• Follow Us on

Home လစ်ဗျားနိုင်ငံ ထရီပိုလီအစိုးရရုံးများကို လက်နက်ကိုင်တပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ထား

လစ်ဗျားနိုင်ငံ ထရီပိုလီအစိုးရရုံးများကို လက်နက်ကိုင်တပ်ဖွဲ့များ ဝိုင်းပတ်ပိတ်ဆို့ထား

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၆ (People Media)

 

လစ်ဗျားနိုင်ငံ ထရီပိုလီမြို့တော်ရှိ အစိုးရရုံးခန်းများကို လက်နက်ကိုင်တပ်ဖွဲ့များက ဝိုင်းထားပြီး လာမည့်သမ္မတ ရွေးကောက်ပွဲကို ဖျက်သိမ်းရန် ခြိမ်းခြောက်နေကြောင်း သိရသည်။

 

အစိတ်အစိတ်အမွှာမွှာဖြစ်နေသော အာဖရိကနိုင်ငံ လစ်ဗျားတွင် ရွေးကောက်ပွဲမှာ ငြိမ်းချမ်းရေးအတွက် အဓိက ဖြစ်စဉ်တစ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ယူဆထားသည်။

 

လစ်ဗျားနိုင်ငံ၏ အမျိုးသားညီညွတ်ရေးကြားဖြတ်အစိုးရ (GNU) ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘီဘက်၏ ရုံးအပြင် ဘက်နှင့် သမ္မတရုံးကောင်စီ၏ အကြီးအကဲ မိုဟာမက်အယ်လ်မန်ဖီတို့၏ ရုံးအပြင်ဘက်တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များနှင့် လက်နက်များတပ်ဆင်ထားသည့်ယာဉ်များကို ဒီဇင်ဘာလ ၁၆ ရက်နေ့ အစောပိုင်းက ဓာတ်ပုံ များနှင့် ဗီဒီယိုဖိုင်များတွင် တွေ့မြင်နေရသည်။

 

ထရီပိုလီစစ်ဒေသအကြီးအကဲဖြစ်သူ အက်ဒယ်လ်ဘာဆက်မာဝန်ကို ဝန်ကြီးချုပ် အဗ္ဗဒူဟာမစ်ဒီဘီဘက်က ရာထူးမှဖြုတ်ချလိုက်ပြီးနောက် ယခုကဲ့သို့ အစိုးရရုံးများကို ဝိုင်းပတ်ပိတ်ဆို့မှုများဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

လစ်ဗျားနိုင်ငံရှိ အခြားစစ်သွေးကြွခေါင်းဆောင်နှစ်ဦးဖြစ်သော ဂါနိုင်ဝါအဖွဲ့မှ အက်ဒယ်လ်ဂါနီအယ်လ်ကီကီနှင့် နာဝါဆီအဖွဲ့မှ မတ်စတာဖာအီဘရာဟင်ဂတ်ဒါတို့က ရွေးကောက်ပွဲကျင်းပမည့်ဆုံးဖြတ်ချက်ကိုကန့်ကွက်ရန်အ တွက် သမ္မတနန်းတော်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

 

ထရီပိုလီမြို့ရှိအစိုးရရုံးအားလုံးကိုပိတ်ထားလိုက်ပြီဖြစ်ပြီး သမ္မတရွေးကောက်ပွဲကျင်းပတော့မည်မဟုတ်ကြောင်း စစ်သွေးကြွအဖွဲ့တစ်ဖွဲ့ဖြစ်သည့် အယ်လ်ဆာမွတ်ဘရီဂိတ်က ကြေညာလိုက်ကြောင်း Al-Arabiya သတင်းဌာန က ကြေညာခဲ့သည်။

 

ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားသော လစ်ဗျားရွေးကောက်ပွဲမှာ အငြင်းပွားမှုများနှင့် ရင်ဆိုင် နေရသည်။ ဝန်ကြီးချုပ် ဒီဘီဘက်က ၎င်းအနေဖြင့် သမ္မတရာထူးအတွက် ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်သဖြင့် ရွေးကောက်ပွဲအတွက် ဥပဒေအရ လက်ရှိရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ပြော ဆိုလိုက်သည်။

 

လစ်ဗျားအရှေ့ပိုင်း တိုဘရက် (Tobruk) မှ စင်ပြိုင်အစိုးရတပ်မတော်ကို အုပ်ချုပ်နေသည့် ဗိုလ်ချုပ်ကြီးခာလီ ဖာဟက်တာသည် အမေရိကန်နိုင်ငံသားခံယူထားသူဟု စွပ်စွဲခံထားရပြီး သမ္မတလောင်းအရည်အချင်းမပြည့်မီ ဟုပြောသော်လည်း ယင်းပြောကြားချက်ကို ဗိုလ်ချုပ်ကြီးခာလီ ဖာဟက်တာက ငြင်းဆိုထားသည်။

 

ရွေးကောက်ပွဲကော်မရှင်က ကဒါဖီ၏သားဖြစ်သူ ဆာ့ဖ်အယ်လ်အစ္စလာမ်ကဒါဖီကိုလည်း သမ္မတလောင်းအဖြစ် အရည်အချင်းမပြည့်မီဟု လွန်ခဲ့သည့်လက ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ပြင်ဆင်ပြော ကြားခဲ့သည်။

 

ဆာ့ဖ်အယ်လ်အစ္စလာမ်ကဒါဖီ၏ ဖခင်ဖြစ်သူ မူမာကဒါဖီစသည် ၂၀၁၁ ခုနှစ်တွင် နေတိုးအဖွဲ့ကထောက်ပံ့ထား သည့် လူထုအုံကြွမှုအတွင်း အသတ်ခံခဲ့ရသည့်အချိန်မတိုင်မီအထိ လစ်ဗျားနိုင်ငံကို နှစ်ပေါင်း ၄၀ ကျော် အုပ် ချုပ်ခဲ့သူုဖြစ်သည်။

 

Ref: WATCH: Armed men surround Tripoli government HQ

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 

Ref: WATCH: Armed men surround Tripoli government HQ

 

#PeopleMedia


Share this post