• Follow Us on

Home လစ်ဗျားတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ ဒရုန်းတစ်စင်းပျောက်ဆုံး


Share this post







(Unicode)
လစ်ဗျားတွင် အမေရိကန်စစ်ဘက်ဆိုင်ရာ ဒရုန်းတစ်စင်းပျောက်ဆုံး
………………………………………………………

အမေရိကန်တပ်ဖွဲ့က လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ ဒရုန်းတစ်စင်းဟာ လစ်ဗျားမှာ ပျောက်ဆုံးခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က နိုဝင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အဆိုပါဒရုန်းဟာ မြို့တော် ထရီပိုလီဝေဟင်နယ်နိမိတ်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး အသေးစိတ်အကြောင်း အရင်းကိုတော့ ပင်တဂွန်က ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

လစ်ဗျားမှာ ကုလက အသိအမှတ်ပြုထားတဲ့ အစိုးရကို နည်းပညာမြင့် စစ်လက်နက်တပ်ဆင်ထားတဲ့ သူပုန် အဖွဲ့တွေက ပုန်ကန်လျက်ရှိနေပါတယ်။

အမေရိကန်ဟာ လစ်ဗျားအစိုးရနဲ့ သူပုန်တို့ကြား တိုက်ပွဲများကို စောင့်ကြည့်လျက်ရှိနေပြီး ပြီးခဲ့တဲ့ စက်တင် ဘာလမှာ လစ်ဗျားက IS အကြမ်းဖက်အဖွဲ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ထားပါတယ်။

Ref; https://www.dailymail.co.uk/

#PeopleMedia #International


Share this post