• Follow Us on

Home လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ NCA စာချုပ်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း ဖြင့်ဖြေရှင်းရန် ကြိုးပမ်းမယ်လို့ PPST ခေါင်းဆောင်နိုင်အောင်မင်းပြောဆို

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာမှာ NCA စာချုပ်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်း ဖြင့်ဖြေရှင်းရန် ကြိုးပမ်းမယ်လို့ PPST ခေါင်းဆောင်နိုင်အောင်မင်းပြောဆို

Share this post

နေပြည်တော်၊ စက်တင်ဘာ ၇ (People Media)

 

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ NCA စာချုပ်ရဲ့ အနှစ်သာရကို အခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်သွား မယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ယနေ့ ကျင်းပတဲ့ အစည်းအဝေးအဖွင့်မိန့်ခွန်းမှာ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားခဲ့ပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်အောင် NCA စာချုပ် အသိသက်သေနိုင်ငံများနဲ့ အဖွဲ့အစည်းများကို ကြားဝင် စေ့စပ်ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံခဲ့ပြီး၊ ဤတွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းလုပ်ဆောင်လျက်ရှိတယ်လို့ ၎င်းက ဆိုပါတယ်။

 

တဖက်တွင်လည်း အာဆီယံ သဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် မကြာမီ ပြည်တွင်းကို လာရောက်မယ့် အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အာရီဝမ် ယူဆွတ်နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ ကြိုးပမ်းဆက်သွယ်ဆောင်ရွက်နေတယ်လို့ ၎င်းက ထပ်မံပြောပါတယ်။

 

ထိုပြင် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးနိုင်ဖို့ လေးလတာ အပစ်ရပ်ပေးရေး အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်ကိုလည်း ကြိုဆိုကြောင်း၊ ဤလူသားချင်းစာနာမှုဆိုင်ရာ အထောက် အပံ့ပေးရေး လုပ်ငန်းကို တက်နိုင်သမျှ လက်တွဲကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ဦးဆောင်မှုအလုပ်အဖွဲ့ ခေါင်းဆောင် နိုင်မင်းအောင်က ပြောကြားခဲ့ပါတယ်။

 

#PeopleMedia #Peace #PPST

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 

#PeopleMedia #Peace #PPST


Share this post