယ္။
 
#PeopleMedia #Political
 
(unicode)
ရှမ်းနှင့် ရခိုင်ရပ်ကွက်အချို့ ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း တပ်မတော်မှ UEC ထံ ပြန်လည်အကြံပြုထား
……………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၂၄
 
ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲကျင်းပရန် ပယ်ဖျက်ထားသည့် ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်က ရပ်ကွက်ကျေးရွာတစ်ချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်တယ်လို့ တပ်မတော်မှ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်အကြံပြုထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားအရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။
 
“ရွေးကောက်ပွဲကောမရှင်က ကျွန်တော်တို့ကို ပြန်လည်တောင်းခံထားတာရှိတယ်၊ ကျွန်တော်ကလည်း ပြန်ပြီး အကြံပြုထားတဲ့နေရာတွေ ရှိပါတယ်၊ ရှမ်းပြည်နယ်မှာရှိတဲ့ ဒေသအချို့နဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသအချို့ ပါပဲ၊ မြို့နယ်အလိုက်တော့ ပြန်ပြီး အကြံပြုထားတာ မရှိပါဘူး၊ အဲ့နယ်မြေအလိုက် ရပ်ကွက်တွေ ကျေးရွာတွေပဲ အကြံပြုထားတာ ရှိပါတယ်”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
 
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြီးခဲ့သည့်က ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေများထုတ်ပြန်ရာ တွင် တပ်မတော်၏ အကြံပြုချက်ပေါ်မှုတည် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောခဲ့မှုကြောင့် ဝေဖန်မှုများဖြစ် ပေါ်နေလျက်ရှိသော်လည်း အထက်ပါကဲ့သို့ တပ်မတော်အနေဖြင့် အကြံပြုချက်ပေးခဲ့ခြင်းသည် လုံခြုံရေးအရ ပေးခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။
 
“တပ်မတော်က နိုင်ငံရေးပါတီလဲမဟုတ်ပါဘူး၊ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီလဲ မဟုတ်ပါဘူး ကျွန်တော်တို့က ဘယ်နိုင်ငံရေးပါတီကိုသာစေ ဘယ်နိုင်ငံရေးပါတီကို နာစေဆိုတာ ကျွန်တော် တို့မှာမရှိဘူး ကျွန်တော်တို့ရဲ့ရှုမြင်ချက်သည် လုံခြုံရေးအရ ရှုမြင်ချက်သာဖြစ်တယ်” ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
 
တပ်မတော်အနေနဲ့ UEC ကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ယခင် အကြံပြုထားချက်တွင် မြန်မာနိုင်ငံမှာ မြို့နယ် ၃၃၀ နယ်မြေရှိပြီး၊ တပ်မတော်အနေနဲ့ လုံခြုံစွာ မဲပေးနိုင်တဲ့ အာမခံတာ ၂၇၁ နယ်မြေ၊ တပ်မတော်က လုံခြုံရေး စီမံချက်လုပ်ပြီးမှ မဲပေးနိုင်မယ့် ၂၁ နယ်မြေ၊ လုံခြုံရေး အားနည်းတယ်ဆိုတဲ့ နယ်မြေ ၃၉ နယ်မြေ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
 
#PeopleMedia #Political

Share this post