• Follow Us on

Home လန်ဒန်မြို့အဓိကဗလီမှာ ဦးဆောင်ဝတ်ပြုဆုတောင်းသူကို ဓားနဲ့ဝင်ထိုး၊ လူသတ်ရန်ကြံစည်မှုနဲ့ စုံစမ်းစစ်ဆေး နေ


Share this post

လန်ဒန်၊ ဖေဖော်ဝါရီ ၂၁






Source – CNN

Photo – CNN


(Unicode)
လန်ဒန်မြို့အဓိကဗလီမှာ ဦးဆောင်ဝတ်ပြုဆုတောင်းသူကို ဓားနဲ့ဝင်ထိုး၊ လူသတ်ရန်ကြံစည်မှုနဲ့ စုံစမ်းစစ်ဆေး နေ
……………………………………………………

လန်ဒန်၊ ဖေဖော်ဝါရီ ၂၁

ကြာသပတေးနေ့က လန်ဒန်မြို့မှာရှိတဲ့ အဓိကဗလီမှာ ဦးဆောင်ဝတ်ပြုသူ ဓားနဲ့ အထိုးခံရပြီးတဲ့နောက် လူ သတ်ရန် ကြံစည်မှုနဲ့ လူတစ်ယောက်ကို ရဲတွေက ဖမ်းဆီးစစ်ဆေးနေပါတယ်။

ဗလီမှာ အခင်းဖြစ်ပွားတယ်ဆိုတဲ့သတင်းအရ ရဲတွေသွားခဲ့ရာမှာ အသက် ၇၀ ဝန်းကျင်ရှိနေတဲ့ လူတစ်ယောက် ကို ဓားဒဏ်ရာတွေနဲ့တွေ့ရတယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဓားထိုးခံရသူကို ဆေးရုံခေါ်သွားပြီး သူ့ဒဏ်ရာတွေဟာလည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမဟုတ် ဘူးလို့လည်း ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒီဖြစ်ရပ်ဟာ အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ဖြစ်ရပ်မဟုတ်ဘူးလို့လည်းပြောပါတယ်။

အခင်းဖြစ်ပွားချိန်မှာ ဝတ်ပြုနေသူ ၁၀၀ လောက်ရှိပြီး တိုက်ခိုက်တဲ့လူဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေကလည်း ဗလီမှာလာပြီးဝတ်ပြုတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။

Source – CNN

Photo – CNN

#PeopleMedia #MosqueStabbing #London


Share this post