• Follow Us on

Home လစာေပးစရာပင္မက်န္ျဖစ္ခဲ့ရသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး အရႈံးေပၚျခင္းမွာ ေကာ္ပိုရိတ္ျပဳလုပ္ ျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ေျပာၾကား

လစာေပးစရာပင္မက်န္ျဖစ္ခဲ့ရသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး အရႈံးေပၚျခင္းမွာ ေကာ္ပိုရိတ္ျပဳလုပ္ ျခင္းေၾကာင့္ျဖစ္ေၾကာင္း ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္ေျပာၾကား

Share this post

ေနျပည္ေတာ္၊ ဇူလိုင္ ၂၂

လစာေပးစရာပင္မက်န္ျဖစ္ခဲ့ရသည့္ ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး အရႈံးေပၚျခင္းမွာ ေကာ္ပိုရိတ္ျပဳလုပ္ ျခင္းေၾကာင့္ ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ေမာင္က ေျပာသည္။

ေနျပည္ေတာ္တြင္ ဇူလိုင္၂၂ ရက္က်င္းပသည့္ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ အရႈံးေပၚရသည့္ဌာန ၆ ခု အေၾကာင္းအား ရွင္းလင္းရာတြင္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးသန္႔ စင္ေမာင္ကေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးအေၾကာင္းေျပာရရင္ ၂၀၁၃-၁၄ ကေနၿပီးေတာ့ ဘာမွအဆင္သင့္မျဖစ္ေသး ဘဲနဲ႔ ဘတ္ဂ်က္အျပင္ကေန ေဆာင္ရြက္ခဲ့တယ္။ အရင္းအႏွီးဆိုၿပီးေတာ့ ၅ ဘီလီယံကေန ၆ ဘီလီယံထိေပးခဲ့ တယ္။ ၂၀၁၆-၁၇ကြ်န္ေတာ္တို႔အစိုးရလက္ထက္ေရာက္တဲ့အခါမွာ ၀န္ထမ္းေတြကိုလစာေပးစရာမက်န္ေတာ့ တဲ့အတြက္ေၾကာင့္မို႔လို႔ ဥပေဒကိုကမန္းကတမ္းျပင္ဆင္ ဒီလႊတ္ေတာ္ကဘဲျပင္ဆင္ေပးခဲ့တာ။ အဲဒီျပင္ဆင္ေပး ခဲ့တဲ့ ဥပေဒနဲ႔အညီဘတ္ဂ်က္အတြင္းကို ျပန္လည္ထည့္သြင္းၿပီးေတာ့ အစိုးရေပၚမွာ ျပန္လည္မွီခိုခဲ့ရပါတယ္။ ေရယာဥ္သစ္ဆိုလို႔လည္းပဲ ရန္ကုန္-ဒလကူးတို႔ ၃ စီး၊ ရခိုင္ျပည္နယ္အတြက္ ဂ်ပန္အစိုးရကအကူအညီေပးတဲ့ သေဘာၤ၃စီးပဲရွိပါတယ္။ အားလုံးနီးပါးက အိုေဟာင္းယိုယြင္းေနတဲ့ေရယာဥ္ေတြပါပဲ။ ၀န္ထမ္းဦးေရကေတာ့ အရင္တုန္းက ၈၀၀၀ ေက်ာ္ရွိခဲ့ရာကေန အခုေတာ့ ၃၀၀၀ ေလာက္ပဲ က်န္ပါေတာ့တယ္။ တကယ့္အေျဖက ေတာ့ တစ္စိတ္တစ္ပိုင္းေကာ္ပိုရိတ္ျပဳလုပ္ျခင္းနဲ႔ တစ္ခုလုံးေကာ္ပိုရိတ္ျပဳလုပ္ျခင္းဟာ အေျဖျဖစ္ပါတယ္” ဟု ၎ကေျပာသည္။

ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရးအေနျဖင့္ ၀န္ထမ္းလစာစရိတ္က ၅ ဒသမ ၄ ဘီလီယံ၊ ျပင္ဆင္စရိတ္က ၄ ဘီလီယံ၊ တန္ဖိုးေလွ်ာ့ ၂ ဒသမ ၆ ဘီလီယံရွိခဲ့ၿပီး ၎ ၃ ခုေပါင္းပါက ကုန္က်စရိတ္စုစုေပါင္း၏ ၈၃ ဒသမ ၂၆ ရာခိုင္နႈန္းျဖစ္ကာ ၀င္ေငြမွာ ၅ ဘီလီယံသာရွိေသာေၾကာင့္ အရႈံးေပၚေၾကာင္းျပည္ေထာင္စု၀န္ႀကီး ဦးသန္႔စင္ ေမာင္က ေျပာသည္။

“၂၀၁၉-၂၀မွာဘာလုပ္သလဲဆိုေတာ့ ဒီျပင္ဆင္ထိန္းသိမ္းစရိတ္ေတြကမ်ားၿပီးေတာ့ ေစ်းကြက္လုံး၀မရွိတဲ့ စီးပြားေရးတြက္ေျခမကိုက္တဲ့ေရယာဥ္ေဟာင္းေတြကို ဌာနပိုင္စာရင္းကေန ပယ္ဖ်က္ႏိုင္ေအာင္ ဘ႑ေရး လုပ္ထုံးလုပ္နည္းမ်ားနဲ႔အညီ ျပင္ဆင္ေနပါတယ္”ဟု ျပည္ေထာင္စု၀န္ႀကီးကထပ္မံေျပာသည္။

#PeopleMedia

(unicode)
လစာပေးစရာပင်မကျန်ဖြစ်ခဲ့ရသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အရှုံးပေါ်ခြင်းမှာ ကော်ပိုရိတ်ပြုလုပ် ခြင်းကြောင့်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ပြောကြား
………………………………………………………

နေပြည်တော်၊ ဇူလိုင် ၂၂

လစာပေးစရာပင်မကျန်ဖြစ်ခဲ့ရသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အရှုံးပေါ်ခြင်းမှာ ကော်ပိုရိတ်ပြုလုပ် ခြင်းကြောင့် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။

နေပြည်တော်တွင် ဇူလိုင်၂၂ ရက်ကျင်းပသည့်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အရှုံးပေါ်ရသည့်ဌာန ၆ ခု အကြောင်းအား ရှင်းလင်းရာတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့် စင်မောင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအကြောင်းပြောရရင် ၂၀၁၃-၁၄ ကနေပြီးတော့ ဘာမှအဆင်သင့်မဖြစ်သေး ဘဲနဲ့ ဘတ်ဂျက်အပြင်ကနေ ဆောင်ရွက်ခဲ့တယ်။ အရင်းအနှီးဆိုပြီးတော့ ၅ ဘီလီယံကနေ ၆ ဘီလီယံထိပေးခဲ့ တယ်။ ၂၀၁၆-၁၇ကျွန်တော်တို့အစိုးရလက်ထက်ရောက်တဲ့အခါမှာ ဝန်ထမ်းတွေကိုလစာပေးစရာမကျန်တော့ တဲ့အတွက်ကြောင့်မို့လို့ ဥပဒေကိုကမန်းကတမ်းပြင်ဆင် ဒီလွှတ်တော်ကဘဲပြင်ဆင်ပေးခဲ့တာ။ အဲဒီပြင်ဆင်ပေး ခဲ့တဲ့ ဥပဒေနဲ့အညီဘတ်ဂျက်အတွင်းကို ပြန်လည်ထည့်သွင်းပြီးတော့ အစိုးရပေါ်မှာ ပြန်လည်မှီခိုခဲ့ရပါတယ်။ ရေယာဉ်သစ်ဆိုလို့လည်းပဲ ရန်ကုန်-ဒလကူးတို့ ၃ စီး၊ ရခိုင်ပြည်နယ်အတွက် ဂျပန်အစိုးရကအကူအညီပေးတဲ့ သင်္ဘော၃စီးပဲရှိပါတယ်။ အားလုံးနီးပါးက အိုဟောင်းယိုယွင်းနေတဲ့ရေယာဉ်တွေပါပဲ။ ဝန်ထမ်းဦးရေကတော့ အရင်တုန်းက ၈၀၀၀ ကျော်ရှိခဲ့ရာကနေ အခုတော့ ၃၀၀၀ လောက်ပဲ ကျန်ပါတော့တယ်။ တကယ့်အဖြေက တော့ တစ်စိတ်တစ်ပိုင်းကော်ပိုရိတ်ပြုလုပ်ခြင်းနဲ့ တစ်ခုလုံးကော်ပိုရိတ်ပြုလုပ်ခြင်းဟာ အဖြေဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ဝန်ထမ်းလစာစရိတ်က ၅ ဒသမ ၄ ဘီလီယံ၊ ပြင်ဆင်စရိတ်က ၄ ဘီလီယံ၊ တန်ဖိုးလျှော့ ၂ ဒသမ ၆ ဘီလီယံရှိခဲ့ပြီး ၎င်း ၃ ခုပေါင်းပါက ကုန်ကျစရိတ်စုစုပေါင်း၏ ၈၃ ဒသမ ၂၆ ရာခိုင်နှုန်းဖြစ်ကာ ဝင်ငွေမှာ ၅ ဘီလီယံသာရှိသောကြောင့် အရှုံးပေါ်ကြောင်းပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က ပြောသည်။

“၂၀၁၉-၂၀မှာဘာလုပ်သလဲဆိုတော့ ဒီပြင်ဆင်ထိန်းသိမ်းစရိတ်တွေကများပြီးတော့ ဈေးကွက်လုံးဝမရှိတဲ့ စီးပွားရေးတွက်ခြေမကိုက်တဲ့ရေယာဉ်ဟောင်းတွေကို ဌာနပိုင်စာရင်းကနေ ပယ်ဖျက်နိုင်အောင် ဘဏ္ဍရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ ပြင်ဆင်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကထပ်မံပြောသည်။

#PeopleMedia


Share this post