• Follow Us on

Home လက်ရှိရွေးကောက်ပွဲ အငြင်းပွားမှုများကိုဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ UEC အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများထံ ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီတောင်းဆို

လက်ရှိရွေးကောက်ပွဲ အငြင်းပွားမှုများကိုဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ UEC အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများထံ ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီတောင်းဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဒီမိုကရေစီခိုင်မာရေးအတွက် လက်ရှိရွေးကောက်ပွဲအငြင်းပွားမှုများကိုဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတ၊ UEC အပါအဝင် ပြည်ထောင်စုအဖွဲ့အစည်းများထံ ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီတောင်းဆိုသည့် ထုတ်ပြန်ချက်အား ဇန်နဝါရီ ၁၄ ရက်ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် တပ်မတော်မှ မဲစာရင်းမှားယွင်းမှုများကို စာရင်းဇယားဖြင့် တိတိကျကျစစ်ဆေးထုတ်ပြန်ခဲ့ခြင်း၊ နိုင်ငံရေးပါတီအသီးသီးနှင့် တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့များ၏လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်ဆွေး နွေးခြင်းတို့ကို မဆောင်ရွက်နိုင်ခဲ့သည့်အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းများ အောင်မြင်စွာပြီး မြောက်ကြောင်း ကြေညာခြင်းကိုလည် မပြုတော့ဘဲ တတိယအကြိမ်လွှတ်တော်ခေါ်ယူလိုက်ခြင်းတို့ ဖော်ပြပါရှိသည်။

ထို့အပြင် ရွေးကောက်ပွဲပါတီအချို့မှလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်လျှောက်ထားဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် စာချွန်တော်လက်ခံရန် သင့်၊ မသင့်ကြားနာရန်ရှိပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လွတ်လပ်စွာ တရားစီရင် ရေးစနစ်ကို အကောင်အထည်ဖော်နိုင်စွမ်းရှိ၊ မရှိ မှတ်ကျောက်တင်ခံရမည့်ကာလဖြစ်သည့်အတွက် ပြည်သူလူထု၏ စိတ်ဝင်စား မှုမြင့်တက်နေသော အချိန်ကာလဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိဖြစ်ပေါ်နေသောရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနှင့် အထက်ပါအခြေအနေအရပ်ရပ်များအတွက် တာဝန်ရှိကြသော နိုင်ငံတော်အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အားလည်းကောင်း၊ ပြည်ထောင်စုလွှတ်တော်နာယကအားလည်းကောင်း၊ ပြည် ထောင်စုတရားလွှတ်တော်ချုပ်အားလည်းကောင်း၊ ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဥပဒေနှင့်အညီ ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အလေးအနက်ထားတိုက်တွန်းတောင်းဆိုကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။

#PeopleMedia #PPP

(unicode)






#PeopleMedia #PPP


Share this post