• Follow Us on

Home လမ်းကြုံလိုက်သည် ကျောင်းသား/သူ (၃)ဦးကို ယာဉ်မှန်တံခါးနှင့် လိုက်ကာများ ပိတ်ကာ ပုဆိုးလှန်ပြီး ၄င်း၏တန်ဆာအား လက်ဖြင့် ကိုင်ပြသော ယာဉ်မောင်းအား ပဲခူးတိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီ

လမ်းကြုံလိုက်သည် ကျောင်းသား/သူ (၃)ဦးကို ယာဉ်မှန်တံခါးနှင့် လိုက်ကာများ ပိတ်ကာ ပုဆိုးလှန်ပြီး ၄င်း၏တန်ဆာအား လက်ဖြင့် ကိုင်ပြသော ယာဉ်မောင်းအား ပဲခူးတိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးလိုက်ပြီ

Share this post

ရန်ကုန်၊သြဂုတ်-၂၀

လမ်းကြုံလိုက်သည် ကျောင်းသား/သူ (၃)ဦးကို ယာဉ် မှန်တံခါးများ၊ လိုက်ကာများ ပိတ်ကာ ပုဆိုး လှန်ပြီး ၄င်း၏ တန်ဆာအား လက်ဖြင့် ကိုင်ပြသော ယာဉ်မောင်းအား ဖမ်းဆီးလိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သြဂုတ်လ ၁၉ ရက်၌ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ သြဂုတ်-၁၉ရက်နေ့ နံနက် (၇) အချိန်၌ မ×××× (၁၄) နှစ်၊ (၉)တန်း၊ မ ×××× (၁၄)နှစ်၊ (၉)တန်း၊ မောင်×××× (၁၂) နှစ်၊ (၇) တန်းတို့ (၃)ဦးသည် ကျောင်းတက် ရန်အတွက် ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၄၅/၁ နှင့် ၂ အကြားတွင် ယာဉ်မောင်း ဝင်းမော် (၂၄) နှစ်၊ အင်းစိန်မြို့နယ်နေသူ မောင်းနှင်သည့် ယာဉ်ဖြင့် လမ်းကြုံ လိုက်ပါခဲ့သည်။

ထိုနောက် ကျွဲပွဲမြို့၊ ကျောက်တလင်းနှင့် တဲကြီးကုန်း ကျေးရွာအကြား၊ ရန်ကုန်-မန္တလေးပုံမှန် ကားလမ်း၊ မိုင်တိုင်အမှတ် ၁၄၆/၂ နှင့် ၃ အကြား အရောက် ယာဉ်မောင်း ဖြစ်သူ ဝင်းမော်မှ ယာဉ်အား ရပ်တန့်ကာ မှန်တံခါးများ၊ လိုက်ကာများ ချပိတ်သဖြင့် ၄င်းတို့ (၃)ဦးမှာ ကြောက်လန့် ပြီး ကားပေါ်မှ အတင်းဆင်းရန် ပြင်ဆင်စဉ် ဝင်းမော်မှ ကားတံခါးအား ဖွင့်ပေးခြင်းမရှိဘဲ ပုဆိုး လှန်ကာ ၄င်း၏ တန်ဆာအား လက်ဖြင့် ကိုင်ပြသောကြောင့် ကျောင်းသား/သူများသည် ကားမှန် ပြုတင်းပေါက်မှတစ်ဆင့် အတင်း တိုးဝှေ့ ခုန်ချ ဆင်းပြေးခဲ့ရာ ကားမှာ ဆက်လက် မောင်းထွက်သွားခဲ့ပါသည်။

၎င်းတို့ (၃)ဦးမှ လမ်းတွင် တွေ့ရှိသည့် ဆိုင်ကယ်မောင်းနှင်သူအား အကူအညီ တောင်းခံခဲ့ရာ ၄င်း အမျိုးသားမှ ရဲတပ်ဖွဲ့သို့ဆက်လက်အကြောင်းကြားပေးခဲ့ပါသည်။၎င်းတို့ (၃)ဦးသည် မိဘများနှင့်အတူ ကျွဲပွဲနယ်မြေရဲစခန်းတွင် နေ့လည် (၁း၄၀)အချိန်၌ လာရောက်တိုင်တန်းခဲ့ရာ ကျွဲပွဲနယ်မြေရဲစခန်း (ပ) ၈ဝ/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၄၁/၅ဝ၉ ဖြင့် အမှုဖွင့်ဆောင်ရွက်၍ ၄င်းယာဉ်နှင့် ယာဉ်မောင်းအား ဖမ်းဆီးရမိရေးအတွက် ဆက်စပ် ရဲစခန်း ဖြစ်သည့်အုတ်တွင်းမြို့မရဲစခန်းသို့ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။

အုတ်တွင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ တရားခံအား ဖမ်းဆီးရမိရေးအတွက် အဆိုပါ ယာဉ်ဖြတ်သန်းရာ ဆက်စပ်ရဲကင်းစခန်းများသို့ ဆက်လက်အကြောင်းကြားပြီး နယ်မြေအတွင်း စုံစမ်းရှာဖွေစဉ် ၁၁၂၅ အချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ဥယာဉ်တော်ကျေးရွာ အုပ်စု၊ မှော်ရော တံတား အနီးတွင် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ပါသည် ။

သို့ဖြစ်၍ လမ်းကြုံလိုက်ပါလာသည့် ကျောင်းသား/သူ (၃)ဦးအား ယာဉ် မှန်တံခါးများ၊ လိုက်ကာများ ချပိတ်ကာ တံခါးဖွင့်ပေးခြင်းမရှိဘဲ မဖွယ်မရာ ပြသခဲ့သည့် တရားခံအား ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်။


Share this post