• Follow Us on

Home လစ္ဗ်ားက လက္စားေခ်တိုက္ခိုက္မႈေၾကာင့္ ဘဂၤလားေဒ့ရွ္ ေရႊ႕ေျပာင္းအေျခခ်သူ ၂၆ ေယာက္ေသဆုံး

လစ္ဗ်ားက လက္စားေခ်တိုက္ခိုက္မႈေၾကာင့္ ဘဂၤလားေဒ့ရွ္ ေရႊ႕ေျပာင္းအေျခခ်သူ ၂၆ ေယာက္ေသဆုံး

Share this post

ထရီပိုလီ၊ ေမ ၂၉

လစ္ဗ်ားႏိုင္ငံက လူကုန္ကူးသူတစ္ေယာက္က သူေသဆုံးလို႔ လက္စားေခ်တဲ့အေနနဲ႔ ေရႊ႕ေျပာင္းလုပ္သား အေယာက္ ၃၀ ကိုသတ္ျဖတ္ခဲ့ၿပီး ၂၆ ေယာက္က ဘဂၤလားေဒ့ရ္ွႏုိင္ငံသားေတြျဖစ္ပါတယ္။

မစ္ဇ္ဒါၿမိဳ႕မွာ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာလို႔ လစ္ဗ်ားရဲ႕ ႏိုင္ငံတကာအသိအမွတ္ျပဳ တစ္ႏိုင္ငံလုံးစာခ်ဳပ္အစိုးရ (GNA)က ၾကာသပေတးေန႔မွာထုတ္ျပန္ပါတယ္။

ထရီပိုလီၿမိဳ႕က သံ႐ုံးနဲ႔ ဆက္သြယ္ဖို႔ႀကိဳးစားေနတယ္လို႔ ဘဂၤလားေဒ့ရ္အရာရွိေတြကေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံသား ၂၆ ေယာက္နဲ႔ အာဖရိကေရႊ႕ေျပာင္းသူ ၄ ေယာက္တို႔အသတ္ခံခဲ့ရၿပီး အသက္ရွင္ က်န္တဲ့ဒဏ္ရာရသူ ၁၁ ေယာက္ကို ဇင္တန္ၿမိဳ႕ကေဆး႐ုံကို ေခၚသြားတယ္လို႔ GNA ျပည္ထဲေရး၀န္ႀကီးဌာနက ထုတ္ျပန္တယ္ဆိုၿပီး ႐ိုက္တာသတင္ေအဂ်င္စီကေဖာ္ျပပါတယ္။

ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး လိုက္လံစုံစမ္းေနတယ္လို႔ ႏိုင္ငံတကာေရႊ႕ေျပာင္းအေျခခ်မႈဆိုင္ရာအဖြဲ႕ IOM ကေျပာပါ တယ္။

လစ္ဗ်ားဟာ ေလာင္စာဆီေၾကာင့္စီးပြားေရးေကာင္းတာနဲ႔ ေျမထဲပင္လယ္ကိုေက်ာ္ျဖတ္ၿပီး ဥေရာပကိုေရာက္ဖို႔ ႀကိဳးစားၾကတဲ့လူေတြအတြက္ ၾကားျဖတ္လမ္းျဖစ္ေနတာတို႔ေၾကာင့္ ေရႊ႕ေျပာင္းအေျခခ်သူေတြရဲ႕ ရည္မွန္းခ်က္ ေနရာျဖစ္ပါတယ္။

Ref : 26 Bangladeshis killed in Libya revenge attack

#PeopleMedia

(unicode)
လစ်ဗျားက လက်စားချေတိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းအခြေချသူ ၂၆ ယောက်သေဆုံး
……………………………………………………

ထရီပိုလီ၊ မေ ၂၉

လစ်ဗျားနိုင်ငံက လူကုန်ကူးသူတစ်ယောက်က သူသေဆုံးလို့ လက်စားချေတဲ့အနေနဲ့ ရွှေ့ပြောင်းလုပ်သား အယောက် ၃၀ ကိုသတ်ဖြတ်ခဲ့ပြီး ၂၆ ယောက်က ဘင်္ဂလားဒေ့ရ်ှနိုင်ငံသားတွေဖြစ်ပါတယ်။

မစ်ဇ်ဒါမြို့မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ လစ်ဗျားရဲ့ နိုင်ငံတကာအသိအမှတ်ပြု တစ်နိုင်ငံလုံးစာချုပ်အစိုးရ (GNA)က ကြာသပတေးနေ့မှာထုတ်ပြန်ပါတယ်။

ထရီပိုလီမြို့က သံရုံးနဲ့ ဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရ်အရာရှိတွေကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၆ ယောက်နဲ့ အာဖရိကရွှေ့ပြောင်းသူ ၄ ယောက်တို့အသတ်ခံခဲ့ရပြီး အသက်ရှင် ကျန်တဲ့ဒဏ်ရာရသူ ၁၁ ယောက်ကို ဇင်တန်မြို့ကဆေးရုံကို ခေါ်သွားတယ်လို့ GNA ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်ဆိုပြီး ရိုက်တာသတင်အေဂျင်စီကဖော်ပြပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လိုက်လံစုံစမ်းနေတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းအခြေချမှုဆိုင်ရာအဖွဲ့ IOM ကပြောပါ တယ်။

လစ်ဗျားဟာ လောင်စာဆီကြောင့်စီးပွားရေးကောင်းတာနဲ့ မြေထဲပင်လယ်ကိုကျော်ဖြတ်ပြီး ဥရောပကိုရောက်ဖို့ ကြိုးစားကြတဲ့လူတွေအတွက် ကြားဖြတ်လမ်းဖြစ်နေတာတို့ကြောင့် ရွှေ့ပြောင်းအခြေချသူတွေရဲ့ ရည်မှန်းချက် နေရာဖြစ်ပါတယ်။

Ref : 26 Bangladeshis killed in Libya revenge attack

#PeopleMedia


Share this post