• Follow Us on

Home လက်ဘနွန်မြို့တော်ဘေရွတ်တွင် လောင်စာဆီကန်ပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၄ ယောက်သေဆုံး


Share this post

ဘေရွတ်၊ အောက်တိုဘာ ၁၀
 
 
 
 
 
 
 
#Peoplemedia
 
(unicode)
လက်ဘနွန်မြို့တော်ဘေရွတ်တွင် လောင်စာဆီကန်ပေါက်ကွဲမှုဖြစ်ပွား၊ အနည်းဆုံး ၄ ယောက်သေဆုံး
…………………………………………………
 
ဘေရွတ်၊ အောက်တိုဘာ ၁၀
 
လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်မှလူနေထူထပ်သည့်နေရာတွင် လောင်စာဆီကန်ပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ ၄ ယောက်သေဆုံးပြီး အယောက် ၂၀ ဒဏ်ရာရခဲ့သည်။
 
တာရစ်အယ်ဒီဒီခရိုင်တွင် လောင်စာဆီကန်မီးစွဲလောင်ပြီးနောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုမီးလောင်မှုနှင့်ပတ်သက်၍ အစိုးရက တစုံတရာထုတ်မပြောသေးချေ။
 
ကယ်ဆယ်ရေးအားထုတ်မှုများဆက်လက်လုပ်ဆောင်နေသည်။ နောက်ဆုံးပေါက်ကွဲမှုသည် ဘဏ္ဍာရေးအကြပ်အတည်းနှင့်ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါတို့ဖြစ်ပွားနေချိန်တွင် ဖြစ်ပွားလာခြင်းဖြစ်သည်။
 
သြဂုတ်လတုန်းက ဆိပ်ကမ်းတွင် ပေါက်ကွဲမှုကြောင့် လူ ၂၀၃ ယောက်သေဆုံးခဲ့သည့်မြို့တွင် ထိပ်လန့်မှုများပြန်လည်ဖြစ်ပေါ်နေသည်။
 
ထိုပေါက်ကွဲမှုသည် နျူကလီးယားမဟုတ်သောပေါက်ကွဲမှုများထဲမှအကြီးဆုံးများထဲတွင်ပါဝင်သည်ဟု ကျွမ်းကျင်သူများကပြောသည်။
 
Ref : Lebanon explosion Deadly fuel tank blast rocks Beirut
 
#Peoplemedia

Share this post