• Follow Us on

Home လင်းနို့အသားညှပ်ပေါင်မုန့်စားနေသည့်ပုံဖြင့် သြစတြေးလျကြော်ငြာ စုံစမ်းစစ်ဆေးခံရ

လင်းနို့အသားညှပ်ပေါင်မုန့်စားနေသည့်ပုံဖြင့် သြစတြေးလျကြော်ငြာ စုံစမ်းစစ်ဆေးခံရ

Share this post

ဆစ်ဒနီ၊ ဇန်နဝါရီ ၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

လူတယောက်က လင်းနို့အသားညှပ်ပေါင်မုန့်စားနေသည့်ပုံဖြင့် ကြော်ငြာတခုကို သြစတြေးလျကြော်ငြာ လုပ်ငန်းစောင့်ကြည့်အဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

ငါးမျှားစခန်းချသည့်ပစ္စည်းများရောင်းချသော BCF ကုမ္ပဏီ၏ကြော်ငြာကို ယူတျူ့တွင် ကြည့်ရှုသူ ၂၅၀၀၀၀ ကျော်ရှိနေသည်။

ကြော်ငြာထဲတွင် လူတယောက်က လင်းနို့ကိုစားရာမှ ကမ္ဘာ့ကပ်ရောဂါဖြစ်လာကြောင်း ဟာသလုပ်ထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ တောရိုင်းတိရစ္ဆာန်ဈေးတခုမှ စတင်တွေ့ရှိခဲ့သော်လည်း ဗိုင်းရပ်စ်သန္ဓေတည်ရာနှင့် ပျံ့နှံ့ပုံကို တိတိကျကျဖော်ပြသည့်သက်သေမရှိသေးချေ။

စိတ်နှလုံးပေါ့ပါးစေသည့်ဈေးကွက်မြှင့်တင်ရေးစည်းရုံးလှုံ့ဆော်မှုသည် ယခုနှစ်နွေရာသီတွင် သြစတြေး လျနိုင်ငံအများအပြားအိမ်တွင်နေပြီး နောက်ဖေးတွင် ငါးမျှားရန်တိုက်တွန်းခြင်းဖြစ်ကြောင်း BCF ကုမ္ပဏီ ပြောခွင့်ရသူတယောက်က အစောပိုင်းတွင် သြစတြေးလျမီဒီယာများကိုပြောသည်။

BCF သည် သြစတြေးလျနိုင်ငံ၏ကြော်ငြာစောင့်ကြည့်ရေးအေဂျင်စီနှင့် မစိမ်းဘဲ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့ တွင်လည်း ဝေဖန်ခံရမှုအများဆုံးကြော်ငြာများပြုလုပ်ခဲ့သည်။

Ref : Australian advert of man eating bat sandwich investigated

#PeopleMedia

(unicode)
………………………………………….








Ref : Australian advert of man eating bat sandwich investigated

#PeopleMedia


Share this post