• Follow Us on

Home လက်ဘနွန်ဟစ်ဘိုလာတို့၏ ဒရုန်းတစ်စင်းကိုပစ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်ကြေညာ

လက်ဘနွန်ဟစ်ဘိုလာတို့၏ ဒရုန်းတစ်စင်းကိုပစ်ချခဲ့ကြောင်း အစ္စရေးစစ်တပ်ကြေညာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၄ (People Media)

 

လက်ဘနွန်မှ ရှီရိုက်ဘာသာဝင်ဟစ်ဘိုလာများထံက ပစ်လွှတ်လိုက်ပြီး လွန်ခဲ့သည့်ညက အစ္စရေးလေကြောင်း ပိုင်နက်အတွင်းဝင်ရောက်လာသော ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချလိုက်ကြောင်း အစ္စရေးတပ်မတော်က ကြာသပတေးနေ့ သြဂုတ်လ ၁၂ ရက်နေ့က ကြေညာခဲ့သည်။

 

ဟစ်ဘိုလာများက အစ္စရေးပစ်မှတ်များကို ဒုံးကျည်များဖြင့် တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ပတ်ခန့် အကြာတွင် ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

“ဟစ်ဘိုလာတွေရဲ့ ဒရုန်းဟာ လက်ဘနွန်ထဲကနေ အစ္စရေးလေကြောင်းပိုင်နက်ထဲကို နယ်စပ်မျဉ်းရဲ့အရှေ့ ဘက်ကနေဖြတ်ပြီး မနေ့က ဝင်ရောက်လာတယ်။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေက အဲဒီဒရုန်းကို စောင့်ကြည့်ပြီး အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်။ အစ္စရေးနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်မယ့် ဘယ်လိုကြိုးစားမှုမျိုး ကိုမဆို ဆက်လက်တိုက်ခိုက်သွားမှာပဲဖြစ်တယ်။” ဟု အစ္စရေးတပ်မတော်ကကြေညာခဲ့သည်။

 

ခုနစ်နှစ်အတွင်း လက်ဘနွန်နယ်မြေအတွင်းသို့ အစ္စရေးက ပထမဦးဆုံးအကြိမ်လေကြောင်းပစ်ခတ်မှုဆောင် ရွက်ခဲ့ရာ ဟစ်ဘိုလာတို့ ဒေါသူပုန်ထခဲ့ပြီး ၂၀၁၉ ခုနှစ်ကတည်းကစ၍ ပထမဦးဆုံးအကြိမ်အဖြစ် ဟစ်ဘိုလာ တို့က အစ္စရေးပစ်မှတ်များကို ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သောအားဖြင့် ဒုံးကျည်များဖြင့်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟစ်ဘို လာဘက်ကကြေညာခဲ့သည်။ ဟစ်ဘိုလာများက ဒုံးကျည် ၁၉ စင်းကို ပစ်ခတ်ခဲ့ရာ ဒုံးကျည် ၆ စင်းမှာ အစ္စရေး ပိုင်နက်သို့ကျရောက်ခဲ့ကြောင်း၊ ၃ စင်းကို ပစ်ချနိုင်ခဲ့ပြီး ကျန်ဒုံးကျည်များကို လေကြောင်းရန်ကာကွယ်ရေးစနစ် ကကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးကကြေညာခဲ့သည်။

လွန်ခဲ့သည့်သောကြာနေ့က ပစ်ခတ်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ စစ်ပွဲကြီးတစ်ခုဖြစ်ပွားသည်အထိ အရှိန်မြှင့် တင်လိုစိတ်မရှိကြောင်း အစ္စရေးဘက်ကပြောကြားသလို ဟစ်ဘိုလာခေါင်းဆောင် ဟက်ဆန်နာရှယ်လာက လည်း အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုများအတိုင်း တုံ့ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

 

အစ္စရေးနှင့် လက်ဘနွန်တို့ ၂၀၀၆ ခုနှစ် နွေရာသီတွင် ၃၃ ရက်ကြာစစ်ပွဲတိုက်ခိုက်ခဲ့ကြသည်။ ထိုစစ်ပွဲ၌ လက် ဘနွန်ဘက်က ၁၂၀၀ ဦးသေဆုံးရာ အရပ်သားအများစုဖြစ်ပြီး အစ္စရေးဘက်က ၁၆၀ ဦးသေဆုံးရာ စစ်သားအ များစုဖြစ်သည်။ ထိုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် စစ်ပွဲကို ကုလသမဂ္ဂပံ့ပိုးမှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ပြီးနောက် လက်ဘနွန်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များကို နယ်စပ်တလျှောက်တပ်ဖြန့်ချထားခဲ့ကြောင်းသိရသည်။

 

Ref: Israel Says It Shot Down Drone From Lebanon’s Hezbollah

 

#PeopleMedia #International

 

(unicode)


……………………………………………………………..

 


 


 


 


 


 



 


 

Ref: Israel Says It Shot Down Drone From Lebanon’s Hezbollah

 

#PeopleMedia #International


Share this post