• Follow Us on

Home လက္ရွိက်င့္သုံးေနသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ကို တပ္မေတာ္က စတင္လမ္းခင္းေပးခဲ့တာျဖစ္၊ ဒို႔တာဝန္ အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္ရွိသည့္ မည္သည့္ပါတီႏွင့္မဆို လက္တြဲေဆာင္ရြက္မည္ဟု တပ္ခ်ဳပ္ ေျပာဆို

လက္ရွိက်င့္သုံးေနသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ကို တပ္မေတာ္က စတင္လမ္းခင္းေပးခဲ့တာျဖစ္၊ ဒို႔တာဝန္ အေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္ရွိသည့္ မည္သည့္ပါတီႏွင့္မဆို လက္တြဲေဆာင္ရြက္မည္ဟု တပ္ခ်ဳပ္ ေျပာဆို

Share this post

ရန္ကုန္၊ ႏိ္ုဝင္ဘာ – ၆

 

လက္ရွိက်င့္သုံးေနသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ကို တပ္မေတာ္က စတင္လမ္းခင္းေပးခဲ့တာျဖစ္ေၾကာင္း၊ ဒို႔တာဝန္ေရးသုံးပါးကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္ရွိသည့္ မည္သည့္ပါတီႏွင့္မဆို လက္တြဲေဆာင္ ရြက္မည္ဟု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ဂ်ပန္ႏိုင္ငံ၊ အဆာဟိရွင္ဘြန္း သတင္းစာ၏ ေမးျမန္းမႈကို ေျဖၾကားခဲ့တာလည္း ျဖစ္ပါတယ္။

 

ဂ်ပန္ႏိုင္ငံအေျခစိုက္ အဆာဟိရွင္ဘြန္း သတင္းစာသည္ တပ္ခ်ဳပ္ကို ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ တပ္မေတာ္၏ရပ္တည္ခ်က္၊ ဖြဲ႕စည္းပုံျပင္ဆင္ႏိုင္ေရး၊ တိုင္းရင္သားအေရး၊ ၿငိမ္းခ်မ္းေရး၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းရွိ ဘဂၤလီအေရးစသည့္တို႔ကို ေမးျမန္းခဲ့တာလည္း ျဖစ္ပါတယ္။

 

“လက္ရွိက်င့္သုံးေနတဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို တပ္မေတာ္က စတင္လမ္းခင္းေပးခဲ့တာျဖစ္ပါတယ္။ ပါတီစုံ ဒီမိုကေရစီစနစ္ရဲ႕ အသက္ဟာ ေရြးေကာက္ပြဲပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ေရြးေကာက္ပြဲဟာ လြက္လပ္ၿပီး တရား မွ်တတဲ့ ေရြးေကာက္ပြဲ ျဖစ္ဖို႔လိုပါတယ္လို႔ ကၽြန္ေတာ္မၾကာခဏ ေျပာၿပီးျဖစ္ပါတယ္” တပ္ခ်ဳပ္က ေျပာပါတယ္။

 

ထို႔အတူ “တပ္မေတာ္အေနနဲ႔ ႏိုင္ငံေရးပါတီတစ္ခုကို ေထာက္ခံ/မေထာက္ခံဆိုတာကေတာ့ ၎တို႔ပါတီေတြရဲ႕ ႏိုင္ငံေရးဦးတည္ခ်က္နဲ႔လုပ္ေဆာင္ခ်က္ေတြကိုပဲ ၾကည့္ရပါမယ္။ တပ္မေတာ္အေနနဲ႔ကေတာ့ ျပည္ေထာင္စု မၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးလို႔ဆိုတဲ့ ဒို႔တာဝန္အေရးသုံးပါးကို ကာကြယ္ေစာင့္ ေရွာက္လိုစိတ္ရွိတဲ့ မည္သည့္ပါတီနဲ႔မဆို လက္တြဲေဆာင္ရြက္သြားဖို႔ ဆႏၵရွိပါတယ္လို႔” တပ္ခ်ဳပ္က ေျပာပါ တယ္။

 

မွတ္ခ်က္ ။   ။ ဂ်ပန္ႏိုင္ငံ၊ အဆာဟိရွင္ဘြန္း သတင္းစာႏွင့္ တပ္ခ်ဳပ္၏ ေတြ႕ဆုံေမးျမန္းမႈ အျပည့္အစုံးကို ထပ္မံေဖာ္ျပေပးထားသည္။

 

#PeopleMedia #တပ္မေတာ္ #2020election

 

(Unicode)

လက်ရှိကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်က စတင်လမ်းခင်းပေးခဲ့တာဖြစ်၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင်ရွက်မည်ဟု တပ်ချုပ် ပြောဆို
………………………………………….

ရန်ကုန်၊ နိ်ုဝင်ဘာ – ၆

လက်ရှိကျင့်သုံးနေသည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို တပ်မတော်က စတင်လမ်းခင်းပေးခဲ့တာဖြစ်ကြောင်း၊ ဒို့တာဝန်ရေးသုံးပါးကို ကာကွယ်စောင့်ရှောက်လိုစိတ်ရှိသည့် မည်သည့်ပါတီနှင့်မဆို လက်တွဲဆောင် ရွက်မည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်နိုင်ငံ၊ အဆာဟိရှင်ဘွန်း သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံအခြေစိုက် အဆာဟိရှင်ဘွန်း သတင်းစာသည် တပ်ချုပ်ကို ရွေးကောက်ပွဲနှင့်ပတ်သက်၍ တပ်မတော်၏ရပ်တည်ချက်၊ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး၊ တိုင်းရင်သားအရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ဘင်္ဂလီအရေးစသည့်တို့ကို မေးမြန်းခဲ့တာလည်း ဖြစ်ပါတယ်။

“လက်ရှိကျင့်သုံးနေတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို တပ်မတော်က စတင်လမ်းခင်းပေးခဲ့တာဖြစ်ပါတယ်။ ပါတီစုံ ဒီမိုကရေစီစနစ်ရဲ့ အသက်ဟာ ရွေးကောက်ပွဲပဲဖြစ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ လွက်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့လိုပါတယ်လို့ ကျွန်တော်မကြာခဏ ပြောပြီးဖြစ်ပါတယ်” တပ်ချုပ်က ပြောပါတယ်။

ထို့အတူ “တပ်မတော်အနေနဲ့ နိုင်ငံရေးပါတီတစ်ခုကို ထောက်ခံ/မထောက်ခံဆိုတာကတော့ ၎င်းတို့ပါတီတွေရဲ့ နိုင်ငံရေးဦးတည်ချက်နဲ့လုပ်ဆောင်ချက်တွေကိုပဲ ကြည့်ရပါမယ်။ တပ်မတော်အနေနဲ့ကတော့ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလို့ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်လိုစိတ်ရှိတဲ့ မည်သည့်ပါတီနဲ့မဆို လက်တွဲဆောင်ရွက်သွားဖို့ ဆန္ဒရှိပါတယ်လို့” တပ်ချုပ်က ပြောပါ တယ်။

မှတ်ချက် ။ ။ ဂျပန်နိုင်ငံ၊ အဆာဟိရှင်ဘွန်း သတင်းစာနှင့် တပ်ချုပ်၏ တွေ့ဆုံမေးမြန်းမှု အပြည့်အစုံးကို ထပ်မံဖော်ပြပေးထားသည်။

#PeopleMedia #တပ်မတော် #2020election


Share this post