• Follow Us on

Home လက္က်န္ကာလအတြင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရး အေလးထားလုပ္ေဆာင္မည္ဟု ဖိလစ္ပိုင္သမၼတဒူတာေတး ကတိျပဳ

လက္က်န္ကာလအတြင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရး အေလးထားလုပ္ေဆာင္မည္ဟု ဖိလစ္ပိုင္သမၼတဒူတာေတး ကတိျပဳ

Share this post

ေအာက္တိုဘာ ၂၇
လက္က်န္သမၼတသက္တမ္း ႏွစ္ႏွစ္အတြင္း အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးကို အေလးထားလုပ္ေဆာင္ရန္ ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂိုဒူတာေတးက သံႏၷိဌာန္ခ်လိုက္ၿပီး အစိုးရက အဂတိလိုက္စားမႈ တိုက္ဖ်က္ရန္ ႀကိဳးပမ္းေနလင့္ကစား ဖိလစ္ပိုင္နိုင္ငံက ခ်စားမႈမ်ားကို ဆက္လက္ႀကဳံေနရေၾကာင္း ေျပာၾကားလိုက္သည္။
ဖိလစ္ပိုင္နိုင္ငံ၌ အက်င့္ပ်က္ခ်စားမႈမ်ား ဆက္လက္ရွိေၾကာင္း ယေန႔ ျပည္သူလူထုသို႔ေျပာၾကားသည့္ ႐ုပ္သံမိန္႔ခြန္းအတြင္း ဒူတာေတးက ေျပာၾကားသည္။
အစိုးရဌာနမ်ားအတြင္း တာဝန္ရွိသူအခ်ိဳ႕ပါဝင္ေသာ အဂတိလိုက္စားမႈဆိုင္ရာ စုံစမ္းစစ္ေဆးမႈတစ္ရပ္လုပ္ေဆာင္ေနစဥ္ အစိုးရ၏အက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ရန္ လိုအပ္ေၾကာင္း ဒူတာေတးက ေျပာသည္။
“အဂတိလိုက္စားမႈက ျပႆနာတစ္ခုအျဖစ္ ဆက္လက္ရွိေနပါတယ္။ လက္က်န္သမၼတသက္တမ္းမွာ အက်င့္ပ်က္ခ်စားမႈ တိုက္ဖ်က္ေရးမွာ ကၽြန္ေတာ္ အေလးထားလုပ္ေဆာင္မွာျဖစ္ပါတယ္”ဟု ၄င္းကဆိုသည္။
အဂတိလိုက္စားမႈ ေလ်ာ့နည္းသြားေစရန္ အစိုးရက လုပ္ေဆာင္နိုင္မည္ဟုယုံၾကည္ေၾကာင္း ဒူတာေတးကေျပာသည္။
တရားမဝင္ မူးယစ္ေဆးေရာင္းဝယ္ေဖာက္ကားမႈႏွင့္ အစိုးရဌာနမ်ားအတြင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရး လုပ္ ေဆာင္မည့္ကတိမ်ားျဖင့္ ဒူတာေတးက ၂၀၁၆ ခုႏွစ္ သမၼတေရြးေကာက္ပြဲ၌ အနိုင္ရရွိခဲ့သည္။
ဖိလစ္ပိုင္နိုင္ငံ၌ အဂတိလိုက္စားမႈျပႆနာက အျမဲတမ္း စိုးရိမ္စရာကိစၥတစ္ခု ျဖစ္ခဲ့သည္။
Ref; Philippines’ Duterte vows to fight corruption before term ends in 2022
#PeopleMedia
(unicode)
လက်ကျန်ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလေးထားလုပ်ဆောင်မည်ဟု ဖိလစ်ပိုင်သမ္မတဒူတာတေး ကတိပြု
………………………………………
အောက်တိုဘာ ၂၇
လက်ကျန်သမ္မတသက်တမ်း နှစ်နှစ်အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အလေးထားလုပ်ဆောင်ရန် ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက သံန္နိဌာန်ချလိုက်ပြီး အစိုးရက အဂတိလိုက်စားမှု တိုက်ဖျက်ရန် ကြိုးပမ်းနေလင့်ကစား ဖိလစ်ပိုင်နိုင်ငံက ချစားမှုများကို ဆက်လက်ကြုံနေရကြောင်း ပြောကြားလိုက်သည်။
ဖိလစ်ပိုင်နိုင်ငံ၌ အကျင့်ပျက်ချစားမှုများ ဆက်လက်ရှိကြောင်း ယနေ့ ပြည်သူလူထုသို့ပြောကြားသည့် ရုပ်သံမိန့်ခွန်းအတွင်း ဒူတာတေးက ပြောကြားသည်။
အစိုးရဌာနများအတွင်း တာဝန်ရှိသူအချို့ပါဝင်သော အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်လုပ်ဆောင်နေစဉ် အစိုးရ၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ဒူတာတေးက ပြောသည်။
“အဂတိလိုက်စားမှုက ပြဿနာတစ်ခုအဖြစ် ဆက်လက်ရှိနေပါတယ်။ လက်ကျန်သမ္မတသက်တမ်းမှာ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေးမှာ ကျွန်တော် အလေးထားလုပ်ဆောင်မှာဖြစ်ပါတယ်”ဟု ၄င်းကဆိုသည်။
အဂတိလိုက်စားမှု လျော့နည်းသွားစေရန် အစိုးရက လုပ်ဆောင်နိုင်မည်ဟုယုံကြည်ကြောင်း ဒူတာတေးကပြောသည်။
တရားမဝင် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားမှုနှင့် အစိုးရဌာနများအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ် ဆောင်မည့်ကတိများဖြင့် ဒူတာတေးက ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၌ အဂတိလိုက်စားမှုပြဿနာက အမြဲတမ်း စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။
Ref; Philippines’ Duterte vows to fight corruption before term ends in 2022
#PeopleMedia


Share this post