• Follow Us on

Home လကမ္ဘာမှနမူနာများရယူရန် တရုတ်အာကာသယာဉ်ထွက်ခွာ

လကမ္ဘာမှနမူနာများရယူရန် တရုတ်အာကာသယာဉ်ထွက်ခွာ

Share this post

ဘေကျင်း၊ နိုဝင်ဘာ ၂၄
လကမ္ဘာမှကျောက်နမူနာများရယူရန် တရုတ်နိုင်ငံက အာကာသမစ်ရှင်တခုလွှတ်တင်လိုက်သည်။
စက်ရုပ်အာကာသယာဉ် ချန်အီ-၅ က အင်္ဂါနေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံရှိ ၀မ်ချန်းအာကာသလွှတ်တင်စခန်းမှထွက်ခွာခဲ့ပြီး ခရီးစဉ်အောင်မြင်ပါက ဒီဇင်ဘာလလယ်တွင် ကမ္ဘာမြေသို့ပြန်လာမည်ဖြစ်သည်။
လကမ္ဘာမှကျောက်နှင့်မြေဆီလွှာကို ခွဲခြမ်းစိတ်ဖြာလေ့လာရန်အတွက် အမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စုတို့ယူလာခဲ့ပြီးနောက်ပိုင်း နှစ် ၄၀ ကျော်အကြာတွင် ယခုခရီးစဉ်ရှိလာသည်။
ဂြိုဟ်ပတ်ယာဉ်၊ ဂြိုဟ်ဆင်းယာဉ်နှင့် လုပ်ငန်းစဉ်အပြီး ကမ္ဘာ့လေထုထဲပြန်ဝင်လာချိန်တွင် အလွန်မြန်ဆန်ပြီး လေထုနှင့်ပွတ်တိုက်မှုကြောင့်အပူပြင်းထန်သည့်ခရီးစဉ်တွင် ရှင်ကျန်ရစ်ရန် အာကာသယာဉ်အခန်းငယ်ကိုအသုံးပြုမည့်အပြန်ယာဉ်တို့ပါဝင်သော အဆင့်ပေါင်းများစွာပါဝင်သည့်လုပ်ငန်းစဉ်ဖြစ်သည်။
ဂြိုဟ်တုများနှင့်ပြီးခဲ့သည့်ဆယ်စုနှစ်တခုတွင်း လကမ္ဘာခရီးစဉ်များအောင်မြင်ခဲ့ပြီးနောက်ပိုင်း ခရီးစဉ်အောင်မြင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်နေသည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်အာကာသယာဉ် ချန်အီ-၄ က လကမ္ဘာ၏အမှောင်ဘက်ခြမ်းကိုဆင်းသက်ပြီး အာကာသခရီးထွက်ခဲ့ဖူးသည့်မည့်သည့်နိုင်ငံမှမလုပ်နိုင်သေးသည့်လုပ်ဆောင်မှုဖြစ်လာကာ ဂြိုဟ်ဆင်းယာဉ်နှင့်ဂြိုဟ်ပေါ်သွားယာဉ်တို့ပေါင်းစည်းမှုများနောက်ပိုင်းတွင် ယခုခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။
#PeopleMedia
(unicode)
လကမာ္ဘမှနမူနာများရယူရန် တရုတ်အာကာသယာဉ်ထွက်ခွာ
……………………………
ဘေကျင်း၊ နိုဝင်ဘာ ၂၄
လကမာ္ဘမှကျောက်နမူနာများရယူရန် တရုတ်နိုင်ငံက အာကာသမစ်ရှင်တခုလွှတ်တင်လိုက်သည်။
စက်ရုပ်အာကာသယာဉ် ချန်အီ-၅ က အင်္ဂါနေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံရှိ ဝမ်ချန်းအာကာသလွှတ်တင်စခန်းမှထွက်ခွာခဲ့ပြီး ခရီးစဉ်အောင်မြင်ပါက ဒီဇင်ဘာလလယ်တွင် ကမာ္ဘမြေသို့ပြန်လာမည်ဖြစ်သည်။
လကမာ္ဘမှကျောက်နှင့်မြေဆီလွှာကို ခွဲခြမ်းစိတ်ဖြာလေ့လာရန်အတွက် အမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စုတို့ယူလာခဲ့ပြီးနောက်ပိုင်း နှစ် ၄၀ ကျော်အကြာတွင် ယခုခရီးစဉ်ရှိလာသည်။
တတိယမြောက်နိုင်ငံဖြစ်လာရန် တရုတ်နိုင်ငံက ရည်မှန်းထားပြီး အလွန်ရှုပ်ထွေးသောကြိုးစားအားထုတ်မှုဖြင့်ကြိုးစားနေသည်။
ဂြိုဟ်ပတ်ယာဉ်၊ ဂြိုဟ်ဆင်းယာဉ်နှင့် လုပ်ငန်းစဉ်အပြီး ကမာ္ဘ့လေထုထဲပြန်ဝင်လာချိန်တွင် အလွန်မြန်ဆန်ပြီး လေထုနှင့်ပွတ်တိုက်မှုကြောင့်အပူပြင်းထန်သည့်ခရီးစဉ်တွင် ရှင်ကျန်ရစ်ရန် အာကာသယာဉ်အခန်းငယ်ကိုအသုံးပြုမည့်အပြန်ယာဉ်တို့ပါဝင်သော အဆင့်ပေါင်းများစွာပါဝင်သည့်လုပ်ငန်းစဉ်ဖြစ်သည်။
ဂြိုဟ်တုများနှင့်ပြီးခဲ့သည့်ဆယ်စုနှစ်တခုတွင်း လကမာ္ဘခရီးစဉ်များအောင်မြင်ခဲ့ပြီးနောက်ပိုင်း ခရီးစဉ်အောင်မြင်မည်ဟု တရုတ်နိုင်ငံက ယုံကြည်နေသည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်အာကာသယာဉ် ချန်အီ-၄ က လကမာ္ဘ၏အမှောင်ဘက်ခြမ်းကိုဆင်းသက်ပြီး အာကာသခရီးထွက်ခဲ့ဖူးသည့်မည့်သည့်နိုင်ငံမှမလုပ်နိုင်သေးသည့်လုပ်ဆောင်မှုဖြစ်လာကာ ဂြိုဟ်ဆင်းယာဉ်နှင့်ဂြိုဟ်ပေါ်သွားယာဉ်တို့ပေါင်းစည်းမှုများနောက်ပိုင်းတွင် ယခုခရီးစဉ်ပေါ်ထွက်လာခြင်းဖြစ်သည်။
Ref : Chinese spacecraft sets off on Moon sample quest
#PeopleMedia


Share this post