• Follow Us on

Home လက်ရှိအချိန်အထိ ပြည်တွင်း၌ အိုမီခရွန်ရောဂါပိုးမတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးပြောဆို

လက်ရှိအချိန်အထိ ပြည်တွင်း၌ အိုမီခရွန်ရောဂါပိုးမတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ (People Media)

 

လက်ရှိအချိန်အထိ ပြည်တွင်း၌ အိုမီခရွန်ရောဂါပိုးမတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

 

ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန် ကာကွယ်တားဆီးနိုင်ရေး ဝန်ကြီးဌာနများအကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးသည် နိုင်ငံပေါင်း (၈၅)နိုင်ငံတွင် ကူးစက်ဖြစ်ပွားလျက်ရှိပြီး အရှေ့တောင်အာရှဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ တွင်လည်း တွေ့ရှိနေရပြီဖြစ်ကြောင်း၊ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ဝင်ရောက်လာမှု စောင့်ကြပ်ကြည့် ရှုခြင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ တပ်မတော်ဆေးသုတေသနတပ်တို့နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြုဓာတ်ခွဲခန်းများတွင် ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ထားနိုင်နေပြီဖြစ်ပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးတွေ့ရှိနှုန်းအနေဖြင့် (၂) ရာခိုင်နှုန်းခန့်သာရှိသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မျိုးရိုးဗီဇပြောင်းရောဂါပိုး အိုမီခရွန်အဖြစ် စတင်ကြေညာသည့်အချိန်ကပင် မိမိ တို့နိုင်ငံအတွင်းသို့ အဆိုပါရောဂါပိုးဝင်ရောက်ကူးစက်မှု မဖြစ်ပွားစေရေး‌တောင် အာဖရိကနှင့် ဘော့ဆွာ နာနိုင်ငံများမှ ခရီးသည်ဝင်ရောက်မှုများ၏ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

 

မိမိတို့နိုင်ငံအနေဖြင့်လည်း ရှေ့တွင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လှိုင်းများသည် နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက အတန်ငယ်နောက်ကျ၍ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါ၍ ယခု အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုး ဝင် ရောက်မလာစေရေး တတ်နိုင်သမျှ အချိန်ကြာကြာ တားဆီးထားနိုင်ခြင်းဖြင့် ပြည်တွင်း၌ ကာကွယ်ဆေးလွှမ်း ခြုံမှု ပိုမိုမြှင့်တင်ထားရှိနိုင်ခြင်းနှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ပိုမိုပြင်ဆင်ဆောင်ရွက်နိုင်မည် ဖြစ်ပြီး ရောဂါပိုးဆိုင်ရာအချက်အလက်များကို ပိုမိုသိရှိနိုင်မည်ဖြစ်ပြီး ပြင်ဆင်ကာကွယ်မှုများပြုလုပ်ရန် အချိန်ပို မိုရရှိမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #COVID19 #အိုမီခရွန်ရောဂါ #ကျန်းမာရေးဝန်ကြီးဌာန

 

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post