• Follow Us on

Home လယ်ယာကဏ္ဍထုတ်ကုန်များ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ်နှစ်နိုင်ငံ MOA အဆင့်တိုးမြှင့်စာချုပ် လက်မှတ်ရေးထိုး

လယ်ယာကဏ္ဍထုတ်ကုန်များ ပူးပေါင်းဆောင်ရွက်ရန် မြန်မာ-တရုတ်နှစ်နိုင်ငံ MOA အဆင့်တိုးမြှင့်စာချုပ် လက်မှတ်ရေးထိုး

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၉ (People Media)

 

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ လယ်ယာကဏ္ဍထုတ်ကုန်များအတွက် ကျယ်ကျယ်ပြန့်ပြန့်ပူးပေါင်း ဆောင်ရွက်နိုင် ရန် MOU အဆင့်မှ MOA အဆင့်တိုးမြှင့်ချုပ်ဆိုခြင်းစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ CITIC Group နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ယခုချုပ်ဆိုမည့် Memorandum of Agreement တွင် ရေရှည်ညှိနှိုင်းဆောင်ရွက်ရမည့် လယ်ယာဏ္ဍ၌ ရင်းနှီး မြှုပ်နှံမှုများကို ဆောင်ရွက်ခြင်းအပြင် ကာလတိုတွင် အကျိုးရှိပြီး ချက်ချင်းဖော်ဆောင်နိုင်မည့် ကုန်သွယ်မှု အပိုင်းကိုပါ ထည့်သွင်းထားခြင်းသည် ပိုမိုကောင်းမွန်အကျိုးရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ MOA အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓါတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးအားပေးပါကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင် ဆောင်ရွက်သည့်နိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့် လယ်ယာ ထွက်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် ဈေးကွက်တည်ငြိမ်မှုရရှိရေးသည် လွန်စွာ အရေးကြီးသည့်ကိစ္စရပ်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် CITIC Group ဥက္ကဋ္ဌ Mr. Chen Xiaojia တို့က အမှာစကားပြောကြားပြီး၊ MOA အဆင့်တိုးမြှင့်ချုပ်ဆိုခြင်းစာချုပ်ကို လက်မှတ်ရေးထိုးကာ အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia #စိုက်ပျိုးရေး #လယ်ယာမြေ #တရုတ်-မြန်မာ

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post