• Follow Us on

Home လက္ရွိအစိုးရမသိဘဲ ယခင္အစိုးရေဆာက္လုပ္ခြင့္ေပးခဲ့သည့္ အေဆာက္ဦးမ်ားအပါအ၀င္ ခြင့္ျပဳခ်က္မဲ့ အေဆာက္အဦးမ်ား အေရးယူသြားမည္ဟု မေကြးတိုင္း၀န္ႀကီးခ်ဳပ္ေျပာ

လက္ရွိအစိုးရမသိဘဲ ယခင္အစိုးရေဆာက္လုပ္ခြင့္ေပးခဲ့သည့္ အေဆာက္ဦးမ်ားအပါအ၀င္ ခြင့္ျပဳခ်က္မဲ့ အေဆာက္အဦးမ်ား အေရးယူသြားမည္ဟု မေကြးတိုင္း၀န္ႀကီးခ်ဳပ္ေျပာ

Share this post

မေကြး၊ ေဖေဖၚဝါရီ ၈

မေကြးတိုင္းေဒသႀကီး၌ ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ထားသည့္ အေဆာက္အဦးအခ်ိဳ႕ကို စိစစ္အေရးယူသြား မည္ျဖစ္ေၾကာင္း တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံမွသတင္းရရွိသည္။ လက္ရွိတြင္ ၿမိဳ႕နယ္မ်ားအလိုက္ ခြင့္ျပဳခ်က္ မရွိဘဲေဆာက္လုပ္ထားသည့္ အေဆာက္အဦးမ်ားကို သက္ဆိုင္ရာဌာနမ်ားက ေသခ်ာစြာ စိစစ္ေကာက္ယူ တင္ျပရန္ မေကြးတိုင္း၀န္ႀကီးခ်ဳပ္က ၫႊတ္ၾကားထားေၾကာင္းလည္းသိရသည္။

“အရင္အစိုးရလက္ထက္က ေဆာက္လုပ္ခြင့္ေပးထားလို႔ လက္ရွိအစိုးရမသိလိုက္ရတာေတြရွိတယ္၊ မေကြးမွာ ပုဂၢလိကေဆးရံုတစ္ခု မင္းဘူးမွာက ငါးထပ္ျမင့္ေဆာက္လုပ္ဆဲအေဆာက္အဦးတစ္လံုးရွိတယ္ မင္းဘူးကဟာ က ၇၅ ရာခိုင္ႏႈန္းေလာက္ ၿပီးစီးမွခြင့္ျပဳမိန္႔ဆိုၿပီး တိုင္းအစိုးရကိုလာၿပီး တင္ျပထားတယ္။ ဘယ္လိုခြင့္ျပဳရမွာလဲ စည္းမဲ့ကမ္းမဲ့ျဖစ္ေနတယ္။ စည္းကမ္းနဲ႔အညီ ေဆာက္လုပ္ခြင့္ကို ရပ္ခိုင္းထားတယ္” ဟု မေကြးတိုင္း၀န္ႀကီး ခ်ဳပ္ေဒါက္တာေအာင္မိုးညိဳကေျပာသည္။

မေကြးၿမိဳ႕တြင္ခြင့္ျပဳခ်က္မရွိဘဲ ေဆာက္လုပ္ေနသည့္ အေဆာင္အဦးေပါင္း ၃၀ ခန္႔ရွိၿပီး စိစစ္ေတြ႕ရွိခ်က္အရ စည္းမ်ဥ္းစည္းကမ္းႏွင့္ မညီသည့္အေဆာက္အဦးမ်ားကို စည္ပင္နည္းဥပေဒအတိုင္း ဆက္လက္အေရးယူ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းလည္း၀န္ႀကီးခ်ဳပ္ကေျပာၾကားခဲ့သည္။

#သက္ေနာင္

#PeopleMedia

(unicode)
လက်ရှိအစိုးရမသိဘဲ ယခင်အစိုးရဆောက်လုပ်ခွင့်ပေးခဲ့သည့် အဆောက်ဦးများအပါအဝင် ခွင့်ပြုချက်မဲ့ အဆောက်အဦးများ အရေးယူသွားမည်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော ……………………………………………………………….

မကွေး၊ ဖေဖေါ်ဝါရီ ၈

မကွေးတိုင်းဒေသကြီး၌ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦးအချို့ကို စိစစ်အရေးယူသွား မည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှသတင်းရရှိသည်။ လက်ရှိတွင် မြို့နယ်များအလိုက် ခွင့်ပြုချက် မရှိဘဲဆောက်လုပ်ထားသည့် အဆောက်အဦးများကို သက်ဆိုင်ရာဌာနများက သေချာစွာ စိစစ်ကောက်ယူ တင်ပြရန် မကွေးတိုင်းဝန်ကြီးချုပ်က ညွှတ်ကြားထားကြောင်းလည်းသိရသည်။

“အရင်အစိုးရလက်ထက်က ဆောက်လုပ်ခွင့်ပေးထားလို့ လက်ရှိအစိုးရမသိလိုက်ရတာတွေရှိတယ်၊ မကွေးမှာ ပုဂ္ဂလိကဆေးရုံတစ်ခု မင်းဘူးမှာက ငါးထပ်မြင့်ဆောက်လုပ်ဆဲအဆောက်အဦးတစ်လုံးရှိတယ် မင်းဘူးကဟာ က ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးမှခွင့်ပြုမိန့်ဆိုပြီး တိုင်းအစိုးရကိုလာပြီး တင်ပြထားတယ်။ ဘယ်လိုခွင့်ပြုရမှာလဲ စည်းမဲ့ကမ်းမဲ့ဖြစ်နေတယ်။ စည်းကမ်းနဲ့အညီ ဆောက်လုပ်ခွင့်ကို ရပ်ခိုင်းထားတယ်” ဟု မကွေးတိုင်းဝန်ကြီး ချုပ်ဒေါက်တာအောင်မိုးညိုကပြောသည်။

မကွေးမြို့တွင်ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်နေသည့် အဆောင်အဦးပေါင်း ၃၀ ခန့်ရှိပြီး စိစစ်တွေ့ရှိချက်အရ စည်းမျဉ်းစည်းကမ်းနှင့် မညီသည့်အဆောက်အဦးများကို စည်ပင်နည်းဥပဒေအတိုင်း ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။

#သက်နောင်

#PeopleMedia


Share this post