• Follow Us on

Home လပြတၱာၿမိဳ႕နယ္ NLD ပါတီ ေရြးေကာက္ပြဲအနိုင္ရကိုယ္စားလွယ္ ၄ ဦးႏွင့္ ပါတီဝင္ ၁၇ ဦး COVID-19 ကူး စက္ခံရ

လပြတၱာၿမိဳ႕နယ္ NLD ပါတီ ေရြးေကာက္ပြဲအနိုင္ရကိုယ္စားလွယ္ ၄ ဦးႏွင့္ ပါတီဝင္ ၁၇ ဦး COVID-19 ကူး စက္ခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္ NLD ပါတီ ကိုယ္စားျပဳ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အနိုင္ရရခဲ့သည့္ ကိုယ္စားလွယ္ (၄)ဦးႏွင့္ ပါတီဝင္ ၁၇ ဦးထိ COVID-19 ေရာဂါပိုးေတြ႕ရွိထားေၾကာင္း လပြတၱာၿမိဳ႕နယ္ တိုင္း ေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းလွက ေျပာသည္။

ဒီဇင္ဘာလဆန္းပိုင္း၌ လပြတၱာၿမိဳ႕နယ္ NLD ပါတီမွ ႐ုံးဝန္ထမ္းတစ္ဦးသည္ COVID-19 ေရာဂါပိုး စတင္ေတြ႕ရွိ ခဲ့ျခင္းမွစ၍ က်န္ပါတီဝင္မ်ားပါ ကူးစက္လာျခင္းျဖစ္သည္။

“႐ုံးက ကြန္ပ်ဴတာကိုင္တဲ့ ေကာင္ေလးကေန ထိဆက္ၿပီး ကူးတာပါ” ဟု ၎က ေျပာသည္။

လပြတၱာၿမိဳ႕နယ္ NLD ပါတီမွ ေရြးေကာက္ပြဲေကာက္အနိုင္ရရွိသည့္ ျပည္သူလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးခ်မ္းၿငိမ္းေက်ာ္၊ တိုင္းေဒသႀကီး အမွတ္ (၁) မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေအာင္ေက်ာ္စိုး၊ တိုင္းေဒသႀကီး အမွတ္ (၂) မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ဦးေက်ာ္ဝင္းတို႔ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။

COVID-19 ေရာဂါပိုးေတြ႕ရွိသည့္ လပြတၱာၿမိဳ႕နယ္ NLD ပါတီဝင္မ်ားကို လက္ရွိတြင္ လပြတၱာခရိုင္ ျပည္သူ႔ ေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူေနလ်က္ရွိၿပီး စိုးရိမ္စရာအေျခအေနမရွိသလို ပါတီဝင္ အခ်ိဳ႕သည္ Quarantine Centre ဝင္ေရာက္ေနလ်က္သည္။

#PeopleMedia #လပြတၱာ #NLD #COVID

(unicode)
လပွတ္တာမြို့နယ် NLD ပါတီ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄ ဦးနှင့် ပါတီဝင် ၁၇ ဦး COVID-19 ကူး စက်ခံရ
………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် NLD ပါတီ ကိုယ်စားပြု ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရခဲ့သည့် ကိုယ်စားလှယ် (၄)ဦးနှင့် ပါတီဝင် ၁၇ ဦးထိ COVID-19 ရောဂါပိုးတွေ့ရှိထားကြောင်း လပွတ္တာမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှက ပြောသည်။

ဒီဇင်ဘာလဆန်းပိုင်း၌ လပွတ္တာမြို့နယ် NLD ပါတီမှ ရုံးဝန်ထမ်းတစ်ဦးသည် COVID-19 ရောဂါပိုး စတင်တွေ့ရှိ ခဲ့ခြင်းမှစ၍ ကျန်ပါတီဝင်များပါ ကူးစက်လာခြင်းဖြစ်သည်။

“ရုံးက ကွန်ပျူတာကိုင်တဲ့ ကောင်လေးကနေ ထိဆက်ပြီး ကူးတာပါ” ဟု ၎င်းက ပြောသည်။

လပွတ္တာမြို့နယ် NLD ပါတီမှ ရွေးကောက်ပွဲကောက်အနိုင်ရရှိသည့် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချမ်းငြိမ်းကျော်၊ တိုင်းဒေသကြီး အမှတ် (၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကျော်စိုး၊ တိုင်းဒေသကြီး အမှတ် (၂) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ဝင်းတို့ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

COVID-19 ရောဂါပိုးတွေ့ရှိသည့် လပွတ္တာမြို့နယ် NLD ပါတီဝင်များကို လက်ရှိတွင် လပွတ္တာခရိုင် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေလျက်ရှိပြီး စိုးရိမ်စရာအခြေအနေမရှိသလို ပါတီဝင် အချို့သည် Quarantine Centre ဝင်ရောက်နေလျက်သည်။

#PeopleMedia #လပွတ္တာ #NLD #COVID


Share this post